နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျက်ဆန်ရဲ့ အနာဂတ် မသေချာမှုကြောင့် မူအာနီကို စတင် ကြိုးပမ်းလာတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ တိုက်စစ်ပိုင်းကို ဆက်လက် အင်အားဖြည့်တင်းဖို့ ရှိနေသေးပြီး ပီအက်စ်ဂျီက ရန်းဒဲလ် ကိုလို မူအာနီကို ခေါ်ယူဖို့ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးမှာ တိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆန်က အနာဂတ် မသေချာဖြစ်နေပြီးနောက် ပြင်သစ် တိုက်စစ်မှူး မူအာနီကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်လိုက်တာလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ် အရွယ် ပြင်သစ် လက်ရွေးစင်ဟာ ၂၀၂၃ ခုနှစ်မှာ ဂျာမန် ကလပ် ဖရန့်ဖတ် ကနေ လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီထံ ပေါင် ၇၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူအာနီဟာ ပီအက်စ်ဂျီမှာ ပုံမှန်ပွဲထွက်ခွင့် ရဖို ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို အငှားနဲ့ သွားရောက် ကစားခဲ့ပါတယ်။ မူအာနီဟာ ဂျူဗင်တပ်စ် မှာတော့ ပုံစံကောင်းတွေ ပြသနေပြီး ဂျူဗင်တပ်စ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂ဝ ကစားရာမှာ ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ မူအာနီ လက်ရှိ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း ၂ ပွဲ ကစားပြီး ၂ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီးထားပါသေးတယ်။

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အဓိက ကတော့ အသင်းရဲ့ လက်ရှိ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ရဲ့ အဆင်မပြေတဲ့ အခြေအနေတွေကြောင့် တိုက်စစ် ကစားသမား တစ်ဦး ထပ်မံ ရှာဖွေနေရတာ ဖြစ်ပါတယ်။
ကိုလိုမူအာနီကို အပြီးသတ် ခေါ်ယူချင်နေသေးတဲ့ ဂျူဗင်တပ်စ်

ဒါကြောင့် ဂျူဗင်တပ်စ်က မူအာနီကို အပြီးသတ် ခေါ်ယူဖို စိတ်အားထက်သန်နေပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်က အပြောင်းအရွှေ့ထဲ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ် သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဒီကနေ့ မှာပဲ ကိုလို မူအာနီ အတွက် ဆွေးနွေးမှုတွေ စတင်လာပြီ ဖြစ်ကြောင်း သိရပါတယ်။ မူအာနီဟာ လက်ရှိမှာ ဈေးကွက် တန်ကြေး ပေါင် ၂၇ သန်းသာ ရှိနေတာကြောင့် ခေါ်ယူချင်တဲ့ ကလပ်တွေ အတွက်လည်း အဆင်ပြေတဲ့ ပမာဏ ဖြစ်နေပါတယ်။

ချဲလ်ဆီးဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်း ကနေ ဒါရီယို အက်ဆူဂို၊ အစ်ပ်ဆွစ်ချ်တောင်း ကနေ လီယမ် ဒီလက်ပ်၊ စထရက်ဘော့ဂ် ကနေ မာမာဒူ ဆား တို့ကို ခေါ်ယူထားပါတယ်။ ချဲလ်ဆီးဟာ အစ်ပ်ဆွစ်ချ်တောင်း တိုက်စစ်မှူး လီယမ် ဒီလပ် ကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး တိုက်စစ်ပိုင်း အတွက်လည်း နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အဓိက ကတော့ အသင်းရဲ့ လက်ရှိ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ရဲ့ အဆင်မပြေတဲ့ အခြေအနေတွေကြောင့် တိုက်စစ် ကစားသမား တစ်ဦး ထပ်မံ ရှာဖွေနေရတာ ဖြစ်ပါတယ်။ ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ချဲလ်ဆီးရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ခဲ့ပြီးတော့ ပြိုင်ပွဲစုံ ပွဲပေါင် ၈ဝ မှာ ဂိုး ၃ဝ သွင်းယူထားပါတယ်။ ဒါပေမယ့်လည်း ဂျက်ဆန်ရဲ့ တိုက်စစ်မှာ ထိရောက်မှု မရှိတဲ့ ကစားဟန်နဲ့ စည်းကမ်းပိုင်း အားနည်းချက်တွေကြောင့် ချဲလ်ဆီး တာဝန်ရှိသူတွေက သဘောမကျ ဖြစ်နေပြီး ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဂျက်ဆန်ဟာ ဖလာမင်ဂိုကို ဂိုးပြတ် ရှုံးပြတ် ရှုံးနိမ့်ခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆိုရင် လူစားဝင်လာပြီး ၄ မိနစ် အကြာမှာပဲ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် ဘောလုံး သုံးသပ်သူ အများစုကို ဂျက်ဆန်ကို ထိုးနက် ဝေဖန်မှုတွေလည်း ပြုလုပ်နေကြပါတယ်။ ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ ရာသီက နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း အလားတူ အမှားမျိုး ကျူးလွန်ခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်