ဘရန့်ဖို့ဒ် vs တော့တင်ဟမ်ဟော့စပါး
ပရီးမီးယားလိဂ်မှာ တောက်လျောက် ရလဒ်တွေ ပြန်ကောင်းနေခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ ဒီတစ်ပတ် မှာတော့ အဆင့် ၄ နေရာ အတွက် တိုက်ပွဲဝင်နေတဲ့ တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ လန်ဒန်မြို့ခံ နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တဲ့ အတွက် ကျိန်းသေပေါက် အကြိတ်အနယ် ရှိလာဦးမှာ ဖြစ်ပြီး အစဉ်အလာအတိုင်း စပါးတို့ ဘရန့်ဖို့ဒ်ကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အကြာမှ ပရီးမီးယားလိဂ်မှာ ပြန်ကစားခွင့်ရခဲ့တဲ့ ဘရန့်ဖို့ဒ် အတွက် ပွဲဦးထွက် ကတော့ တော်တော်လေး လှပနေတယ်လို့ ပြောလို့ ရပါတယ်။ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ရာသီဝက်လောက်မှာ ကစားသမား အင်အား မလုံလောက်မှုကြောင့် ခြေစွမ်း သိသိသာသာ ကျဆင်းပြီး ရှုံးပွဲတွေ ဆက်ခဲ့ပေမယ့် လက်ရှိ မှာတော့ ပုံစံကောင်းတစ်ခု ပြန်ရနေခဲ့ပြီလို့ ပြောလို့ ရပါတယ်။ ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းက စပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲ ကစားခဲ့ရာမှာ လက်စတာစီးတီး တစ်သင်းတည်းကို ရှုံးနိမ့်ပြီး ကျန် ၅ ပွဲစလုံး အနိုင်ရထားပါတယ်။ ဘရန့်ဖို့ဒ်တို့ ခြေစွမ်း ပြန်တက်လာခြင်းရဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ခရစ္စတီယန် အဲရစ်ခ်ဆင်လည်း ပါဝင်ပြီး ဒိန်းမတ် ကွင်းလယ် ဖန်တီးရှင် အနေနဲ့ ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်နဲ့ ခံစစ် ကို အကောင်းဆုံး ချိတ်ဆက်ပေးနေသလို၊ ဘောလုံး ဖြန့်ဝေမှု၊ ဂိုးဖန်တီးမှု အပိုင်းတွေမှာ အကောင်းဆုံး စွမ်းဆောင်ပေးနေတာ တွေ့ရပါတယ်။ ဒဒါ့အပြင် အိုင်ဗန် တိုနီ၊ အမ်ဘူအမ်မို၊ ဝစ်ဆာ တို့ကလည်း လုပ်အားနှုန်း ကောင်းကောင်းနဲ့ အသင်း အတွက် အရေးပါတဲ့ သွင်းဂိုးတွေ ရှာဖွေပေးနေပါတယ်။ စိတ်ဓာတ်ပိုင်း ကတော့ ပြောစရာ မလိုအောင် နိုင်လိုစိတ် ပြင်းထန်ပြီး အားနည်းချက် ကတော့ ပြိုင်ဘက်ရဲ့ Long Shot တွေနဲ့ တန်ပြန် တိုက်စစ် ထိန်းချုပ်နိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ကေးနော့စ်၊ ပင်နော့ခ်၊ အွန်ရက်ကာ တို့ ဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – အယား၊ ရာယာ၊ ဂျန်ဆန်၊ ဆိုရန်ဆင်၊ ဟင်နရီ၊ ဂျနဲလ်တ်၊ နောဂတ်၊ အဲရစ်ခ်ဆင်၊ အမ်ဘူအမ်မို၊ တိုနီ၊ ဝစ်ဆာ
အန်တိုနီယို ကွန်တီရဲ့ စပါး ကတော့ တောက်လျောက် နိုင်ပွဲတွေ ဆက်လာပြီးမှ ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အာဆင်နယ်ရဲ့ အနီးကပ် ဖိအားပေးခြင်းကို ခံနေရပါတယ်။ အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ အဆင့် ၄ နေရာကို အရယူထားနိုင်တဲ့ စပါးတို့ တစ်ဖက်က အာဆင်နယ်နဲ့ ယူနိုက်တက် ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်းယူဖို့ မဖြစ်မနေ အားစိုက်ရဦးမှာပါ။ ခြေစွမ်းပိုင်းအရ ဆိုရင်တော့ အထွေအထူး သုံးသပ်စရာ မရှိပေမယ့် ခံစစ် ကျစ်ကျစ်လျစ်လျစ် ကစားပြီး မာမာထန်ထန် တုန့်ပြန်တတ်တဲ့ အသင်းနဲ့ တွေ့ရင်တော့ ဂိုးသွင်းကောင်းနေပါတယ် ဆိုတဲ့ တိုက်စစ်က ဆွန်-ကိန်း-ကူ တို့လည်း စပါးကို မကယ်နိုင်ပါဘူး။ ကွန်တီ အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ရှုံးပွဲ ၆ ပွဲ အထိ ရှိထားပြီး နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲ ရှုံးထားတာက အားရစရာ အခြေအနေ တစ်ခုတော့ မဟုတ်ပါဘူး။ အခုလာမယ့် ပွဲကိုတော့ ဒိုဟာတီ၊ စကစ်ပ်၊ တန်ဂန်ဂါ တို့က လွဲလို့ စပါးတို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်နိုင်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – လိုရစ်၊ ဒိုင်ယာ၊ ရိုမဲယို၊ ဒေးဗီးစ်၊ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ အီမာဆင်၊ ဆက်ဆနွန်၊ ဆွန်၊ ကူလူဆက်ဗ်စကီး၊ ကိန်း




ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွင်း ဘရန့်ဖို့ဒ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ၂ ကြိမ်သာ တွေ့ဆုံထားခဲ့ပါပြီး ၂ ကြိမ်စလုံးမှာ စပါးတို့ အနိုင်ရထားခဲ့ပါတယ်။ နှစ်ကြိမ်စလုံး စပါးရဲ့ အိမ်ကွင်းမှာ ကစားထားခဲ့တာ ဖြစ်ပြီး ၂-၀ ရလဒ်တွေပဲ ထွက်ပေါ်ထားခဲ့တာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ ဘရန့်ဖို့ဒ် အတွက် ၃.၈၅ ဆ၊ တော့တင်ဟမ်ဟော့စပါး အတွက် ၁.၉၁ ဆ၊ သရေ အတွက် ၃.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ စပါးတို့ ပြီးခဲ့တဲ့ ပွဲမှာ နိုင်ပွဲ ပျောက်ခဲ့လို့ ဒီပွဲမှာတော့ မဖြစ်မနေ ၃ မှတ် ပြန်ရဖို့ အားစိုက်လာပါလိမ့်မယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ် ကလည်း လွယ်ကူတဲ့ ပြိုင်ဘက် မဟုတ်လို့ စပါးတို့ ရုန်းကန်ရနိုင်ပါတယ်။ အဓိက ကတော့ ကွင်းလယ်ချင်း အားပြိုင်ကြရမယ့်ပွဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် မှာတော့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ များပါတယ်။ အဘက်ဘက်က တွေးပြီး ရွေးပါ ဆိုရင်တော့ သွင်းဂိုး အများနဲ့ စပါး ကိုသာ အကြိုက်တွေ့မိတော့တာပါပဲ။
ခန့်မှန်းရလဒ် (၂-၃)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.