ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီမှာ တိုက်စစ် ကစားသမား ၂ ဦးသာ ခေါ်ယူနိုင်ပါသေးတယ်။ ဒါကြောင့် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က အသင်း အနေနဲ့ တိုးတက်မှုတွေ ရှိနေပေမယ့်လည်း ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ လိုအပ်နေသေးကြောင်း ပြောကြားလိုက်ပါတယ်။
ဖာနန်ဒက်စ်က “အသင်းက တိုးတက်ဖို့ ကြိုးစားနေတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ နေရာ ကိုတော့ မရောက်သေးပါဘူး။ ဘယ်သူ့ကိုမှ လက်ညှိးထိုးပြီး ပြောချင်တာ မဟုတ်ပေမယ့် ကလပ် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေအရ အကောင်းဆုံး ကြိုးစားနေတယ်လို ထင်ပါတယ်။ ဒါပေမယ့် ထင်သာမြင်သာနေတဲ့ အချက် ကတော့ လက်ရှိကစားသမားတွေ အတွက် ပြိုင်ဆိုင်မှုတွေ ပိုပြီး လိုအပ်နေတယ် ဆိုတာပါပဲ။ လူတိုင်းကို ပိုပြီးကြိုးစားလာအောင် ပွဲထွက်ခွင့်ရဖို့ ပိုပြီး အားထုတ်လာအောင် အရည်အသွေးမြင့် ကစားသမားတွေ ထပ်လိုနေပါတယ်။ ကလပ်နဲ့ နည်းပြ ကလည်း ဒါကိုပဲ ကြိုးစားနေတာပါ။ နောက်ထပ် ကစားသမား တစ်ယောက် နှစ်ယောက်လောက် ထပ်ရဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘရိုင်ယန် အမ်ဘူမို၊ မားသီးယက်စ် ကူညာနဲ့ ဒီယေဂို လီယွန်လို လူငယ်ကစားသမား တစ်ဦးသာ ခေါ်ယူထားရသေးပြီး ပေါင် သန်း ၁၃၀ ဝန်းကျင် သုံးစွဲထားပါတယ်။ ဒါပေမယ့် အဲဗာတန်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နွေရာသီ စီးရီးမှာ ဘရူနို ဖာနန်ဒက်စ်က အသင်းက အားဖြည့်ဖို့ လိုနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်က အသင်းရဲ့ ကစားပုံ ကလည်း ပျင်းစရာ ကောင်းနေတာကြောင့် အပြောင်းအလဲ လုပ်ဖို့ လိုနေကြောင်းလည်း သုံးသပ်ခဲ့ပါသေးတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နွေရာသီ စီးရီးကို ရှုံးပွဲ မရှိ စံချိန်နဲ့ အဆုံးသတ်ထားနိုင်ပေမယ့် ခြေစွမ်းပိုင်း မှာတော့ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အဲဗာတန်နဲ့ ပွဲမှာ ဆိုရင် နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေ အပေါ် ဖာနန်ဒက်စ်က လုံးဝ ကျေနပ်ခြင်း မရှိခဲ့သလို အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

“ဘောလုံးမရှိချိန်မှာ ကျွန်တော် တိုရဲ့ ကစားပုံက အကောင်းဆုံး မဟုတ်ခဲ့ပါဘူး။ နည်းနည်းလေး ပျင်းရိလေးကန်နေခဲ့ကြပါတယ်။ ဒါကို ကျွန်တော်တို ဆင်ခြင်ရပါမယ်။ ဘာလို့လဲ ဆိုတော့ ပျင်းရိမှု အတွက် အချိန်မရွေး ပြန်ပေးဆပ်ရနိုင်လို့ပါ။” လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။
အဲဒီနောက် ဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက်လို ကလပ် အသင်းကြီး တစ်ခုမှာ ကစားရခြင်းရဲ့ ဖိအားတွေ အကြောင်း ကိုလည်း ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။ “အသေးစိတ်တိုင်းက အရေးကြီးပါတယ်။ ဒီကလပ်မှာ ကွင်းထဲမှာရော ကွင်းပြင်ပ မှာပါ အမှားလုပ်လို့ မရပါဘူး။ ဘာလိုလဲဆိုတော့ ကမ္ဘာတစ်ဝှမ်းမှာ အရမ်း ကြီးမားတဲ့ အတွက် အမှားလုပ်မိရင် အပြစ်ပေးခံရပါလိမ့်မယ်။ မီဒီယာတွေ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံရတဲ့အတွက် ဒါကို သတိထားရမယ်။ ဒီကလပ်ရဲ့ ယဉ်ကျေးမှုက အနိုင်ရရှိရေးပဲ ဖြစ်ပြီး အဲ့ဒီ စိတ်ဓာတ်ကို ကျွန်တော်တို့ ပြန်ယူလာရမယ်။”
“ကလပ်က တခြားသော အရာတွေ ကိုလည်း တိုးတက်အောင် လုပ်ဆောင်နေပါတယ်။ လေ့ကျင့်ရေးကွင်း၊ အထောက်အကူ ပစ္စည်းတွေ ပိုကောင်းလာပါတယ်။ အသင်းကို ဝန်ထမ်းတွေက တိုးတက်အောင် ကြိုးစားပေးနေပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ကြောင့် ကလပ်မှာ နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ ဝန်ထမ်း တော်တော်များများလည်း အလုပ် ကနေ ထွက်သွားခဲ့ရပါတယ်။ ပရိသတ်တွေ ကလည်း လက်မှတ်ခတွေ ပိုပေးပြီး အားပေးနေရပါတယ်။ သူတိုရဲ့ အားထုတ်မှု အားလုံးကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ အခုချိန်မှာတော့ ကျွန်တော် တို့က ကွင်းထဲက ခြေစွမ်းနဲ့ ပြန်လည် ပေးဆပ်ရမယ့် အလှည့်ပါပဲ။” လို့ ဘရူနို ဖာနန်ဒက်စ်က ပြောကြားသွားခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ဒီနွေရာသီ မှာလည်း ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ တန်ဖိုး မြင့်မားတဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး ယူနိုက်တက် မှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ထားခဲ့သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.