နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် ကြယ်ပွင့်ကို ပြန်လည် ခေါ်ယူချင်နေတဲ့ တီကို၊ မူဒရစ်ခ် မရရင် ဟာဇက်ကို ခေါ်မယ့် ဂန်းနား (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ယူနိုက်တက် ကြယ်ပွင့်ကို ပြန်လည် ခေါ်ယူချင်နေတဲ့ တီကို၊ မူဒရစ်ခ် မရရင် ဟာဇက်ကို ခေါ်မယ့် ဂန်းနား စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၁ ရက်နေ့ ညရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ယူနိုက်တက် ကြယ်ပွင့်ကို စပိန်မြေကို ပြန်လည် ခေါ်ယူချင်နေတဲ့ အက်သလက်တီကို

လက်ရှိ နည်းပြသစ် တန်ဟက်ဂ်ရဲ့ လက်ထက်မှာ နေရာပေးခံလာရတဲ့ အလက်ဂျန်ဒရို ဂါနာချိုကို အသင်းဟောင်း ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ်က ပြန်လည် ခေါ်ယူလိုနေတယ်လို သိရပါတယ်။ ဂါနာချိုဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၃ပွဲ အထိ ကစားခွင့်ရထားခဲ့ပြီး သွင်းဂိုး ၂ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ် အထိ ပြုလုပ်ထားခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တိုင်းသား ကြယ်ပွင့်ကစားသမားဟာ ယူနိုက်တက်ရဲ့ အနာဂတ် စီမံကိန်း မှာလည်း အရေးပါတဲ့ ကစားသမားလေး ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းဘက်ကလည်း ဂါနာချိုကို ကာလရှည် စာချုပ်ချုပ်ဆိုဖို ကမ်းလှမ်းထားခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်ရဲ့ ဂါနာချို တိုရဲ့ စာချုပ် အခြေအနေကို ဂါနာချိုရဲ့ အသင်းဟောင်း ဖြစ်တဲ့ အက်သလက်တီကို အသင်းက စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။ အက်တလက်တီကိုဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ စံချိန်တင် ကြေးရှင် ယာအို ဖီးလစ်ကို ရောင်းထုတ်ဖို သတင်းထွက်နေတာကြောင့် အကယ်ဒမီထွက် ကစားသမားဟောင်းလေးကို ပြန်လည်ခေါ်ယူဖို စိတ်ဝင်စားလာခဲ့ပါတယ်။

ဒါပေမယ့် ဂါနာချို ကတော့ ယူနိုက်တက် အပေါ်သာ အပြည့်အဝ အာရုံစိုက်ချင်နေတာကြောင့်၊ အပြောင်းအရွှေ့ သတင်းတွေကို လျှစ်လျှူရှုထားတယ်လို့ သိရပါတယ်။ ယူနိုက်တက် ဘက်ကလည်း သင့်တင့်တဲ့ လုပ်ခနဲ့ ကစားသမားကို စာချုပ်သစ် ကမ်းလှမ်းဖို ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ကစားသမား အနေနဲ့ စာချုပ်သစ် ကိစ္စသာ အဆင်မပြေခဲ့ရင် စပိန်မြေကို ပြန်မလား၊ ယူနိုက်တက်မှာပဲ ဆက်နေ မလားကတော့ စိတ်ဝင်စားဖို ကောင်းနေပါတယ်။

 

ဆော်ဒီ ကလပ်နဲ့ ပွဲဦးထွက်မှာ မက်ဆီနဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ရော်နယ်ဒို

ကမ္ဘာ့ဘောလုံး လောကရဲ့ ဆိတ်ကြီးတစ်ပါး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူရဲ့အာရှမြေ ပွဲဦးထွက်မှာပဲ မဟာပြိုင်ဘက် ဆိတ်ကြီး မက်ဆီနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရဖွယ် ရှိနေခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်တလောမှာတော့ အဲဗာတန် ပရိသတ်တစ်ဦးရဲ့ဖုန်းကို လက်နဲ့ ပုတ်ချခဲ့တဲ့ အပြုအမှုကြောင့် အင်္ဂလန်ဘောလုံးအဖွဲချုပ် ကနေ (၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်ထားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ အဆိုပါ ပြစ်ဒဏ်ကြောင့် ဆော်ဒီမြေမှာ Al Taee ၊ Al-Shabab အသင်းတိုနဲ့ ပွဲစဥ်တွေကို လွဲချော်ခဲ့ပါတယ်။

ဇန်နဝါရီ(၁၉)ရက်နေ့ မှာတော့ ဆော်ဒီ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ အယ်လ်နာဆာနဲ့ အယ်ဟီလာ၂ သင်း ပေါင်းထားတဲ့ အသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို ခြေစမ်းပွဲစဉ် အဖြစ် ယှဥ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။ အဆိုပါပွဲစဥ်မှာ ရော်နယ်လ်ဒို အနေနဲ့ ပွဲထွက်ကစားသွားဖွယ် ရှိနေသလို ပြိူင်ဘက်ဟောင်းကြီး မက်ဆီနဲ့လည်း ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။

အဆိုပါခြေစမ်းပွဲစဉ်ကို ပီအက်စ်ဂျီ အသင်းဘက်ကလည်း လီယွန်နယ် မက်ဆီ အပါအဝင် ထိပ်တန်းကစားသမား အများစုကိုပါ ခေါ်ဆောင်လာဖွယ်ရှိနေတာကြောင့် ဆော်ဒီမြေမှာ ဆိတ်ကြီး နှစ်ဦးရဲ့ အားပြိုင်မှု ကိုလည်း မြင်တွေ့သွားရဖို့ ရှိပါတယ်။

 

အီဒင် ဟာဇက်ကို Plan B အနေနဲ့ သတ်မှတ်ထားတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ လက်ရှိအချိန်မှာ ဆိုရင်တော့ ရှက်တာဒိုးနက်စ် တောင်ပံကစားသမား မိုင်ခေလို မူဒရစ်ခ်ကို ခေါ်ယူဖို ကြိုးပမ်းနေပါတယ်။
တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ မူဒရစ်ခ်ကို ခေါ်ယူချင်နေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ လက်ရှိအချိန်မှာ ဆိုရင်တော့ ရှက်တာဒိုးနက်စ် တောင်ပံကစားသမား မိုင်ခေလို မူဒရစ်ခ်ကို ခေါ်ယူဖို ကြိုးပမ်းနေပါတယ်။ ကစားသမားနဲ့ အဆင်ပြေပေမယ့်လည်း ရှက်တာဒိုးနက်စ် အသင်းက ဈေးကိုင်နေလို့ ခုထိ သဘောတူညီမှု မရသေးပါဘူး။

အာဆင်နယ် အသင်းရဲ့ နောက်ဆုံး ကမ်းလှမ်းမှု ကတော့ အပိုဆုကြေး အပါအ၀င် ပေါင်သန်း ၆၀ ခန့်ဖြစ်ပြီး ဒါကို ရှက်တာဒိုးနက်စ် ဘက်က ပယ်ချထားပါတယ်။ ရှက်တာဒိုးနက်စ်အသင်း တာ၀န်ရှိသူတွေက သူတိုရဲ့ ကစားသမားဟာ ပေါင်သန်း ၁၀၀ တန်တယ်လို ယုံကြည်ထားတာ ဖြစ်ပါတယ်။

ရှက်တာဒိုးနက်စ်အသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စ အဆင်မပြေတဲ့ အပြင် မူဒရက်ခ်ကို ခေါ်ယူဖိုအတွက် ချဲလ်ဆီးကပါ စိတ်၀င်စားလာပါတယ်။ ဒါကြောင့် အာဆင်နယ်တိုရဲ့ မူဒရက်ခ်ကို ခေါ်ယူမယ့် အစီအစဉ်တွေဟာ မသေချာမရေရာ ဖြစ်နေတာပါ။

ဒီလိုအချိန်မျိုးမှာ အာဆင်နယ် အနေနဲ့ မူဒရက်ခ်ကို လက်လွှတ်ရရင် ခေါ်ယူမယ့် Plan B ကိုလည်း ပြင်ဆင်ထားပါတယ်။ အဲ့ဒီ Plan B ဆိုတာ ကတော့ ရီးရဲလ်မက်ဒရစ်မှာ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား အီဒင် ဟာဇက်ပဲ ဖြစ်ပါတယ်။ ဒီသတင်းကို ပြီးခဲ့တဲ့လတွေကတည်းက အားကစားသတင်းတွေမှာ ယုံကြည်စိတ်ချရတဲ့ Santi JFM ကလည်း ရေးသားခဲ့ဖူးတာကြောင့် စိတ်၀င်စားဖို့ ကောင်းလာပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ အီဒင်ဟာဇက်ကို စိတ်ကုန်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယခု ဇန်နဝါရီ ဈေးကွက်မှာပဲ ရောင်းထုတ်ချင်နေတယ်လို သတင်းတွေ ထွက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်