နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရိုက်တန် – ဆောက်သမ်တန် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ (ပွဲကြိုသုံးသပ်ချက်)

ဘရိုက်တန် – ဆောက်သမ်တန်

အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ရဲ့ ပွဲကောင်း တချို့ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဘရိုက်တန် ကတော့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဘရိုက်တန်ရော ဆောက်သမ်တန်ပါ ပြီးခဲ့တဲ့ တစ်ပတ်က ရှုံးပွဲ ကိုယ်စီ တွေ့ထားကြလို့ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေဖို့ ကြိုးစားကြမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
လိဒ် ယူနိုက်တက်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဘရိုက်တန်တို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ မြောက်လန်ဒန် ကလပ် နှစ်သင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ ပွဲစဉ် ၃၃ မှာတော့ မန်ချက်စတာစီးတီးကို ၃ ဂိုးပြတ်နဲ့ အရှုံးပေးထားရပါတယ်။ မန်ချက်စတာစီးတီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ခြေစွမ်းပိုင်းအရတော့ အဆိုးကြီး မဟုတ်ခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်း ခြေစွမ်းဟာ တော်တော်လေး အားရစရာကောင်းပြီး မန်ချက်စတာစီးတီးတို့ တိုက်စစ်ဆင်လို့ မရအောင်ကို မာမာထန်ထန်နဲ့ တုန့်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်တလော အဆင့် ၈ ပြင်ပက အသင်းတွေထဲမှာ ဘရိုက်တန်ဟာ ကစားပုံ တော်တော်လေး ကျစ်လျစ်ပြီး အနိုင်ယူရခက်တဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်တို့ အပေါ်က လက်စတာစီးတီးနဲ့ ၁ မှတ်သာ ကွာဟပေမယ့် ၂ ပွဲပိုကစားထားပါတယ်။ ဂရေဟမ်ပေါ်တာ အသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း စွမ်းဆောင်ရည် ကောင်းသလောက် အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ လုံးဝ အားရစရာ မရှိပဲ ကစားထားတဲ့ ၁၆ ပွဲကနေ ၁၅ မှတ်သာ ရှာဖွေထားနိုင်ပါတယ်။ ဒါ့အပြင် အိမ်ကွင်း နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ်။ အခုလာမယ့် ပွဲကိုတော့ အဓိက ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဘစ်ဆူးမား ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိနေပြီး မိုဒါနဲ့ ဒက်ဖီ ကလည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ်လူစာရင်း – ဆန်းချက်ဇ်၊ ဒန့်ခ်၊ ကူကာရယ်လာ၊ ဗဲလ်မန်း၊ လမ့်ပ်တေး၊ မက်ချ်၊ အဲလစ်စတား၊ မွီပူ၊ ကိုင်စီဒို၊ လီအန်ဒရို ထရော့ဆက်ဒ်၊ မူပေး

ဆောက်သမ်တန် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန်ထဲက တန်းဆင်းဇုန်ထဲက ဘန်လေကို ရှုံးနိမ့်ပြီး ရမှတ် ၃၉ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ ဆောက်သမ်တန်

ဆောက်သမ်တန် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန်ထဲက တန်းဆင်းဇုန်ထဲက ဘန်လေကို ရှုံးနိမ့်ပြီး ရမှတ် ၃၉ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိ အနေအထားအရ ဆိုရင် ဆောက်သမ်တန်တို့ အဆင့် ၉ နေရာက လက်စတာစီးတီးနဲ့ ၂ မှတ်သာ ကွာဟပေမယ့် တန်းဆင်းဇုန်နဲ့တော့ ၁၁ မှတ် ပြတ်နေပြီ ဖြစ်လို့ အမှတ်ပေးဇယား အလယ်လောက်နဲ့ ရာသီသိမ်းနိုင်ဖို့ပဲ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ရက်ဖ်ဟတ်ဆန်ဟတ်တဲလ် အသင်းရဲ့ လက်ရှိ ခြေစွမ်းပိုင်း ကတော့ တော်တော်လေး စုတ်ပြတ်နေတယ်လို့ ပြောလို့ ရပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ အာဆင်နယ် တစ်သင်းတည်းကို အနိုင်ရထားပါတယ်။ အဲ့ဒီ ၈ ပွဲမှာ ရှုံးပွဲ ကတော့ ၆ ပွဲ အထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်သမ်တန်ရဲ့ ဒီရာသီ အဝေးကွင်း ခြေစွမ်း တော်တော်လေး ညံနေတယ်လို့ ပြောလို့ ရပြီး ၁၆ ပွဲ ကစားပြီးချိန်မှာ ၁၄ မှတ်သာ ရရှိထားပါတယ်။ အခုလာမယ့် ပွဲကိုတော့ အဲလက်စ် မက်ကာသီ တစ်ဦးတည်း လွဲချော်ဖို့ ရှိနေပြီး ဆောက်သမ်တန်တို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ အရပ်ရပ် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၅ ကြိမ်မှာ ဆောက်သမ်တန်တို့ ၇ ကြိမ် အထိ အနိုင်ရခဲ့ပြီး ဘရိုက်တန် ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရထားပါတယ်။ ၆ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ ဆောက်သမ်တန်တို့ ဘရိုက်တန်ကို ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဒါ့အပြင် ဘရိုက်တန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံး စိန့်တို့ အနိုင်ရထားပြီး ဒီရာသီ ပထမအကျော့ ပွဲစဉ် မှာတော့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် အတွက် ၂.၂၁ ဆ၊ ဆောက်သမ်တန် အတွက် ၃.၁၀ ဆ၊ သရေ အတွက် ၃.၃၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အစဉ်အလာ အရတော့ ဆောက်သမ်တန်ဟာ ဘရိုက်တန်နဲ့ ကစားတိုင်းမှာ အသာရလေ့ ရှိပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရ ပြန်ကြည့်ရင်တော့ ဘရိုက်တန်က ပိုသာနေသလို ပိုပြီးလည်း ယုံကြည်လို့ ရနေပါတယ်။ ဒီတစ်ကြိမ်မှာလည်း သရေ ရလဒ်ပဲ မျှော်လင့်ထားချင်ပြီး အကျိုးအမြတ် သေချာဖို့ အတွက် ဆိုရင်တော့ ဂိုးပေါင်း အောက်ကိုပဲ ရွေးချယ်ထားစေချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်