နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘန်လေ – မန်ချက်စတာစီးတီး | ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ (ပွဲကြိုသုံးသပ်ချက်)

ဘန်လေ – မန်ချက်စတာစီးတီး  

လစ်ဗာပူးလ်ရဲ့ အနီးကပ် ဖိအားပေးခြင်း ခံနေရပြီး ပရီးမီးယားလိဂ် သရဖူကို ကာကွယ်နိုင်ဖို့ ဖိအားတွေ များလာခဲ့တဲ့ မန်ချက်စတာစီးတီးတို့ ဒီတစ်ပတ် မှာတော့ တန်းဆင်းဇုန်ထဲက ဘန်လေကို တက်ဖ်မောမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘန်လေ တို့ တန်းမဆင်းရရေး အသည်းအသန် ရုန်းကန်ပြနေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲဆက် အရှုံးကြောင့် တန်းဆင်းဇုန် အဆင့် ၁၉ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ တန်းဆင်းဇုန် အထက်က အဲဗာတန်နဲ့ ၄ မှတ်သာ ကွာဟတဲ့ အတွက် ဘန်လေတို့ ဘာမဆို မျှော်လင့်ခွင့် ရှိနေသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ တစ်ချက် ရှိတာက ရှောင်ဒိုက်ချ်ရဲ့ အသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ အခု မန်စီးတီး အပါအဝင်၊ ဝက်စ်ဟမ်း၊ စပါးနဲ့ အက်စတွန်ဗီလာ တို့လို အသင်းကောင်းတွေနဲ့ ရင်ဆိုင်ဖို့ ကျန်ရှိနေသေးတာပါ။ အခုပွဲ မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အတွက် လက်ကျန် ပွဲတိုင်းလိုလိုမှာ ၃ မှတ် အပြည့်ယူဖို့ အားခဲနေတဲ့ မန်စီးတီးနဲ့ မို့လို့ ဘန်လေတို့ မချောင်ပါဘူး။ နောက်ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတိုင်းမှာ မန်စီးတီးကို အရှုံးပေးထားခဲ့ရလို့ ဒီတစ်ကြိမ် တွေ့ဆုံမှု မှာလည်း ဘန်လေတို့ အမြင့်ဆုံး သရေ ၁ မှတ် ရဖို့တောင် ခက်ခဲနေဦးမှာ သေချာပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဆိုရင်လည်း ဘန်လေတို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ ၃၀ မှာ ၂၇ ပွဲ အထိ နိုင်ပွဲ‌ ပျောက်ဆုံးခဲ့သလို အိမ်ကွင်း နောက်ဆုံး ၇ ပွဲမှာလည်း ဂိုးမသွင်းနိုင်တဲ့ ပွဲဟာ ၅ ပွဲအထိ ရှိထားပါတယ်။ ခံစစ်ပိုင်း ကလည်း တော်တော်လေး အားနည်းနေခဲ့ပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး ပေးထားရပါတယ်။ အခုပွဲ ကိုတော့ ဂတ်မန်ဆန်နဲ့ နေသန် ကိုးလ်လင်းန်စ်တို့ သေချာပေါက် လွဲချော်ဖို့ ရှိနေပြီး ဘမ်မီး၊ ဗီဒရာနဲ့ အဲရစ်ခ် ပီတာ တို့လည်း ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

လက်ရှိ ခြေစွမ်းပိုင်းအရ ဆိုရင်လည်း ဘန်လေတို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ ၃၀ မှာ ၂၇ ပွဲ အထိ နိုင်ပွဲ‌ ပျောက်ဆုံးခဲ့သလို အိမ်ကွင်း နောက်ဆုံး ၇ ပွဲမှာလည်း ဂိုးမသွင်းနိုင်တဲ့ ပွဲဟာ ၅ ပွဲအထိ ရှိထားပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ဘန်လေ

လစ်ဗာပူးလ်ရဲ့ အနီးကပ် ဖိအားပေးခြင်း ခံနေရတဲ့ မန်စီးတီး အတွက် အမှတ် လိုအပ်နေချိန်မှာ ငယ်နိုင်လို ဖြစ်နေတဲ့ ဘန်လေနဲ့ ကစားရမှာ ဖြစ်လို့ ကံကောင်းတယ်လို့ ပြောလို့ ရပါတယ်။ တစ်ဖက်မှာ လစ်ဗာပူးလ်တို့ ပွဲချောင်နေချိန် ပပ်ဂွာဒီယိုလာရဲ့ အသင်းက ဘယ်လိုနည်းနဲ့မှ အမှားလုပ်မှာ မဟုတ်ပါဘူး။ မန်စီးတီးတို့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ စပါးကို မမျှော်လင့်ပဲ ရှုံးခဲ့တဲ့ ပွဲကလွဲရင် ကျန်ပွဲ အားလုံးနီးပါး အနိုင်ကစားထားခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းက ပြိုင်ပွဲစုံ အရပ်ရပ်မှာ ပုံစံကောင်းတွေ ပြသထားနိုင်ပေမယ့် လက်တလော ဗဟိုခံစစ်မှူး ရူဘင်ဒီးရာ့စ် ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်သလို စတာလင်၊ ပယ်မာ တို့လည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးတာ ဖြစ်ပါတယ်။ ဒီပွဲပြီးရင် စီးတီးတို့ အက်တလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ကစားရမှာ ဖြစ်လို့ အဓိက ကစားသမားတွေကို အနားပေးမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် မန်စီးတီး အတွက် ပြိုင်ပွဲတိုင်းက အကုန် အရေးကြီးနေလို့ တောင့်တင်းတဲ့ အစုဖွဲ့ကိုပဲ ပွဲထုတ်လာဖို့ များပြီး လူစာရင်း မှာတော့ ဖိုဒန်၊ မာရက်ဇ်၊ ဂရီးလစ်ရှ်၊ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ကန်ဆယ်လို၊ ဝေါလ်ကာ၊ စတုန်းစ်၊ လာပေါ့တ်နဲ့ အီဒါဆင် တို့ပဲ ပါဝင်လာဖွယ် ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မန်ချက်စတာစီးတီးတို့ ဘန်လေနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ အရပ်ရပ် နောက်ဆုံး ၁၆ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားခဲ့ပြီး ၂ ပွဲသရေ၊ ၁၃ ပွဲ အနိုင်ရထားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ပရီးမီးယားလိဂ် ပွဲစဉ်မှာ နောက်ဆုံး ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီး နောက်ဆုံး ၉ ပွဲ ဆက်တိုက် အနိုင်ရထားခဲ့ပါတယ်။ ဘန်လေနဲ့ တွေ့ဆုံချိန် အများစုမှာ မန်စီးတီးတို့ ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ရလေ့ရှိပြီး ၂၀၁၈ ခုနှစ် နောက်ပိုင်း ၅ ဂိုးပြတ်နဲ့ ၄ ပွဲ၊ ၃ ဂိုးပြတ်နဲ့ ၂ ပွဲ၊ ၂ ဂိုးပြတ်နဲ့ ၂ ပွဲ အနိုင်ရခဲ့ပြီး ၁-၀ ရလဒ်နဲ့ နိုင်ခဲ့တဲ့ ပွဲကတော့ ၁ ပွဲသာ ရှိထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဘန်လေ အတွက် ၁၄.၀၀ ဆ၊ မန်စီးတီး အတွက် ၁.၂၂ ဆ၊ သရေ အတွက် ၆.၀၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အဘက်ဘက်မှာ အသာရနေတဲ့ မန်စီးတီး အတွက် အနိုင်သေချာတဲ့ ပွဲဆိုတာ အားလုံး လက်ခံကြမယ် ထင်ပါတယ်။ ဘန်လေရဲ့ တန်းဆင်းဇုန် ရုန်းအားကို တစ်ချက် စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် အရန် အင်အား မတောင့်တင်းမှုကြောင့် ပွဲချိန်ကြာလာတာနဲ့ အမျှ ကစားအား သိသိသာသာ ကျသွားတတ်တဲ့ ဘန်လေတို့ ထုံးစံ အတိုင်း မန်စီးတီးကို ဂိုးပြတ် မရှုံးဖို့ပဲ မျှော်လင့်ရမှာပါ။ တစ်ချက် ရှိတာက စီးတီးတို့ ကစားသမားတချို့ နိုင်ငံပွဲတွေ ကစားထားရလို့ ပွဲပန်းနေနိုင်သလို ဒီပွဲပြီးရင် အက်တလက်တီကိုနဲ့ ချန်ပီယံလိဂ် ကစားဖို့ ရှိနေတာကြောင့် ပပ် အနေနဲ့ အရန်တွေ ထုတ်သုံးလာနိုင်ပါတယ်။ ဒါကြောင့် မျှော်လင့်ထားသလောက် သွင်းဂိုးတွေ မြင်တွေ့ရပါ့မလား ဆိုတာတော့ စဉ်းစားစရာ ရှိပါတယ်။ မန်စီးတီး အနည်းဆုံး ၂ ဂိုး လောက်နဲ့ပဲ အနိုင်ရမယ့် ပွဲလို့ပဲ ထင်ပါတယ်။

ခန့်မှန်းရလဒ် (၀-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်