နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးရဲ့ ပုံစံကောင်း တစ်ခုကို ဘရန့်ဖို့ဒ် ရပ်တန့်နိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘရန့်ဖိုဒ် – ချဲလ်ဆီး

ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် လန်ဒန်မြိုခံ ပြိုင်ဘက်ပဲ ဖြစ်တဲ့ ဘရန့်ဖို့ဒ်ကို Gtech Community ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ ချဲလ်ဆီးတို့ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ ဘယ်လို ရလဒ် ပိုင်ဆိုင်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်က ဖောရက်စ်ကို ရှုံး၊ ပွဲစဉ် ၂ မှာ ဗီလာကို နိုင်ပြီး ပွဲစဉ် ၃ မှာတော့ ဆန်းဒါးလန်းကို ရှုံးထားပါတယ်။ နည်းပြ သောမက်စ် ဖရန့်ခ်၊ အမ်ဘူမို၊ ဝစ်ဆာ၊ နောဂတ် တို့လို နည်းပြနဲ့ ကစားသမားကောင်းတွေ လက်လွှတ်ထားရပြီးနောက်မှာ ဘရန့်ဖို့ဒ်ရဲ့ အခြေအနေက ယိမ်းယိုင်နေပါတယ်။ နိုင်လိုက်၊ ရှုံးလိုက် ဖြစ်နေပြီး ပုံမှန် ခြေစွမ်းတစ်ခုကို ထိန်းထားနိုင်ခြင်း မရှိသေးပါဘူး။ နောက်ဆုံး ပွဲမှာ ဆိုရင် ဘရန့်ဖို့ဒ်က တန်းတက် ဆန်းဒါးလန်း ကိုတောင် ခြေရည်တူ မကစားနိုင်ပဲ ရှုံးနိမ့်ထားခဲ့တာ တွေ့ရပါတယ်။

ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ အန်ဇို မာရက်စ်ကာရဲ့ အသင်းက ပရီးမီးယားလိဂ် ရာသီသစ်မှာလည်း ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။
ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ ရှုံးထားတဲ့ ဘရန့်ဖို့ဒ်

ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ အန်ဇို မာရက်စ်ကာရဲ့ အသင်းက ပရီးမီးယားလိဂ် ရာသီသစ်မှာလည်း ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ ချဲလ်ဆီးက ပဲလေ့စ်နဲ့ အဖွင့်ပွဲမှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် နောက်ပွဲတွေ မှာတော့ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်ကို ဂိုးပြတ် အနိုင်ယူပြီး လက်ရှိ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ အန်ဇို၊ ကိုင်စီဒို တို့ရဲ့ ကွင်းလယ် အတွဲအဖက်နဲ့ တောင်ပံက အက်စတီဗာအို၊ နီတိုတို့ ဒီရာသီမှာ တော်တော်လေး ခြေစွမ်းပြနေပြီး ယာအို ပက်ဒရို ကလည်း တိုက်စစ်ပိုင်း အတွက် အဓိက ကစားသမား အဖြစ် ရှိနေပါတယ်။ ထူးခြားချက်က ချဲလ်ဆီးက ဒီရာသီ အစမှာ လန်ဒန်မြို့ခံ ပြိုင်ဘက်တွေနဲ့ပဲ တောက်လျောက် တွေ့နေရတာ ဖြစ်ပြီး နောက်ထပ် ရလဒ်ကောင်း တစ်ခု ထပ်မံ ရှာတွေ့နိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲမှာ ဘရန့်ဖို့ဒ် ဘက်က ဂူစတာဗို ဂိုးမက်စ်၊ ဂျနဲလ်၊ ကိုနက်ခ် တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ဘက်မှာတော့ ဘာဒီယာရှီးလ်၊ အက်ဆူဂို၊ ကိုးလ်ဝဲလ်၊ ဒီလက်ပ် တို့ လွဲချော်မှာ ဖြစ်ပြီး ပါးလ်မားနဲ့ လာဗီယာ တို့ ကတော့ ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘရန့်ဖိုဒ် – ခယ်လာဟာ၊ ကာယိုဒီ၊ ကောလင်းန်၊ ဗန်ဒန်ဘက်ဂျ်၊ လီဝစ် ပေါ်တာ၊ ဟန်ဒါဆန်၊ ယာမိုလက်ခ်၊ ဒမ်းစ်ဂတ်၊ အော့တာရာ၊ အီဂေါ

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂူစတို၊ တိုဆင်၊ ချာလိုဘာ၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ အန်ဇို၊ အက်စတီဗာအို၊ နီတို၊ ဂါနာချို၊ ယာအို ပက်ဒရို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၂ ကြိမ် တွေ့ဆုံရာမှာ ဘရန့်ဖို့ဒ်က ၃ ကြိမ်၊ ချဲလ်ဆီးက ၅ ကြိမ် နိုင်ပြီး ၄ ကြိမ် သရေကျခဲ့ပါတယ်။ ချဲလ်ဆီးက ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ကျန်ပွဲတွေ မှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ချဲလ်ဆီးက ၁ ပွဲနိုင်၊ ၁ ပွဲ သရေ ကစားထားပါတယ်။ ဘရန့်ဖို့ဒ် အိမ်ကွင်းမှာ ကစားတဲ့ နောက်ဆုံး ၅ ပွဲ မှာတော့ ချဲလ်ဆီးက ၂ ပွဲနိုင်ပြီး ၃ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘရန့်ဖိုဒ် နိုင်ရင် ၄.၀၆ ဆ၊ ချဲလ်ဆီး နိုင်ရင်တော့ ၁.၇၅ ဆ၊ သရေ ဆိုရင်တော့ ၃.၅၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ သရေ အရှုံး၊ ၁ လုံး တစ်ဝက်စား၊ ၁ လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံးပါ။ လက်ရှိ ခြေစွမ်းအရ ဘရန့်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေကလို ချဲလ်ဆီးကို ဒုက္ခပေးဖို့ မဖြစ်နိုင်ပါဘူး။ ပုံစံကောင်းရနေတဲ့ ချဲလ်ဆီးပဲ ရှုံးပွဲ မရှိမှုကို ဆက်ထိန်းရင်း ၃ မှတ် အပြည့် ယူသွားမယ့် ပွဲဖြစ်ပါတယ်။

ခန့်မှန်းရလဒ်

ဘရန့်ဖိုဒ် ၀-၁ ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်