အီတလီ နာမည်ကျော် နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ သူ့ရဲ့ အိမ်မက်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နည်းပြ ဖြစ်ဖို့ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြကြီးက အီတလီ လက်ရွေးစင် အသင်းရဲ့ ကမ်းလှမ်းမှု ကိုလည်း ငြင်းဆန် ပယ်ချခဲ့တယ်လို့လည်း ဖွင့်ဟပြောဆိုသွားခဲ့ပါသေးတယ်။
ကာလို အန်ဆဘ်လော့တီက “ကျွန်တော့်ရဲ့ အိပ်မက်က လစ်ဗာပူးလ်ကို နည်းပြ လုပ်ဖို့ပါ။ ဒါပေမယ့် ကျွန်တော် အဲဗာတန်ဆီ ရောက်သွားခဲ့ပြီး သူတိုရဲ့ ပြိုင်ဆိုင်မှုကို ကိုယ်တိုင် ခံစားခဲ့ရပါတယ်။ အခုတော့ ကျွန်တော် အဲဗာတန် ပရိသတ်တစ် ယောက် ဖြစ်နေပါပြီ။ အဲဒီပတ်ဝန်းကျင်ကို အရမ်းကြိုက်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ အသင်းအတွက် စိတ်အားထက်သန်မှုက အံ့မခန်း ဖြစ်နေလို့ပါ။ လစ်ဗာပူးလ်ကို ပရိသတ်တွေ ဘယ်လောက် အထိ မလိုလားဘူး ဆိုတာ ကိုလည်း သတိပြုမိပါတယ်။ လစ်ဗာပူးလ်က နှစ်ပေါင်း များစွာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဖြစ်ခဲ့ပြီး အခုထိလည်း ဆက်ဖြစ်နေတုန်းပါပဲ။” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် အန်ဆယ်လော့တီက ၂၀၁၈ ခုနှစ်မှာ အီတလီ လက်ရွေးစင် အသင်းကို နည်းပြဖို့ အတွက် ကမ်းလှမ်းခြင်း ခံခဲ့ရပေမယ့် ငြင်းပယ်ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။“ကျွန်တော် အီတလီ လက်ရွေးစင် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် စိတ်မပါခဲ့လို့ပါ။ ကျွန်တော်က ကွင်းထဲမှာ နေ့တိုင်း လေ့ကျင့်ရေး ပြင်ဆင်ရတာကို အရမ်းပဲ ကြိုက်ပါတယ်။ လက်ရွေးစင် အသင်း ဆိုတာက အချိန်ပိုင်း အလုပ်လို ဖြစ်နေပြီးတော့ ကျွန်တော့်ရဲ့ စိတ်အား ထက်သန်မှုကို နည်းနည်း လျော့သွားစေမယ်လို့ ခံစားရလို့ပါ။ ဒီအကြောင်းကြောင့်ပဲ ငြင်းဆန်ခဲ့တာပါ။” ဆိုပြီး အန်ဆယ်လော့တီက ပြောကြားသွားခဲ့ပါတယ်။

လစ်ဗာပူးလ် ကတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ ဘရန်ဒန် ရော့ဒ်ဂျာကို ထုတ်ပယ်ခဲ့ပြီးနောက် အန်ဆယ်လော့တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ နောက်ဆုံးမှာ ယာဂန် ကလော့ပ် ကိုသာ ရွေးချယ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်က လစ်ဗာပူးလ် အတွက်တော့ အဓိက အလှည့်အပြောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အန်ဆယ်လော့တီက ဘေယန်မြူးနစ်မှာ ပပ် ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံဖို သဘောတူခဲ့ပြီးတော့ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ အကုန်မှာ ဘေယန်မြူးနစ်ကို တရားဝင် စတင် တာဝန်ယူခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ လစ်ဗာပူးလ်ကို နည်းပြဖို့ အခွင့်အရေး မရခဲ့ပေမယ့် ၂၀၁၉ ခုနှစ် မှာတော့ လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် မြိုခံ ကလပ် အဲဗာတန်ကို ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ နည်းပြဘဝ တစ်လျှောက်မှာ စီးရီးအေ ကလပ် ဂျုဗင်တပ်စ်၊ အေစီမီလန်၊ နာပိုလီ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး၊ အဲဗာတန်၊ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ၊ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကိုတော့ နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့သူပါ။ ဒီလို လိဂ် ပေါင်းစုံက ကလပ် အသင်း ပေါင်းစုံကို ကိုင်တွယ်ခဲ့ဖူးတဲ့ အန်ဆယ်လော့တီဟာ ဆုဖလား အောင်မြင်မှု တွေ များစွာလည်း ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
အီတလီသားကြီးက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ကစားသမားဘဝမှာ ၃ ကြိမ်၊ နည်းပြ ဘဝ မှာတော့ ၆ ကြိမ် အထိ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ နောက်ဆုံး ၅ ကြိမ်မှာ ချန်ပီယံ ၄ ကြိမ် ဖြစ်ထားတဲ့ ဒီနည်းပြကြီးဟာ အေစီမီလန်နဲ့ ၂ ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ၂ ကြိမ် ချန်ပီယံ ဖြစ်ထားကာ ပြိုင်ပွဲရဲ့ လက်ရှိ အအောင်မြင်ဆုံး နည်းပြလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.