ဇူလိုင်လ ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ အက်စတွန်ဗီလာ ကလည်း အာဂျင်တီးနား လက်ရွေးစင်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီးတော့ ဘေယန်မြူးနစ် ကလည်း ချိတ်ဆက် ဆွေးနွေးမှုတွေ ပြလုပ်နေကြောင်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးက ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ နှစ်သင်းစလုံး ကတော့ ဘာစီလိုနာရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားကို ရွေးချယ်မှု တစ်ခု အဖြစ် စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။
အကယ်၍ လစ်ဗာပူးလ်ဟာ လူးဝစ္စ ဒီးယက်ဇ်ကို ဒီနွေရာသီမှာ ရောင်းချခဲ့ပါက ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ယူရို သန်း ၁၃၀ (ပေါင် ၁၁၂.၆ သန်း) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိကြောင်း Defensa Central က အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနွေရာသီမှာ ပေါင် သန်း ၂၀၀ ကျော် သုံးစွဲထားတဲ့ လစ်ဗာပူးလ် အတွက် ဒီလောက် ပမာဏကို ထပ်မံ သုံးစွဲဖို့ ဆိုတာ တော်တော်လေးတော့ ဖြစ်နိုင်ခြေ နည်းနေပါတယ်။
ဒူဆန် ဗလာဟိုဗစ် ကတော့ ဂျူဗင်တပ်စ် ကနေ ထွက်ခွာမယ် ဆိုရင်တောင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ငြင်းဆိုဖို့ ရှိနေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ အဲဒီအစား ဗလာဟိုဗစ်က အေစီမီလန်မှာ မန်နေဂျာဟောင်း မက်စ် အယ်လီဂရီနဲ့ ပြန်လည် ဆုံတွေ့ဖို့ ပိုမို လိုလားနေကြောင်း သိရပါတယ်။

လစ်ဗာပူးလ် တာဝန်ရှိသူတွေ ကတော့ မကြာသေးခင်က ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဂျင်းန် ဖီးလစ်ပ် မက်တေးတားနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်သား ကတော့ အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ ရှိနေကြောင်း Foot Mercato က ဖော်ပြခဲ့သလို ဒီကစားသမားကို ယူနိုက်တက် ကလည်း လိုက်နေကြောင်း သိရပါတယ်။
ဘေယန်မြူးနစ် ကတော့ ချဲလ်ဆီး တိုက်စစ် ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ညာနောက်ခံလူ မာလို ဂူစတို တို့ကို ခေါ်ယူဖို့ အတွက် စုစုပေါင်း ယူရို သန်း ၁၀၀ (ပေါင် ၈၆.၆ သန်း) ပေးချေရန် အဆင်သင့် ဖြစ်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ဒီလို ကမ်းလှမ်းမှုက ချဲလ်ဆီးကို ဆွဲဆောင်နိုင်ဖို့တော့ ရှိပါတယ်။
ဘရန့်ဖို့ဒ် ကတော့ ဒီနွေရာသီမှာ ဘရိုင်ယန် အမ်ဘူမိုနဲ့ ယိုအာနေး ဝစ်ဆာ နှစ်ဦးစလုံးနဲ့ လမ်းခွဲဖို့ သဘောတူဖွယ် မရှိကြောင်း Sky Sports News က ဖော်ပြခဲ့ပါတယ်။ အမ်ဘူမို ကတော့ ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်နေပြီးတော့ ဝစ်ဆာ ကိုတော့ နယူးကာဆယ်ယူနိုက်တက်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြပါတယ်။
ဗလင်စီယာက ခရစ္စသီယန် မော့စ်ကီယာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း အာဆင်နယ် အနေနဲ့ ပိုလန် လက်ရွေးစင် ယာကုဗ် ခီဗီယောကို လက်လွှတ်သွားမှာ မဟုတ်ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ရဲ့ သိသိသာသာ စိတ်ဝင်စားမှု ခံနေရတဲ့ ဂျိမ်းစ် မက်အတီး ကိုတော့ နော့တင်ဟမ်ဖောရက်စ်က ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ TEAMtalk ရဲ့ ဖော်ပြချက်အရ အင်္ဂလန်သားကို အဲဗာတန်၊ ဖူလ်ဟမ်နှင့် ဝက်စ်ဟမ်းယူနိုက်တက် တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.