ဘရိုက်တန် – ဘရန့်ဖို့ဒ်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ American Express မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ထိပ်တိုက် တွေ့ဆုံချိန်တိုင်းမှာ တစ်သင်းနဲ့ တစ်သင်း အသာရဖို့ ခက်ခဲခဲ့တဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို ထပ်မံ မြင်တွေ့ရဦးမှာ ဖြစ်ပြီး တစ်နည်း အားဖြင့် အမှတ်ပေးဇယား အလယ်က နှစ်သင်းရဲ့ အမှတ်လုပွဲကို ရှုစားကြရမှာ ဖြစ်ပါတယ်။
ဖေဘီယန် ဟက်ဇီလာရဲ့ ဘရိုက်တန်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ရှုံးပွဲ ၁ ပွဲ ရှိထားပါတယ်။ ဒါပေမယ့် ဘရိုက်တန်က ၂၀၂၅-၂၆ ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိတာ တွေ့ရပြီး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၄ ပွဲ နိုင်၊ ၄ ပွဲ သရေ၊ ၃ ပွဲ ရှုံး ရလဒ်များ ရရှိထားခဲ့ပါတယ်။ မကြာသေးမီက ရက်သတ္တပတ်တွေ အတွင်း မှာတော့ အနည်းငယ် တိုးတက်လာခဲ့ပြီး သူတို့ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ် (၃ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံး)။ ဒါ့အပြင် ဘရိုက်တန်က လက်ရှိမှာ အဆင့် ၄ နေရာက အသင်းနဲ့ ၃ မှတ်သာ ကွာဟနေပြီး အခုပွဲမှာသာ ရလဒ်ကောင်းခဲ့မယ် ဆိုရင် ဇယား ထိပ်ပိုင်းကို တက်လှမ်းနိုင်ခြေ ရှိနေပါတယ်။ ဘရိုက်တန်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ရှုံးပွဲ လုံးဝ မရှိသေးတာ တွေ့ရပါတယ်။
ဘရန့်ဖို့ဒ် ကတော့ သောမက်စ် ဖရန့်ခ်၊ အမ်ဘူမို၊ ဝစ်ဆာတို့ မရှိတော့ပေမယ့် နည်းပြသစ် ကိတ်သ် အန်ဒရူး လက်ထက်မှာ သိပ်ပြီး အထိုင်ပျက်သွားတာ မတွေ့ရပါဘူး။ ပျားတွေက ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၅ ပွဲအထိ ရှိထားပေမယ့် တစ်ဖက် မှာလည်း နိုင်ပွဲက ၅ ပွဲ အထိ ရှိထားပါတယ်။ သူတို့ဟာလည်းပဲ ရမှတ် ၁၆ မှတ် အထိ စုဆောင်းထားနိုင်ပြီး ဇယားထိပ်ပိုင်းက အသင်းတွေနဲ့ ရမှတ်ကွာဟချက် တော်တော်လေး ကျဉ်းမြောင်းနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဘရန့်ဖို့ဒ်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး လစ်ဗာပူးလ်နဲ့ နယူးကာဆယ် တို့လို အသင်းတွေကို အနိုင်ယူပြထားလို့ လျှော့တွက်လို့ မရပါဘူး။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲ ကိုတော့ ဘရိုက်တန် ဘက်က အဒမ် ဝက်ဘ်စတား၊ ဟင်ရှဲလ်ဝုဒ်၊ မီလ်နာ၊ ဂရူဒါ၊ မီတိုမာ၊ မာ့ချ် တို့ လွဲချော်ဖို့ ရှိနေပါတယ်။ ဘရန့်ဖို့ဒ် ဘက်မှာတော့ ဒဏ်ရာပြဿနာ ကင်းစင်နေပြီး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုင်ဖာ၊ ဒန့်ခ်၊ ဗန်ဟက်ကီ၊ ကာဒီယိုဂလူ၊ ဘယ်လီဘာ့၊ အယာရီ၊ မင်တာ့ရ်၊ ရတ်တာ၊ ဂိုးမက်ဇ်၊ ဝဲလ်ဘက်ခ်
ဘရန့်ဖို့ဒ် – ခယ်လာဟာ၊ ကာယိုဒီ၊ ကောလင်းန်၊ ဗန်ဒန်ဘက်ဂျ်၊ အယား၊ ဟန်ဒါဆန်၊ ယာမိုလစ်ခ်၊ ချာဒီ၊ ဒမ်းစ်ဂတ်၊ အော့တ်တာရာ၊ အီဂေါ သီယာဂို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၈ ကြိမ်၊ ဘရန့်ဖို့ဒ်က ၆ ကြိမ် အနိုင်ရထားကြပြီး ၅ ကြိမ် သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၈ ကြိမ်မှာ ဘရိုက်တန်က ၃ ကြိမ်နိုင်၊ ဘရန့်ဖို့ဒ်က ၂ ကြိမ်နိုင်ပြီး ၃ ကြိမ် သရေကျခဲ့ပါတယ်။ ဘရိုက်တန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၉ ကြိမ် မှာတော့ ဘရိုက်တန်က ၄ ကြိမ်၊ ဘရန့်ဖို့ဒ်က ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1×2 မှာ ဘရိုက်တန် နိုင်ရင် ၁.၉၅ ဆ နီးပါး ရမှာ ဖြစ်ပြီး ဘရန့်ဖို့ဒ် နိုင်ရင်တော့ ၃.၄၃ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘရိုက်တန်က သရေ တစ်ဝက်ရှုံး၊ သရေရှုံး၊ တစ်လုံး တစ်ဝက်စား ဆိုပြီး ဖွင့်လှစ်ပေးထားပါတယ်။ ဂိုးပေါင်း ကလည်း ၂.၅၀ က စဖွင့်ထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ၃ ကြိမ်က သရေကျခဲ့ပြီး နောက်ထပ် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။ ဘရိုက်တန်က ဒီရာသီ အိမ်ကွင်း ရှုူံးပွဲ မရှိသေးပဲ ဘရန့်ဖို့ဒ် ကတော့ အဝေးကွင်း ဆိုရင် ရုန်းကန်နေရပါတယ်။ ဇင်ယော်တွေ အနေနဲ့ ပျားတွေကို အနိုင်ယူဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားမယ်လို့ မျှော်လင့်ပါတယ်။ ဘရိုက်တန် ကပ်နိုင်သွားပြီး ဂိုးကတော့ မပြတ်နိုင်ပါဘူး။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၂-၁ ဘရန့်ဖို့ဒ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


