နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘက်စတိုနီကို ယူရို သန်း ၅၀ နဲ့ ခေါ်ယူချင်နေတဲ့ ချဲလ်ဆီး၊ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ရီကို လီဝစ် | ပရီးမီးယားလိဂ်

ဩဂုတ် ၁၉ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီနဲ့ ပတ်သတ်ပြီး စကားပြောဆိုထားကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ဘက်စတိုနီကို ယူရို သန်း ၅၀ (ပေါင် ၄၃.၂ သန်း၊ ဒေါ်လာ ၅၈.၅ သန်း) နဲ့ ခေါ်ယူလိုပေမယ့်လည်း အင်တာမီလန် ကတော့ ပိုမို မြင့်မားတဲ့ အခကြေးငွေ လိုချင်နေကြောင်း သိရပါတယ်။ 

နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီ ကတော့ အထောင် တိုက်စစ်မှူး ရိုမယ်လူ လူကာကူကို ဒဏ်ရာကြောင့် လအတော်ကြာ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ကစားသမားသစ် ရှာဖွေရဖို့ ရှိနေကြောင်း သိရပါတယ်။ စီးရီးအေ ကလပ်ဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးကို ထိပ်တန်း တိုက်စစ်မှူး အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ 

နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ လစ်ဗာပူးလ် အနေနဲ့ နောက်ထပ် တစ်ပတ်သာ စောင့်ဆိုင်းတော့မှာ ဖြစ်ကြောင်း သတိပေးထားတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ လစ်ဗာပူးလ်ဟာ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ်ဂူဟီကို ခေါ်ယူဖို့ အတွက် ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အင်္ဂလန်သား ကိုတော့ လစ်ဗာပူးလ် အပြင် အင်တာမီလန် ကလည်း စိတ်ဝင်စားနေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆန္ဒ ရှိနေကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ ဝီလီယမ် ဆလီဘာ အတွက် ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီး ပြင်သစ်သားကို ဘယ်လိုနည်းနဲ့မှ ရောင်းထုတ်မှာ မဟုတ်ကြောင်း သတိပေးလိုက်တယ်လို့ သိရပါတယ်။ 

ရီကို လီဝစ် ကိုတော့ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ တစ်ဝှမ်းမှာ ရှိတဲ့ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ရီကို လီဝစ်ကို မှန်ကန်တဲ့ ကမ်းလှမ်းမှု ရရင် ရောင်းထုတ်သွားဖွယ် ရှိနေတဲ့ မန်ချက်စတာစီးတီး

အာဆင်နယ်နဲ့ မန်စီးတီး တို့ရဲ့ တာဝန်ရှိသူတွေ ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ရိုဒရီဂိုကို ပြီးခဲ့တဲ့ သီတင်းတစ်ပတ် အကုန်က ဆက်သွယ် မေးမြန်းခဲ့ကြောင်း သိရပါတယ်။ ဂန်းနားတွေ ကတော့ အသင်းမှာ နေရာလွတ်တွေ အရင်ဆုံး ရှာဖွေဖို့ ကြိုးစားနေရပြီး အဆင်ပြေရင်တော့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

မန်စီးတီး ကတော့ ရိုဒရီဂို အနေနဲ့ ဒီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာမယ် ဆိုရင် တစ်ပတ်ခန့် အချိန်ယူဖို့ အတွက် အကြောင်းကြားထားတယလို့ သိရပါတယ်။ လက်ရှိ အချိန်ထိတော့ ရိုဒရီဂိုက ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။

ထရီဗော့ ချာလိုဘာ့ရ် ကတော့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ချဲလ်ဆီး ကနေ ထွက်ခွာသွားနိုင်ကြောင်း သိရပါတယ်။ လက်ရှိမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အငှား အပြောင်းအရွှေ့က ဖြစ်နိုင်ခြေ အရှိဆုံးလို့ သတင်းတွေ ထွက်ပေါ်နေပြီး တစ်ဖက် မှာလည်း အင်တာမီလန် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရီကို လီဝစ် ကိုတော့ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ တစ်ဝှမ်းမှာ ရှိတဲ့ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မန်စီးတီး နောက်ခံလူ ကိုတော့ အက်စတွန်ဗီလာ၊ ဘရိုက်တန်၊ အဲဗာတန်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ အပြင် အက်တလက်တီကိုမက်ဒရစ်၊ ဘေယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ် တို့က ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

ဝက်စ်ဟမ်း ကတော့ ချဲလ်ဆီး ကွင်းလယ် ကစားသမား အန်ဒရီ ဆန်းတို့စ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီအစား ဝက်စ်ဟမ်းက အာဆင်နယ် ကွင်းလယ်လူ ဖာဘီယို ဗီအဲရာ အတွက် စာချုပ်သစ် အတွက် ဆွေးနွေးလျက် ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်