ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ဘရိုက်တန် ကွင်းလယ် ကြယ်ပွင့်လေး ကားလို့ ဘယ်လီဘာ့ရဲ့ အခြေအနေကို သိရှိနိုင်ဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေကို ချဉ်းကပ် စုံစမ်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန် အမှုဆောင်အရာရှိချုပ် ပေါလ် ဘာဘာက မန်ချက်စတာယူနိုက်တက်ဟာ သူတို့ရဲ့ ကစားသမားကို ခေါ်ယူဖို့ ဆက်သွယ်ခြင်း မရှိခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ မားသီးယက်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမို တို့ကို ခေါ်ယူ အပြီးမှာ အသက် ၂၁ နှစ် အရွယ် ကွင်းလယ် ကစားသမားလေးကို ထပ်မံ ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို အားကောင်းစေရန် ရည်ရွယ်ထားပြီး ဘယ်လီဘာ့ဟာ ယူနိုက်တက် အတွက် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ဂန္တဝင် ကစားသမားကြီး ရီယို ဖာဒီနန် ကိုယ်တိုင်က အကြံပြု တိုက်တွန်းထားပါတယ်။
ဘယ်လီဘာ့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ကြားဖြတ်လုယူမှု ၄၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြတ်ထုတ်မှု ၄၆ ကြိမ်နဲ့ ၃ ဂိုး သွင်းကာ ၁ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ ဖေဘီယန် ဟက်ဇ်လာရဲ့ အသင်းက ယာအို ပက်ဒရိုဦ ဆိုင်မွန် အက်ဒင်ဂရာ၊ ပါဗစ် အက်စတူပီနန် တို့ကို လက်လွှတ်ထားရတာကြောင့် ဘယ်လီဘာ့ ကိုတော့ အသင်းမှာ ဆက်ထိန်းထားချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘရိုက်တန် ဥက္ကဌ ပေါလ် ဘာဘာက ဘယ်လီဘာ့ အနေနဲ့ ဇင်ယော်တွေနဲ့ အတူ “နှစ်ပေါင်းများစွာ ဆက်နေလိမ့်မယ်” မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

BBC Sussex ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ ဖိုရမ်ပွဲ တစ်ခုမှာ ဘာဘာက “ကျွန်တော် တို့မှာ အရည်အချင်း ရှိတဲ့ ကစားသမားကောင်းတွေ ရှိပါတယ်။ ကျွန်တော် တို့ဟာ ကျွန်တော် တို့ရဲ့ ကစားသမားတွေကို အမြဲတမ်း စိတ်ဝင်စားနေမှာပါ။ မန်ချက်စတာယူနိုက်တက်က ကျွန်တော် တို့ကို အဆက်အသွယ် မလုပ်သေးပါဘူး။ အဲ့တော့ ဒီရှုထောင့်က ကြည့်မယ် ဆိုရင် ထင်ကြေးက ထင်ကြေး အဖြစ်ပဲ ရှိနေမှာပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “စောစောက ပြောခဲ့သလိုပဲ ကျွန်တော် တို့ဟာ အကောင်းဆုံး ကစားသမားတွေကို မှန်ကန်တဲ့ အချိန်မှာ ရောင်းထုတ်ဖို့တော့ ကြိုးစားသွားမှာပါ။ အဲဒါက ကစားသမား အတွက်တင် မဟုတ်ဘဲ ကျွန်တော်တို့ အတွက်လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ ကစားသမား တချို့နဲ့ လမ်းခွဲဖို့ လိုအပ်ရင်လည်း လမ်းခွဲမှာပါ။ ဖေဘီယန်ကို ပြိုင်ဆိုင် ပြင်းထန်တဲ့ အသင်းနဲ့ မြင်တွေ့ရဖို့ ရည်ရွယ်ချက် ရှိပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် တို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို မရောင်းချင်ပါဘူး။”
“ကားလို့စ်ဟာ အံ့မခန်း ထူးချွန်တဲ့ ပါရမီရှင် တစ်ဦးပါ။ သူ့ အတွက် နှစ်တွေ အများကြီး ရှိနေသေးပြီး သူဒီမှာ နောင်နှစ်ပေါင်းများစွာ ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ အမြဲတမ်း ခန့်မှန်းလို့ မရတဲ့ ဘောလုံးလောကရဲ့ ဒိုင်းနမစ်တွေ အပေါ် မူတည်နေတဲ့ အရာပါ။” လို့ ဘာဘာက ဆက်လက် ပြောကြားခဲ့ပါတယ်။
လက်ရှိ အခြေအနေအရ ဘရိုက်တန် ကတော့ သူတို့ရဲ့ ကြယ်ပွင့်လေး ဘယ်လီဘာ့ကို လုံးဝ ရောင်းထုတ်လိုခြင်း မရှိတဲ့ပုံပါပဲ။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ကြိုးပမ်းရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန် ဘက်ကတော့ တကယ်ကို မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေး အလိုရှိနိုင်တာကြောင့် ခက်ခဲတဲ့ အပြောင်းအရွှေ့ တစ်ခု အဖြစ် အဆုံးသတ်ဖွယ် ရှိနေပါတယ်။ပရီးမီးယားလိဂ် ထိပ်သီးတို့ဟာ လက်ရှိမှာ အထောင်တိုက်စစ် အတွက် ဘင်ဂျာမင် ဆက်စ်ကိုကို လိုက်နေပါတယ်။ ဒါပြီးတော့ရင်တော့ ယူနိုက်တက်က ဒီနွေရာသီမှာပဲ ကွင်းလယ် ကစားသမားသစ် တစ်ဦး ထပ်မံ ခေါ်ယူဖို စီစဉ်ထားကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.