မူဒရစ်ခ်ကို ဖြတ်ခုတ်သွားခဲ့တဲ့ ချဲလ်ဆီး၊ ပရိသတ်တွေကို တောင်းပန်ခဲ့တဲ့ ကလော့ပ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၅ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မူဒရစ်ခ်ကို အာဆင်နယ် ဆီကနေ ဖြတ်ခုတ်သွားခဲ့တဲ့ ချဲလ်ဆီး
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ရှက်တာဒိုးနတ် ကြယ်ပွင့် မိုင်ဟေလို မူဒရစ်ခ်ကို ယူရို သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ယူကရိန်း ကြယ်ပွင့်ဟာ အာဆင်နယ်ကို ရောက်ရှိဖို့ သေချာသလောက် ရှိနေခဲ့ပြီးမှ ချဲလ်ဆီးက ကြားဝင်လာကာ ပြောင်းရွှေ့ကြေး အများအပြား ပေးပြီး ခေါ်ယူသွားခဲ့တာပါ။
အစောပိုင်း မှာတော့ မူဒရစ်ခ်က အာဆင်နယ် ကိုသာ ပြောင်းရွှေ့ချင်တယ်လို့ သူ့ရဲ့ လူမှုကွန်ယက်က တဆင့် အရိပ်အမြွက် ပြသခဲ့ပါတယ်။ ဒါပေမယ့် ရှက်တာဒိုးနတ် အလိုရှိတဲ့ ယူရိုသန်း ၁၀၀ ပမာဏကို ပေးချေဖို့ အာဆင်နယ်က ဆန္ဒမရှိခဲ့ဘဲ ပြောင်းရွှေ့ကြေးကြောင့် ကြန့်ကြာနေချိန်မှာ ချဲလ်ဆီးက ကြားဖြတ် ခေါ်ယူဖို့ လုပ်ခဲ့ပြီး ယူကရိန်း ကလပ်နဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။
မူဒရစ်ခ်ဟာ ရှက်တာဒိုးနတ် အတွက် ဒီရာသီမှာ ၁၈ ပွဲ ကစားပြီး ၁၀ ဂိုးအထိ သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ဒီရာသီ သူ့ခြေစွမ်းကြောင့် ချက်ချင်းပဲ နာမည် ကျော်ကြားလာခဲ့ပြီးချိန်မှာ ဥရောပ အသင်းကြီးတွေက စိတ်ဝင်စားလာခဲ့ပြီး ရှက်တာဒိုးနတ် ကလည်း များပြားလှတဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အိမ်ကွင်း ပွဲစဉ် ၉ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီပွဲမှာ အသင်း အတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးက ဂရီးလစ်ရှ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်က ဖာနန်ဒက်စ်ရဲ့ ချေပဂိုးနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အနိုင်ဂိုးတွေကို အချိန်တို အတွင်းမှာ ပြန်လည် သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။




ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့ ချေပဂိုး မှာလည်း သူ့ရဲ့ ပါးနပ်တဲ့ လှုပ်ရှားမှုနဲ့ ပါဝင်နိုင်ခဲ့သလို ကိုယ်တိုင် ကလည်း အဖိုးတန် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ အိုးထရက်ဖို့ဒ်မှာ ၉ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒါဟာ အသင်း သမိုင်းမှာ နှစ်ပေါင်း ၆၄ နှစ် အတွင်း အခုလို စွမ်းဆောင်နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ကတော့ ၁၆ ဂိုး အထိ ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက် ကစားသမား ဘ၀မှာ သူက တစ်ရာသီ အတွင်း ပြိုင်ပွဲစုံ သွင်းဂိုး ၂၂ ဂိုး အထိ ရရှိထားခဲ့တာ ဖြစ်ပြီး အဆိုပါ စံချိန်ကို လိုက်မီဖို့ အတွက် ရက်ရှ်ဖို့ဒ်က ၆ ဂိုးတည်းသာ လိုအပ်တော့တာ ဖြစ်ပါတယ်။
ဘရိုက်တန်ကို အရေးနိမ့်ခဲ့လို့ ပရိသတ်တွေကို တောင်းပန်ခဲ့တဲ့ ကလော့ပ်
လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ် ကတော့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် အသင်း ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာလည်း ဘရိုက်တန်ကို အိမ်ကွင်းမှာ ၃ ဂိုးစီနဲ့ သရေသာ ကစားနိုင်ခဲ့တဲ့ လစ်ဗာပူးလ်ဟာ အခုပွဲ မှာလည်း ခြေပြတ် ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
တစ်ပွဲလုံးမှာ ဘရိုက်တန် ကတောင် အသင်းကြီးအလား ထင်မှတ်ခဲ့ရပြီး လစ်ဗာပူးလ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဘရိုက်တန် ကစားသမား တစ်ဦးချင်းစီက လစ်ဗာပူးလ် ကစားသမားတွေထက် ပိုမို ကောင်းမွန်နေခဲ့ပြီး အခွင့်အရေး ရချိန်တိုင်းမှာ လက်မလွတ်စတမ်း အသုံးချနိုင်ခဲ့တာကြောင့် ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီး မှာတေ့ာ ကလော့ပ်က အသင်းကို လိုက်ပါ အားပေးခဲ့တဲ့ ပရိသတ်တွေဘက် လှည့်ကာ ခါးကိုင်းပြီး တောင်းပန်တဲ့ အမူအယာ လုပ်ပြခဲ့ပါတယ်။ ဒါ့အပြင်” ဒီနေ့မှာ ကျနော့် အသင်းက အရမ်းဆိုးဝါးခဲ့တယ်၊ ဒီမတိုင်ခင်မှာ ဒီလောက်ဆိုးဝါးတဲ့ လစ်ဗာပူးလ် အသင်းကို ကျနော် မမြင်ဖူးခဲ့ဘူး” လို့ ကလော့ပ်က ဝန်ခံခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.