ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး ကတော့ အသင်းရဲ့ တိုက်စစ် ကစားသမား နီကိုးလပ်စ် ဂျက်ဆန် အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ အစောပိုင်းမှာ ဂျက်ဆန် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး လိုချင်ခဲ့ပေမယ့် ဂျက်ဆန်ဟာ အသင်း ကနေ ထွက်ခွာလိုကြောင်း အသိပေးလာပြီးနောက် အသင်း ဘက်က မူလသတ်မှတ်ထားတဲ့ တန်ဖိုးထက် လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာ နီကိုးလက်စ် ဂျက်ဆန်ကို ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် အပြင် လာလီဂါနဲ့ စီးရီးအေ ကလပ်တွေ ကလည်း ခေါ်ယူချင်နေပါတယ်။ နီကိုးလက်စ် ဂျက်ဆန်က ချဲလ်ဆီးမှာ အခုမှ တတိယမြောက် ရာသီအဖြစ် ကစားရမှာ ဖြစ်ပေမယ့် စတမ်းဖိုဒ်ဘရစ်ချ်ကို စွန့်ခွာချင်နေပြီလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိ မှာတော့ ဂျက်ဆန် အတွက် ပေါင် သန်း ၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေကို ရရှိလာရင်တော့ လက်ခံ စဉ်းစားသွားဖို အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဂျက်ဆန်ဟာ ဗီလာရီးရဲလ် ကနေ ပြောင်းရွှေ့လာခဲ့ချိန်ကစလို ချဲလ်ဆီးရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ပွဲထွက်ခွင့် ရခဲ့သူ ဖြစ်ပါတယ်။ သူဟာ လန်ဒန် ကလပ် အတွက် နှစ်ရာသီ အတွင်း ၈၁ ပွဲ အထိ ပါဝင်ကစားကာ ဂိုး ၃၀ သွင်းပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးက ဒီနွေရာသီ မှာတော့ တိုက်စစ်မှူး ကစားသမား နှစ်ဦး ခေါ်ယူခဲ့တာကြောင့် ဂျက်ဆန် အနေနဲ့ နေရာ ပျောက်ဖို့ များနေခဲ့တာ ဖြစ်ပါတယ်။ အန်ဇို မာရက်စကာရဲ့ အသင်းက တိုက်စစ် အတွက် လီယမ် ဒီလပ်နဲ့ ယာအို ပက်ဒရို တို့ကို ပေါင် သန်း ၁၀၀ နီးပါး အကုန်အကျခံကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ အသစ် ခေါ်ယူထားတဲ့ တိုက်စစ်မှူး နှစ်ဦးစလုံး ကလည်း ခြေစွမ်းပြနေတာကြောင့် ဂျက်ဆန်ရဲ့ အနာဂတ်က အသင်း ပြောင်းဖို့ လိုအပ်တဲ့ အခြေအနေကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အန်ဇို မာရက်စ်ကာဟာ လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ မှာလည်း ဂျက်ဆန်ကို လူစာရင်း ကနေ ချန်လှပ်ခဲ့ပါသေးတယ်။

The Times ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ နိုနီ မာဒူကေးကို ရောင်းချခဲ့စဉ်က ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေး အတိုင်း ဂျက်ဆန် အတွက်လည်း လိုချင်နေတယ်လို့ သိရပါတယ်။ ဒီလို ဈေးလျှော့ပေးလိုက်ပြီးနောက် ဂျက်ဆန်ကို နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့လို ပရီးမီးယားလိဂ် ကလပ်တွေက ပိုပြီး စိတ်ဝင်စားလာကြကြောင်း သိရပါတယ်။ ဂျက်ဆန်ဟာ ပြီးခဲ့ တဲ့ စက်တင်ဘာလ ကမှ ချဲလ်ဆီးနဲ့ ၂ဝ၃၃ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုခဲ့ပါသေးတယ်။ ဂျက်ဆန်ဟာ ချဲလ်ဆီးရဲ့ ဖီဖာ ကလပ်ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် ဖလာမင်ဂိုနဲ့ ပွဲမှာ အနီကတ် ပြသခံခဲ့ရပြီးနောက်ပိုင်း အသင်း အတွက် ပါဝင်ခွင့်မရတော့သူ ဖြစ်ပါတယ်။
ဂျက်ဆန်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာကို မေးမြန်းရာမှာတော့ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။ “အပြောင်းအရွှေ့ဈေးကွက် ဖွင့်နေချိန်မှာတော့ ကံဆိုးလို့ပဲ ဖြစ်ဖြစ် ကံကောင်းလို့ပဲ ဖြစ်ဖြစ် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒါက နီကိုရဲ့ အခြေအနေနဲ့လည်း သက်ဆိုင်ပါတယ်။ လက်ရှိမှာ ကျွန်တော် တို့ဆီ တိုက်စစ်မှူး အသစ် နှစ်ယောက်လည်း ရောက်နေပါပြီ။ ဒါကြောင့် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
အခု လက်ရှိ မှာတော့ ချယ်လ်ဆီးဟာ လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်နဲ့ မန်ချက်စတာယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချို တို့ကို ခေါ်ယူဖို့ ကြိုးစားနေပြီး အသင်း အတွက် မလိုအပ်တဲ့ ကစားသမားတွေကိုလည်း ရောင်းထုတ်ရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.