ဇူလိုင်လ ၁၇ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ အာဆင်နယ်ရဲ့ ပစ်မှတ် ခရစ္စတယ်ပဲလေ့စ် ကြယ်ပွင့် အီဘာရီချီ အီးဇီးကို ကြားဖြတ် ခေါ်ယူဖို့ အတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဆိုင်မွန် ဖီးလစ်က ဖော်ပြခဲ့ပါတယ်။ အီးဇီး ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က ဒီနွေရာသီမှာ ခေါ်ယူဖို့ အတွက် အသေအချာ ကြိုးပမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ပီအက်စ်ဂျီ နောက်ခံလူ လူးကပ်စ် ဘာရယ်ဒိုကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ခံစစ်ပိုင်း အတွက် အင်အားဖြည့်တင်းဖို့ လိုအပ်နေပေမယ့် ဘာရယ်ဒိုကို အလွယ်တကူ ခေါ်ယူနိုင်မှာတော့ မဟုတ်ပါဘူး။
လစ်ဗာပူးလ် ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စဉ်းစားနေကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် ကတော့ ဒီနွေရာသီ ဈေးကွက်မှာ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂို၊ ဖရန့်ဖတ်က ဟူဂို အစ်ကီတီ၊ နာပိုလီက ဗစ်တာ အိုဆင်မ်ဟန်၊ အက်စတွန်ဗီလာက အိုလီ ဝက်ကင်န်နဲ့ ဘရန့်ဖို့ဒ်က ယိုအာနေး ဝစ်ဆာ တို့လို သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ပေါ်တိုနဲ့ ဖလာမင်ဂို နှစ်သင်းစလုံး ကတော့ ချဲလ်ဆီးရဲ့ ယာအို ဖီးလစ် အတွက် အတွက် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ အဓိက ကတော့ ပေါ်တူဂီ လက်ရွေးစင်ဟာ သူ့ရဲ့ ငယ်ဘဝ ကလပ် ဖြစ်တဲ့ ဘင်ဖီကာကို ပြန်လည် ပြောင်းရွှေ့ဖို့ ဦးစားပေး လုပ်ဆောင်နေတာကြောင့် ဖြစ်ကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။
နီကိုးလက်စ် ဂျက်ဆန် အတွက် အက်စတွန်ဗီလာရဲ့ ချဉ်းကပ်မှုဟာ မော်ဂန် ရော်ဂျာစ် အတွက် အသင်း ကနေ ထွက်ခွာဖို့ လမ်းစ ဖြစ်လာနိုင်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ချဲလ်ဆီး ကတော့ အင်္ဂလန် တိုက်စစ် ကစားသမားလေးကို အစောပိုင်း ကတည်း စိတ်ဝင်စားနေတာကြောင့် ကစားသမားချင်း အလဲထပ် အပြောင်းအရွှေ့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။
The Guardian ရဲ့ ဖော်ပြချက်အရ ဘရိုင်ယန် အမ်ဘူမို အတွက် ဘရန့်ဖို့ဒ်ရဲ့ တောင်းဆိုစျေးက ပေါင် သန်း ၇၀ အထိ မြှင့်တင်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ဒီကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက် အခက်အခဲ ရှိလာခဲ့ပြီး ယူနိုက်တက် ကတော့ ပေါင် ၆၅ သန်း သာ ပေးချေဖို့ ဆန္ဒ ရှိနေပါတယ်။
ဂျူဗင်တပ်စ် ဂိုးသမား မစ်ချဲလ် ဒီ ဂရီဂေါ်ရီယို ကတော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ထံမှ ချဉ်းကပ်မှုကို ပယ်ချခဲ့ကြောင်း TuttoMercatoWeb က ဖော်ပြခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ရစ်ချာလီဆန် ကိုတော့ ဘရာဇီးလ် ကလပ် ပါလ်မီးရက်စ်က ပေါင် ၅၅ သန်းနဲ့ အံ့အားသင့်စွာ ကမ်းလှမ်းဖို့ ဆန္ဒရှိနေကြောင်း Terra က ဖော်ပြခဲ့ပါတယ်။
အာဆင်နယ် ကတော့ အရန် ဂိုးသမား ကားလ်ဟိန်း ကိုတော့ ဆီဗီလာက ခေါ်ယူဖို့ သဘောတူညီမှု ရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း CaughtOffside က ဖော်ပြပါတယ်။ အာဆင်နယ်ဟာ ဒီနွေရာသီမှာ ဒါးဗစ် ရာယာရဲ့ အရန် ဂိုးသမား နေရာ အတွက် ကီပါ အရစ်ဇာဘာလာဂါ ကို ခေါ်ယူထားခဲ့တာကြောင့် ကားလ်ဟိန်း အနေနဲ့ အသင်းသစ် ရှာဖွေခဲ့ရတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.