ဘန်လေ – ချဲလ်ဆီး
ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ချဲလ်ဆီးက ဘန်လေကို တက်ဖ်မောမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တက်ဖ်မောမှာ ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်စလုံး ရှုံးနိမ့်ထားတဲ့ ဘန်လေတို့ ဒီတစ်ကြိမ်မှာရော ရလဒ်ကောင်းနိုင်ပါ့မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ရပ်တည်နေတဲ့ ဘန်လေ ကတော့ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားပါတယ်။ ပါကားရဲ့ အသင်းက နောက်ဆုံး ၂ ပွဲမှာ လန်ဒန်ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်ကို ရှုံးနိမ့်ထားပြီး အခုလည်း လန်ဒန် အခြေစိုက် ကလပ်ပဲ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ လက်ရှိ ဘန်လေရဲ့ အဓိက အားနည်းချက်က ခံစစ်ပိုင်း ဖြစ်ပြီးတော့ ဒီအခြေအနေကို အလျင်အမြန် ပြင်ဆင်ဖို့ လိုအပ်နေတာပါ။ ဒီပွဲမှာ ဘန်လေ ဘက်က စောင့်ကြည့်ရမယ့် ကစားသမား ကတော့ ဖလမ်းမင်း ဖြစ်ပြီး ဘန်လေ အတွက် ပရီးမီးယားလိဂ် ပွဲထွက် ကစားသမား အဖြစ် ၄ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။
ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ဆန်းဒါးလန်း တစ်သင်း ကိုသာ ရှုံးနိမ့်ထားပြီးတော့ ကျန် ၄ ပွဲစလုံး အနိုင်ရထားပါတယ်။ လက်ရှိမှာ ချဲလ်ဆီးက ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေပြီး ဇယားထိပ်က အာဆင်နယ်နဲ့တော့ ၆ မှတ် ကွာဟနေပါတယ်။ ချဲလ်ဆီးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၅ ပွဲ ကစားထားရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီး ဘက်က စောင့်ကြည့်ရမယ့် ကစားသမား ကတော့ နောက်ဆုံး ၂ ပွဲဆက် ဂိုးသွင်းထားနိုင်တဲ့ ယာအို ပက်ဒရို ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သားက ပရီးမီးယားလိဂ်မှာ ဘန်လေနဲ့ တွေ့ဆုံခဲ့တဲ့ ၄ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
နှစ်ဖက်အသင်း သတင်းများ
ချဲလ်ဆီး ဘက်မှာတော့ လာဗီယာ၊ ဘာဒီယာရှီးလ်၊ ကိုးလ်ဝဲလ်၊ ကိုးလ်ပါးလ်မား၊ အက်ဆူဂို တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

ဘန်လေ – ဒူဗရက်ဗ်ကာ၊ ပီရက်စ်၊ အက်စ်တိဗ်၊ တွမ်ဇီဘီ၊ ဝေါလ်ကာ၊ ဖလော်ရန်တီနို၊ ကူလန်၊ အန်တိုနီ၊ အူဂိုချူကဝူ၊ ချာအူနာ၊ ဖလမ်းမင်း
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂူစတို၊ ဖိုဖာနာ၊ ချာလိုဘာ၊ ကူကာရယ်လာ၊ အန်ဇို ဖာနန်ဒက်ဇ်၊ ကိုင်စီဒို၊ နီတို၊ ယာအို ပက်ဒရို၊ ဂါနာချို၊ ဒီလက်ပ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၆ ကြိမ်မှာ ဘန်လေက ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ချဲလ်ဆီးက ၁၀ ကြိမ် အနိုင်ရကာ၊ ၅ ကြိမ် သရေကျခဲ့ပါတယ်။ ချဲလ်ဆီးက ဘန်လေကို နောက်ဆုံး တွေ့ဆုံမှု ၁၁ ကြိမ် ဆက်တိုက် မရှုံးခဲ့ပဲ ၈ ပွဲနိုင်၊ ၃ ပွဲ သရေကစားနိုင်ခဲ့ပါတယ်။ ဘန်လေ အိမ်ကွင်း တွေ့ဆုံမှု နောက်ဆုံး ၈ ကြိမ် မှာတော့ ချဲလ်ဆီးက ၇ ကြိမ် အထိ အနိုင်ရခဲ့ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘန်လေ နိုင်ရင် ၅.၉၀ ဆ၊ ချဲလ်ဆီး နိုင်ရင် ၁.၄၆ ဆ၊ သရေ ဆိုရင်တော့ ၄.၀၃ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ချဲလ်ဆီး ဘက်က ခပ်ပြင်းပြင်း ကြေးပေါက်နေပြီး ဂိုးပေါင်း ၂.၅၀၊ ၂.၇၅၊ ၃.၀၀ ဆိုပြီး ဖွင့်လှစ်ပေးထားပါတယ်။ ပါကားရဲ့ အသင်းက လက်ရှိမှာ ခြေစွမ်းပိုင်း ပြန်လည် ယိမ်းယိုင်နေပြီး ချဲလ်ဆီး ကတော့ ရလဒ်တွေ ပြန်ကောင်းနေပါတယ်။ ချဲလ်ဆီး အနိုင် သေချာပြီး ဂိုးပြတ် မပြတ်ပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ခန့်မှန်းရလဒ်
ဘန်လေ ၀-၂ ချဲလ်ဆီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


