နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီလက်ပ်နဲ့ Here We Go ပြီးနောက် အစ်ကီတစ်ကီ ကိုပါ ဆက်လက် ကြိုးပမ်းဦးမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အစ်ပ်ဆွစ်ချ်တောင်း တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို ခေါ်ယူဖို့ အတွက် အလုံးစုံ သဘောတူညီမှု ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးက ဒီလက်ပ် အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၃၀ ကို ပေးချေသွားမှာ ဖြစ်သလို ကာလရှည် စာချုပ်တစ်ရပ်နဲ့ ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။

အန်ဇို မာရက်စကာရဲ့ စည်းရုံးနိုင်မှုနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တာတွေ ကြောင့် ဒီလက်ပ် အနေနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို သဘောတူညီခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၁ နှစ် အရွယ် လီယမ် ဒီလက်ပ်ရဲ့ ကိုယ်စားလှယ်တွေဟာ ချဲလ်ဆီးနဲ့ စာချုပ်ဆိုင်ရာ အသေးစိတ် အချက်အလက်တွေ အတွက် အပြီးသတ် ဆွေးနွေးနေကြပြီး ချဲလ်ဆီး ဘက်က အပြောင်းအရွှေ့ အတွက် တရားဝင် ကြေညာချက် ထုတ်ပြန်ဖို့သာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးက ဒီလက်ပ်ကို ဦးစားပေး ပစ်မှတ် အဖြစ် မန်ချက်စတာယူနိုက်တက် အပါအဝင် တခြားသော ပြိုင်ဘက်တွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ဝင်စားစရာက ဒီလက်ပ်ဟာ လန်ဒန် ကလပ် အတွက် ဒီနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူမယ့် တစ်ဦးတည်းသော တိုက်စစ်မှူး မဟုတ်ကြောင်း Sky Germany က ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ချဲလ်ဆီးက ဒီလက်ပ်ကို ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ခေါ်ယူဖို့လည်း ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ အစ်ကီတီကီကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေထဲက ဘယ်အသင်း ခေါ်ယူသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လီယမ် ဒီလက်ပ်နဲ့လည်း သဘောတူညီမှု ရရှိထားပြီ ဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီး အနေနဲ့ အစ်ကီတီကီ အတွက် ဆိုရင်တော့ ယူရို သန်း ၁၀၀ တန်ကြေး ရှိတဲ့ ပြောင့်ရွှေ့ကြေး တစ်ရပ် ပေးချေရမှာ ဖြစ်ပါတယ်။ အစ်ကီတစ်ကီဟာ ပြင်သစ် ကလပ် ပီအက်စ်ဂျီမှာ နှစ်နှစ်ကြာ ရုန်းကန်ခဲ့ရပြီးနောက် ဘွန်ဒက်လီဂါကို အရောက်မှာတော့ ပုံစံကောင်း ပြန်လည် ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် ကလပ် ရိုင်းမ်မှာ ကစားသမားဘဝ စတင်ခဲ့တဲ့ အစ်ကီတီကီက ပီအက်စ်ဂျီကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ပီအက်စ်ဂျီမှာ ကီလီယန် အမ်ဘာပေးက ခြေစွမ်းပြနေတာကြောင့် စုစုပေါင်း ၃၃ ပွဲ သာ ပွဲထွက်ခွင့် ရခဲ့ပြီး ၂၀၂၃-၂၄ ဘောလုံး ရသီမှာတော့ ဖရန့်ဖတ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဖရန့်ဖတ်ဟာ ပြင်သစ်သားကို ကနဦး အငှားနဲ့ ခေါ်ယူခဲ့ပြီးမှ ခြေစွမ်း အပေါ်မူတည်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အစ်ကီတီကီဟာ ပြီးခဲ့တဲ့ ရာသီက ဖရန့်ဖတ် အတွက် ၄၈ ပွဲ ကစားရာမှာ ၂၂ ဂိုးသွင်းကာ ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အစ်ကီတီကီကို ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ် ကလည်း စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ်က အသင်းရဲ့ တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို ရောင်းထုတ်ဖို့ သေချာသလောက် ရှိနေတာကြောင့် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ အစ်ကီတီကီကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေထဲက ဘယ်အသင်း ခေါ်ယူသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်