လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အာဆင်နယ် နောက်ခံလူ ဝီလီယမ် ဆလီဘာကို လာမယ့် အပြောင်းအရွှေ့တွေမှာ ခေါ်ယူသွားချင်နေပါတယ်။ သတင်းတွေအရ ဆိုရင် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ သူတို့ရဲ့ အဓိက နောက်ခံလူ အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း အမ်းမရိတ်စ် မှာသာ ပျော်ရွှင်နေပြီး သူတို့နဲ့ ဆက်လက် လက်တွဲသွားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
မီခဲလ် အာတေးတားက “သူ ဒီမှာ အရမ်းပဲ ပျော်ရွှင်နေပါတယ်။ ကျွန်တော် တို့နဲ့လည်း ရှေ့ဆက် လျှောက်လှမ်းချင်နေပါတယ်။ အနာဂတ် အတွက် ကျွန်တော် တို့ရဲ့ ဆွေးနွေးမှုတွေ ကတော့ အချိန်ယူရဦးမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ် ဘက်ကတော့ အသင်းနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဆလီဘာကို လုပ်ခလစာ တိုးမြှင့်ပေးပြီး စာချုပ် သက်တမ်းတိုးဖို့ စီစဉ်နေကြောင်း သိရပါတယ်။
နောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ ရီးရဲလ်မက်ဒရစ်က ဆလီဘာကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့်လည်း သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခြင်း မရှိရင် စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ် အထိ စောင့်ဆိုင်းသွားဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် တို့ နောက်ပိုင်း နင်းလာတဲ့ အကွက် ဖြစ်ပြီး အရင်ဆုံး သွေးတိုးစမ်းပြီး ကမ်းလှမ်းမယ်။ ရရင် ဈေးနည်းနည်းနဲ့ ခေါ်ဖို့ ကြိုးစားမယ်။ မရရင် ကစားသမားတွေကို ကြိုတင် ချိတ်ဆက် ဖျောင်းဖျပြီး စာချုပ်သက်တမ်း ကုန်ချိန်မှာသာ အလွတ်နဲ့ ခေါ်ယူမယ့် ဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ်။
ဆလီဘာ ကတော့ အသက် ၂၄ နှစ် အရွယ်သာ ရှိနေသေးပေမယ့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေ ထဲက တစ်ယောက် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒီလို အနာဂတ်မှာ ပိုမို တောက်ပလာမယ့် ကစားသမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ကစားသမားရဲ့ ကိုယ်စားလှယ် အဖွဲနဲ့ ရက်သတ္တပတ်ပေါင်းများစွာ ဆက်သွယ် ဆွေးနွေးနေခဲ့ကြောင်းလည်း ပြင်သစ် အားကစား သတင်းစာ L’Equipe ရဲ့ ဖော်ပြချက် အရ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အခုနှစ် ဘောလုံးရာသီမှာ ခံစစ်ပိုင်းက ဒဏ်ရာပြဿနာတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပြီးတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဒေးဗစ် အလာဘာနဲ့ အီဒါ မီလီတာအိုတို့ နှစ်ဦးစလုံး ကလည်း အချိန်တော်တော်များများမှာ ပါဝင် ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဆလီဘာလို ကြံ့ခိုင်မှုကောင်းပြီး Roll Royce လို့တောင် တင်စားခံရတဲ့ ခံစစ်မှူးကို လာလီဂါ ထိပ်သီး ကလပ်က အသည်းအသန် လိုချင်နေတာ ဖြစ်ပါတယ်။

ဆလီဘာကို လာလီဂါ ထိပ်သီး ကလပ် အပြင် ဥရောပ ထိပ်တန်း ကလပ် များစွာ ကလည်း စိတ်ဝင်စားနေပါသေးတယ်။ ဆလီဘာဟာ အာဆင်နယ်နဲ့ လက်ရှိ စာချုပ် သက်တမ်းအရ ၂ နှစ်သာ ကျန်ရှိတော့တာကြောင့် အာဆင်နယ် အတွက် ပြင်သစ် ကြယ်ပွင့်ကို ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားနဲ့ ရောင်းချနိုင်မယ့် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်လာနိုင်ပါတယ်။ ဂန်းနားတို့ ဘက်က ဆလီဘာကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့်လည်း L’Equipe ကတော့ ရီးရဲလ်မက်ရစ်ဟာ ဒီကစားသမားကို ခေါ်ယူနိုင်ခြေ အရှိဆုံး တစ်သင်းတည်းသော ကလပ် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဆလီဘာ ကတော့ ဒီကနေ့ည ပီအက်စ်ဂျီနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ အဓိက ကစားသမား အဖြစ် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ပြင်သစ်သား အနေနဲ့ ဂါဘရီရယ် ဒဏ်ရာ ရရှိနေချိန်မှာ ခီဗီယောနဲ့ အတူ အာဆင်နယ် ခံစစ်ကို အကောင်းဆုံး ဦးဆောင်နေပြီး ပြိုင်ဘက် ပီအက်စ်ဂျီရဲ့ တိုက်စစ်ကို အကောင်းဆုံး တားဆီးပြသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.