နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲဗာတန်ရဲ့ ခံစစ် အားနည်းချက်တွေကို ယူနိုက်တက်တို့ အသုံးချနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အဲဗာတန် – မန်ချက်စတာယူနိုက်တက် 

ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ ရဲ့ နောက်အကျဆုံး ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်က အဲဗာတန်ရဲ့ ဟေးလ်ဒစ်ကင်ဆန်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဗာတန်ဟာ သူတို့ထက် အမှတ်ပေးဇယား အဆင့် ၃ ဆင့် အသာမှာ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်ကို ၂၀၁၃-၁၄ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီ အတွင်း နှစ်ကျော့လုံး အနိုင်ယူနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် အဲဗာတန်ဟာ သူတို့ရဲ့ အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ အကြိမ်ရေဟာ တခြား ဘယ်အသင်းထက်မဆို ပိုများနေတာကြောင့် အားနည်းချက် တစ်ခု ဖြစ်နေပါတယ်။ 

အဲဗာတန်

ပြီးခဲ့တဲ့ နိုဝင်ဘာလက အိုးထရက်ဖို့ဒ်မှာ အဲဗာတန်က ၁-၀ နဲ့ အနိုင်ရခဲ့တာဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ယူနိုက်တက် ကွင်းမှာ ပထမဆုံးအကြိမ် ပြန်လည် အနိုင်ရခဲ့တာပါ။ ဒါပေမယ့် အဲဒီပွဲတုန်းက အနိုင်ရလဒ်ထက် အဲဗာတန် ကွင်းလယ်လူ အီဒရီဆာ ဂူရီက သူ့ရဲ့အသင်းဖော် မိုက်ကယ် ကိန်းကို ပါးရိုက်ခဲ့လို့ အထုတ်ခံခဲ့ရတဲ့ ဖြစ်ရပ်က ပိုပြီး လူပြောများခဲ့ပါတယ်။ အဲဒီပွဲဟာ အဲဗာတန်နည်းပြ ဒေးဗစ် မွိုက်စ် အတွက်တော့ သူကိုယ်တိုင် ယူနိုက်တက် နည်းပြ လုပ်ခဲ့စဉ်က (၂၀၁၃-၁၄) အောင်မြင်မှု သိပ်မရခဲ့တဲ့ ကွင်းမှာ ရယူနိုင်ခဲ့တဲ့ နိုင်ပွဲလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ စကော့တလန်သားကြီးဟာ တနင်္လာနေ့ညမှာ သူ့ရဲ့အသင်းဟောင်းကို ထပ်မံအနိုင်ယူဖို့ ကြိုးစားသွားရတော့မှာပါ‌။

ဒါပေမယ့် အဲဗာတန်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ရလဒ်တွေက သိပ်အားရစရာ မရှိပါဘူး။ သူတို့ရဲ့ ကွင်းသစ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲမှာ ၅ ပွဲ အထိ ရှုံးနိမ့်ထားပြီး ၃ ပွဲသာ အနိုင်ရထားပါတယ်။ မာဆေးဆိုဒ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ နဲ့ အနိုင်ခဲ့တဲ့ ပွဲနောက်ပိုင်း အိမ်ကွင်းမှာ ပေးဂိုးမရှိ (Clean Sheet) စံချိန်လည်း မရသေးပါဘူး။ အဲဗာတန် အနေနဲ့ ဒီပွဲ ကနေ ၃ မှတ် အပြည့်ရရင်တော့ ဥရောပဝင်ခွင့် မျှော်လင့်ချက် ပိုအားကောင်းလာမှာ ဖြစ်ပြီး၊ အဆင့် (၆) နေရာက မြို့ခံပြိုင်ဘက် လစ်ဗာပူးလ်နဲ့ ၅ မှတ်အကွာကို ရောက်ရှိလာမှာပါ။ ဒါပေမယ့် အိမ်ကွင်းမှာ ၆ ပွဲ ဆက်တိုက် အမှတ်လျော့ခဲ့ရင်တော့ ဇယားအောက်ခြေကို လျှောကျမယ့် အန္တရာယ် ရှိနေပါတယ်။ လက်ရှိမှာ သူတို့နဲ့အတူ ဘုန်းမောက်က ၃၇ မှတ်စီ တူနေသလို၊ နယူးကာဆယ်၊ ဆန်းဒါးလန်း (၃၆ မှတ်စီ) နဲ့ ဖူလ်ဟမ် (၃၄ မှတ်) တို့ကလည်း နောက်ကနေ ကပ်လိုက်နေပါတယ်။

 

မန်ချက်စတာယူနိုက်တက်

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၉ ပွဲဆက် ရှုံးပွဲ မရှိထားသလို၊ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရထားပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှ ၄ ပွဲ အနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက်

တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်ဟာ ရူဘင် အမော်ရင်ရဲ့ နေရာမှာ မိုက်ကယ် ကာရစ်ခ် ဝင်ရောက် ကိုင်တွယ်ပြီးကတည်းက အကောင်းဆုံးပုံစံ ပြန်ရနေတာကြောင့် အဲဗာတန် အတွက် အနိုင်ယူဖို့ မလွယ်ကူပါဘူး။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၉ ပွဲဆက် ရှုံးပွဲ မရှိထားသလို၊ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ၁-၁ သရေကျတဲ့ပွဲ မှာလည်း တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုက ၉၆ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့တာပါ။ ဆက်စကို ကတော့ ယူနိုက်တက် အတွက် အရေးပါတဲ့ နောက်ကျဂိုးတွေ သွင်းယူပေးနေသူ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစပိုင်းက ဖူလ်ဟမ်ကို ၃-၂ နဲ့ နိုင်တဲ့ ပွဲမှာလည်း ၉၄ မိနစ် အနိုင်ဂိုး သွင်းပေးခဲ့ပါသေးတယ်။ 

လက်ရှိမှာတော့ ယူနိုက်တက်ဟာ နောက်ဆုံး ၅ ပွဲ ရလဒ်အရ ချဲလ်ဆီးနဲ့ အတူ အကောင်းဆုံး ပုံစံမှာ ရှိနေပြီး အခုပွဲမှာလည်း ရှုံးပွဲ မရှိစံချိန်ကို ၁၀ ပွဲ အထိ တိုးမြှင့်နိုင်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ ယူနိုက်တက် ပရိသတ်တွေ ကတော့ သူတို့ အသင်း အနေနဲ့ အဲဗာတန်ကို အိမ်ကွင်း၊ အဝေးကွင်း စုစုပေါင်း ၄၂ ကြိမ် အထိ အနိုင်ရထားတဲ့ မှတ်တမ်းကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ချဲလ်ဆီးနဲ့ ဘန်လေတို့ ၁-၁ သရေကျခဲ့တာကြောင့် ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ဟာ အမှတ်တူ ဖြစ်နေပါတယ်။ ဒါကြောင့် ကာရစ်ခ်ရဲ့ အသင်းအနေနဲ့ အဆင့် ၄ နေရာကို ပြန်လည် တက်လှမ်းနိုင်ဖို့ အတွက် ဒီပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အဲဗာတန် ဘက်က အိုဘရွိုင်ယန် (ပွဲပယ်)၊ ဂျက် ဂရီးလစ်ရှ် တို့ လွဲချော်မှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ဘက်မှာ ဒီလစ်ဂျ်၊ မောင့်နဲ့ ဒေါဂူတို့ လွဲချော်ကြမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ ပတ်တာဆန်၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ မိုင်ကိုလန်ကို၊ ဂူရီ၊ ဂါနာ၊ အမ်းစတောင်း၊ ဒူးစ်ဘာရီဟောလ်၊ အန်ဒီယာရီ၊ ဘယ်ရီ

မန်ချက်စတာယူနိုက်တက် – လမ်မန်းစ်၊ ဒါးလော့တ်၊ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ရှော၊ ကက်စ်မဲရိုး၊ မိန်နူး၊ အာမက်ဒ်၊ ဖာနန်ဒက်စ်၊ ကူညာ၊ အမ်ဘွေမို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ထိပ်တိုက် တွေ့ဆုံမှုတွေမှာတော့ မန်ချက်စတာယူနိုက်တက်က အဲဗာတန်ကို အသာရခဲ့တာ များပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ယူနိုက်တက်က ၃ ကြိမ်နိုင်၊ အဲဗာတန်က ၁ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ အဲဗာတန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ယူနိုက်တက်က ၃ ကြိမ် အထိ အနိုင်ရခဲ့ပြီး ၁ ကြိမ် ရှုံး၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အဲဗာတန် နိုင်ရင် ၃.၃၉ ဆ၊ အဲဗာတန် နိုင်ရင် ၁.၉၇ ဆ၊ သရေ ဆိုရင်တော့ ၃.၃၅ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ယူနိုက်တက် ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ ပရီးမီးယားလိဂ် ၉ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိထားတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အရှိန်အဟုန်ဟာ နောက်ဆုံး အိမ်ကွင်း ၁၀ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားတဲ့ အဲဗာတန် အတွက်တော့ ရင်ဆိုင်ရခက်ခဲတဲ့ ဖိအား တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ အိမ်ရှင် အဲဗာတန်ရဲ့ ခံစစ်ပိုင်း အားနည်းချက်တွေကို အခွင့်ကောင်းယူ အသုံးချသွားနိုင်ခြေ ရှိပြီး၊ မာဆေးဆိုဒ်မြေမှာ အနိုင်ရလဒ် ဖော်ဆောင်ကာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို ပြန်လည် တက်လှမ်းနိုင်ဖို့ များနေပါတယ်။ 

 

ခန့်မှန်းရလဒ်

အဲဗာတန် ၁-၃ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်