နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျိုရဲလ် ဟာတိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်လိုက်တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ချဲလ်ဆီး ကတော့ ဒီနွေမှာ ဥရောပ ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေတဲ့ အေဂျက်စ် နောက်ခံလူ ဂျိုရဲလ် ဟာတိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်လိုက်ပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီမှာ ကစားသမားသစ် ၆ ဦး ခေါ်ယူထားပြီး ဖြစ်ပေမယ့် ခံစစ်ပိုင်းကို ထပ်မံ အင်အား ဖြည့်တင်းချင်နေသေးတာ ဖြစ်ပါတယ်။

ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးက ခံစစ်ပိုင်း အတွက် မာမာဒူ ဆား တစ်ဦး ကိုသာ ခေါ်ယူထားရသေးပြီး ထပ်မံ အင်အား ဖြည့်တင်းဖို့ လိုအပ်တယ်လို့ ရှုမြင်ထားတာ ဖြစ်ပါတယ်။ talkSPORT ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ချဲလ်ဆီးက ခံစစ်ပိုင်းကို အားဖြည့်ဖို့ အတွက် အေဂျက်စ် ကနေ ဂျိုရဲလ် ဟာတိုကို ခေါ်ယူဖို ဆွေးနွေးမှုတွေ စတင်လိုက်ကြောင်း သိရပါတယ်။ ဟာတိုဟာ ဗဟိုခံစစ် အပြင် ဘယ်ခြမ်း ခံစစ်မှာပါ ကစားနိုင်တာကြောင့် အန်ဇို မာရက်စ်ကာက တော်တော်လေး သဘောကျနေတာ ဖြစ်ပါတယ်။

ဟာတို ကိုတော့ ချဲလ်ဆီး အပြင် ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကလည်း ပစ်မှတ် စာရင်းထဲ ထည့်ထားပြီး တန်ကြေး ကတော့ ပေါင် သန်း ၄၀ ဝန်းကျင် ရှိနေပါတယ်။ နယ်သာလန် ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အထိ တောင်းဆိုထားတာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အနည်းငယ် ခက်ခဲဖို့တော့ ရှိနေပါတယ်။ အသက် ၁၉ နှစ် အရွယ် ဟာတို ကတော့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ အေဂျက်စ် စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့် ရရှိခဲ့ပြီး နှစ်ရာသီခွဲကြာ ကာလ အတွင်း ၁၁၁ ပွဲ ကစားကာ ၄ ဂိုး သွင်းယူထားပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ဗဟိုခံစစ်နေရာ အတွက် ရွေးချယ်စရာ များစွာ ရှိနေပေမယ့် အက်ဆဲလ် ဒီဆာဆီ ကိုတော့ ဗီလာရီးရဲလ်က စိတ်ဝင်စားနေပြီး အသင်း ကနေ ထွက်ခွာနိုင်ခြေလည်း ရှိနေပါတယ်။ ဒီဆာဆီ ကတော့ ၂ဝ၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ လက်ကျန် ရာသီဝက်ကို အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ချဲလ်ဆီးမှာ အနာဂတ် မရှိသလောက် ဖြစ်နေသူပါ။ အကယ်၍ ချဲလ်ဆီးက ဒီဆာဆီကို လက်လွှတ်ရမယ် ဆိုရင် ပြောင်းရွှေ့ကြေး အနေနဲ့ ပေါင် သန်း ၃၀ ဝန်းကျင် အလိုရှိနေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ တခြားသော နောက်ခံလူတွေ ဖြစ်တဲ့ ဘန် ချေးဝဲလ်၊ ရီနာတို ဗိုင်ဂါ၊ ဘာဒီယာရှီးလ် တို့ကိုပါ အသင်း ကနေ ရှင်းထုတ်သွားချင်နေကြောင်းလည်း သိရပါတယ်။ ဒီကစားသမားတွေကို ရှင်းထုတ်ပြီးသွားရင်တော့ ချဲလ်ဆီး အနေနဲ့ ခံစစ်ပိုင်းကို သေချာပေါက် အင်အား ပြန်လည် ဖြည့်တင်းရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အန်ဇို မာရက်စ်ကာက သူ့ရဲ့ စိတ်ကြိုက်လည်း ဖြစ်တဲ့ ဂျိုရဲလ် ဟာတိုလို ထိပ်တန်း ခံစစ်မှူး တစ်ဦးကို အစားထိုး ခေါ်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ချဲလ်ဆီး ကတော့ လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မစခင် လေဗာကူဆင်၊ အေစီမီလန် တို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်