အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိနိုင်တဲ့ အသင်းက ၉ သင်းလောက် ရှိနေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် အနေနဲ့ လာမယ့် ရာသီ ဆုဖလား လက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်မယ်လို့လည်း ယုံကြည်ကြောင်း အာတေးတားက ထပ်လောင်း ပြောကြားသွားခဲ့ပါသေးတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့သာ ကျေနပ်ထားခဲ့ရပြီးတော့ အခုလာမယ့် နှစ်မှာတော့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့ မှာတော့ အာဆင်နယ်က မာတင် ဇူဘီမန်ဒီ၊ ခရစ်ရှ် နောဂတ် ၊ နိုနီ မာဒူခေး၊ ကီပါ အရစ်ဇာဘာလာဂါ၊ ခရစ္စသီယန် မော့စ်ကီယာနဲ့ ဗစ်တာ ယိုကီးရက်စ် တို့လို ကစားသမားကောင်းတွေကို ပေါင် သန်း ၁၈၀ ကျော် သုံးစွဲထားပြီး ဖြစ်ပါတယ်။ လက်ရှိ အာဆင်နယ်ရဲ့ လူအင်အားကို ပြန်ကြည့်မယ် ဆိုရင် ဘယ်တောင်ပံ တစ်နေရာသာ အားနည်းနေပြီး ကျန်နေရာ အားလုံး မှာတော့ အဓိက ကစားသမားရော၊ အရန် အင်အားပါ တောင့်တင်းနေပြီ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ လူစာရင်းက အရင်နှစ်တွေနဲ့ ဘာမှမဆိုင်တော့လောက်အောင် တိုးတက်လာတယ်လို့တောင် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ် နည်းတူ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီး တို့လို ပြိုင်ဘက်တွေ ကလည်း ဒီနွေရာသီမှာ အားရစရာ ဖြည့်တင်းမှုတွေ ပြုလုပ်ထားပြီး လာမယ့် ရာသီ အတွက် အဆင်သင့် ဖြစ်နေကြပါပြီ။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ မီခဲလ် အာတေးတားက “နှစ်တိုင်း ကျွန်တော်တို့ တိုးတက်လာတာကို မြင်ရပါတယ်။ ရင့်ကျက်မှု၊ အတွေ့အကြုံ၊ ငယ်ရွယ်မှုနဲ့ ဆာလောင်မှု စတဲ့ ဟန်ချက်ညီတာမျိုးလည်း ရှိပါတယ်။ အဲဒီအရာတွေ အားလုံး ဒီမှာ ရှိနေပါပြီ။ အမှတ်ပေး ပြိုင်ပွဲ အတွင်းမှာ တခြား ကလပ် ၆ သင်း၊ ၇ သင်း၊ ၈ သင်းလောက် ရှိနေပြီး ဗိုလ်စွဲနိုင်မယ့် စုဖွဲမျိုးလည်း ရှိနေပါတယ်။ အဲဒီအထဲက တစ်သင်းတည်း ဗိုလ်စွဲမှာပါ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အရာ တော်တော်များများကို အာရုံစိုက်ထားမှ ရပါလိမ့်မယ်။ ရာသီကုန်မှာ အောင်မြင်မှု ရနိုင်ဖို့ ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်သလို၊ လုပ်လည်း လုပ်နိုင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က နည်းပြ မီခဲလ် အာတေးတား လက်ထက်မှာ တစ်နှစ်ထက် တစ်နှစ် သိသိသာသာ တိုးတက်လာပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်တာ အတွင်း အဓိက ဆုဖလား တစ်လုံးမှ မရယူနိုင်ခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် အခုလာမယ့် ရာသီက အာတေးတား အတွက် ဆင်ခြေပေးလို့ မရနိုင်တော့မယ့် ရာသီ ဖြစ်ကြောင်း သုံးသပ်နေကြပြီး ဒီအခြေအနေကို စပိန်သား နည်းပြ အပါအဝင် အသင်းသား အားလုံးလည်း သိထားပုံပါပဲ။ အကယ်၍ အာတေးတားသာ ဒီရာသီမှာ အာဆင်နယ်ကို အောင်မြင်မှု ကြီးကြီးမားမား မရယူပေးနိုင်ခဲ့ရင် ကျိန်းသေပေါက် အသင်း ကနေ ထွက်ခွာရဖို့ များသွားမှာလည်း ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သတ်ပြီး သတင်းထောက်တွေက ဒီနှစ်မှာ အာဆင်နယ် အနေနဲ့ ဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်မယ်လို့ ယုံကြည်သလားလို့ မေးမြန်းရာမှာတော့ “ဟုတ်ကဲ့။ ကျွန်တော် ယုံကြည်ပါတယ်။ နှစ်တိုင်း ပိုပိုပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာပါတယ်။ အဆင့်အတန်း ကလည်း မြင့်တက်လာတယ်။ ဒါကို ကျွန်တော်တို့ သိထားတဲ့ အတွက် ကျွန်တော် တို့ရဲ့ တောင်းဆိုမှုတွေ ကလည်း မြင့်တက်လာဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော် တို့လည်း အပြောင်းအရွှေ့ ဈေးကွက်မှာ တော်တော်လေး လှုပ်ရှားခဲ့ပါတယ်။”
“အဲဒီနောက်မှာ အဓိက ရည်မှန်းချက်ကြီး တစ်ခု ကတော့ ကျွန်တော်တို့ ဆီမှာ ရှိပြီးသား ကစားသမားတွေကို တိုးတက်စေဖို့ပါပဲ။ ပြီးတော့ ရာသီကြို ကာလမှာ မှန်ကန်တဲ့ အခြေခံအုတ်မြစ်တွေ မူဝါဒတွေကို ချမှတ်ခဲ့ပြီး အသင်းကို အကောင်းဆုံးပုံစံနဲ့ ရာသီစတင်နိုင်ဖို့ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ရပါမယ်။ ပြီးခဲ့တဲ့ရာသီကုန်မှာရော ရာသီကြိုကာလ အသင်းကို ပြန်လာကြတဲ့ ပထမဦးဆုံးနေ့မှာပါ ကစားသမားတွေ ပြောနေကြတဲ့ တစ်ခုတည်းသော အရာက ‘ကောင်းပြီ၊ ငါတို့ ဘယ်လို ပိုကောင်းအောင် လုပ်ကြမလဲ။ ဘယ်လို ထပ်ပြီး ကြိုးစားကြမလဲ။’ ဆိုတာပါပဲ။ ပြိုင်ပွဲကြီး နှစ်ခုမှာ ကျွန်တော်တို့ အောင်မြင်မှုနဲ့ အရမ်းနီးစပ်ခဲ့တယ် ဆိုတာ သိထားပြီး နောက်တစ်ဆင့်ကို တက်လှမ်းချင်နေကြပါပြီ။ အသေးစိတ်အချက်အလက်တွေနဲ့ အခိုက်အတန့် များစွာ က ကျွန်တော်တို့ ဘက်မှာ ရှိနေဖို့ လိုအပ်ပြီး အဲ့ဒီလို ဖြစ်လာအောင် ကျွန်တော်တို့ တွန်းအားပေးသွားရမှာပါ။”လို့ အာတေးတားက တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ရာသီကြို ခြေစမ်းပွဲတွေ အဖြစ် ဒီကနေ့မှာ အေစီမီလန်နဲ့ ကစားရမှာ ဖြစ်ပြီး နယူးကာဆယ်၊ တော့တင်ဟမ်ဟော့စပါး တို့နဲ့လည်း ကစားရဦးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အမ်းမရိတ်စ်ဖလား ခြေစမ်းပွဲ အဖြစ် အာဆင်နယ်က လာလီဂါ ကလပ် နှစ်ခု ဖြစ်တဲ့ ဗီလာရီးရဲလ်၊ ဘီလ်ဘာအို တို့နဲ့ ကစားရမှာပါ။ အဲဒီနောက် ဩဂုတ် ၁၇ ရက်နေ့ မှာတော့ ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲကြပ် စတင် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.