ဇွန်လ ၂၀ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း ဆိုင်မွန် ဖီးလစ်က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးဟာ မနှစ်က ဂျေဒန် ဆန်ချိုကို ခေါ်ယူခဲ့သလိုမျိုးပဲ ဂါနာချိုကို ခေါ်ယူချင်နေတာ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် (သို့မဟုတ်) ဒဏ်ကြေးပေးဆောင်ပြီး ပြန်လည် စေလွှတ်ခွင့်လည်း ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ် အတွက် တရားဝင် ချဉ်းကပ်မှု တစ်ခု ပြုလုပ်ခဲ့ကြောင်း အာဂျင်တီးနားထုတ် Doble Amarilla သတင်းစာက ဖော်ပြပါတယ်။ အာဂျင်တီးနားသားဟာ ၂၀၂၉ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့်လည်း စိန်ခေါ်မှု အသစ် တစ်ခု ရှာဖွေဖို့ အတွက် ဗီလာ ကနေ ထွက်ခွာဖို့ မျှော်လင့်ထားပြီး အိုးထရက်ဖို့ဒ်မှာ အန်ဒရေ အိုနာနာရဲ့ နေရာကို အစားထိုး ဝင်ရောက်ဖို့ စိတ်အားထက်သန်နေပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ် ကလည်း ယူနိုက်တက်မှာ အနာဂတ် မရှိတော့တာကြောင့် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် ငှက်ကြားတွေက ကြားဖြတ် ကြိုးပမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ လစ်ဗာပူးလ်ရဲ့ ဗဟိုခံစစ်ကစားသမား ဂျာရဲလ် ကွမ်ဆာကို ခေါ်ယူဖို့ အတွက် လေဗာကူဆင်နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ် ကလည်း အင်္ဂလန် လက်ရွေးစင်ကို စိတ်ဝင်စားနေတယ်လို့ ယူဆရပါတယ်။

အကယ်၍သာ လစ်ဗာပူးလ် အနေနဲ့ ကွမ်ဆာကို ဆုံးရှုံးခဲ့ရမယ် ဆိုရင် ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူ သွားမှာ ဖြစ်ကြောင်း DaveOCKOP က ရေးသား ဖော်ပြခဲ့ပါတယ်။ မာ့ခ် ဂူဟီကို ခေါ်ယူချင်ရင်တော့ လစ်ဗာပူးလ် အနေနဲ့ ကွမ်ဆာရဲ့ ပြောင်းရွှေ့ကြေးနဲ့ ဆင်တူတဲ့ ပေါင်သန်း ၄၀ နီးပါး အသုံးပြုရဖို့ ရှိနေပါတယ်။
လန်ဒန် ထိပ်သီး အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး ယိုအာနဲ ဝစ်ဆာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းဖွယ် ရှိနေကြောင်း TEAMtalk က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ဝစ်ဆာကို နော့တင်ဟမ်ဖောရက်စ်၊ ဖီနာဘာချီနဲ့ ဂါလာတာဆာရေး တို့က စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ဝါရင့်ကွင်းလယ် ကစားသမား အိုင်ခေး ဂွန်ဒိုအန်ကို ဒီနွေရာသီမှာ ထွက်ခွာခွင့်ပေးသွားဖို့ မရှိကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမန်သားဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မထွက်ခွာခင် မန်စီးတီးက သူ့ရဲ့ အတွေ့အကြုံတွေကို အသုံးချချင်နေသေးတာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကတော့ ဖလော်ရီယန် ဝစ်ဇ်ကို လစ်ဗာပူးလ်ထံ ဆုံးရှုံးလိုက်ရပြီးနောက် အက်စတွန်ဗီလာ တိုက်စစ် ကစားသမား မော်ဂန် ရော်ဂျာစ်ကို ပစ်မှတ်ထားလာကြောင်း TBR Football က ဖော်ပြပါတယ်။ ဒီအင်္ဂလန်သားကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က အက်စတွန်ဗီလာထံ အဆက်မပြတ် ဆက်သွယ်နေကြပေမယ့်လည်း အူနိုင်း အမ်မရီရဲ့ အသင်း ကတော့ ချဉ်းကပ်မှု အားလုံးကို ငြင်းဆန် ပယ်ချထားပါတယ်။
ဂျီနိုအာ နောက်ခံလူ ကိုနီ ဒီဝင်တာ ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းတို့ အတွက် လေးနက်တဲ့ ပစ်မှတ် ဖြစ်နေကြောင်း Tuttomercatoweb က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားကို အင်တာမီလန် ကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.