နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယိုကီးရက်စ်ကို ဦးတည်ပြီး ထိရောက်တဲ့ တိုက်စစ် ကစားဟန်ကို ပုံဖော်နိုင်ခြင်း မရှိသေးတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်  

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ အသစ် ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် အပေါ်မှာ ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ တိုက်စစ်မှူး ယိုကီးရက်စ်ဟာ ခြေစွမ်းပြနိုင်ခြင်း မရှိပဲ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီပွဲစဉ် အတွင်း ယိုကီးရက်စ် အနေနဲ့ ဂိုးသွင်းဖို့ အခွင့်အရေး မရခဲ့ပေမယ့် အသင်း အတွက် ကောင်းမွန်တဲ့ အရာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ပေါင် ၆၄ သန်း တန် ကစားသမားသစ် ယိုကီးရက်စ်ဟာ ပွဲချိန် မိနစ် ၆၀ ပါဝင်ကစားခဲ့ရာမှာ ဂိုးကန်သွင်းမှု တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့သလို အခွင့်အရေးဖန်တီးမှုလည်း မရှိခဲ့ပဲ ပြိုင်ဘက် ဂိုးဧရိယာထဲမှာ ဘောလုံးထိချက် ၃ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယိုကီးရက်စ်က တစ်ပွဲလုံးမှာ ဘောလုံး ထိချက် ၂၁ ကြိမ်၊ ဘောလုံး ပေးပို့မှု ၄ ကြိမ်သာ ရှိခဲ့တဲ့ အထိ ခြေစွမ်း ပျောက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အာတေးတားက အသင်းရဲ့ ကစားသမားတွေဟာ ဆွီဒင် တိုက်စစ်မှူး အတွက် ကောင်းကောင်း မပံ့ပိုးနိုင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

အမှန်တကယ်လည်း မီခဲလ် အာတေးတား အနေနဲ့ ယိုကီးရက်စ်ကို ဦးတည်တဲ့ တိုက်စစ် ကစားဟန်ကို စတင် ပြောင်းလဲနေပေမယ့် အသားမကျသေးတာ တွေ့ရပါတယ်။ ဒါကြောင့် အာတေးတားက “ဘောလုံးကို ရှေ့ကိုရောက်အာင် ပေးပို့လို့ရတဲ့ အခြေအနေ ၇ ကြိမ်၊ ၈ ကြိမ်လောက် ရှိခဲ့တယ်လို ကျွန်တော် ထင်တယ်။ ဒါပေမယ့် ကျွန်တော် တို့က ဘောလုံးကို ပေးရမယ့်အစား ဆုံးရှုံးသွားအောင် လုပ်ခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ ပွဲက ဘတ်စကတ်ဘောပွဲလို ဟိုဘက်ဒီဘက် အပြန်အလှန် ဖြစ်သွားခဲ့တယ်။” လို့ ဆိုပါတယ်။

အဲဒီနောက် ယိုကီးရက်စ်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီးတော့လည်း အာတေးတားက အခုလိုပဲ ရှင်းပြခဲ့ပါသေးတယ်။ “သူက အရမ်းကောင်းမွန်တဲ့ အရာတွေ အများကြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ တောင်းဆိုတဲ့ ဖိအားပေး ကစားပုံနဲ့ စည်းချက် အတိုင်း သူကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး တိုက်စစ်ဆင်တဲ့ အခြေအနေတွေ မှာတော့ သူ့အတွက် အခွင့်အရေးတွေ မရခဲ့ပါဘူး။ အကြောင်းရင်း ကတော့ အဲ့ဒီမတိုင်ခင် နောက်ဆုံး ပေးပို့ရမယ့် ဘောလုံးကို ကျွန်တော်တို့ မပေးနိုင်ခဲ့လိုပါပဲ။ သူ့ရဲ့ အရည်အသွေးကို အသုံးချဖို ဘောလုံးကို သူ့ဆီ အရောက် မပိုနိုင်ခဲ့ဘူး။ ဒါပေမယ့် အလုံးစုံ ခြုံကြည့်ရင်တော့ ယူနိုက်တက်ကွင်းမှာ အနိုင်ရပြီး အာဆင်နယ် ကစားသမား ဘဝ ပထမဆုံးပွဲကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာက အဖွင့်ကောင်း တစ်ခုပါပဲ။”လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ Big Six ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး ၂၂ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး ၂၂ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ ယိုကီးရက်စ်

တစ်ခု ရှိတာက တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ကျွန်တော်တို့ အချိန်ထပ်ပေးဖို့ လိုအပ်ဦးမယ် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယခင် အာဆင်နယ်နဲ့ နာမည်ကျော် တိုက်စစ်မှူးတွေ ဖြစ်တဲ့ သီဟာရီ အွန်နရီ၊ ဒင်းနစ် ဘားကမ့်ပ် တို့ဟာလည်း ပွဲတော်တော်များများ ကစားပြီးမှ ဂိုးရခဲ့ကြလို့ ဖြစ်ပါတယ်။ နောက်ပြီး ယိုကီးရက်စ်က ကောင်းမွန်တဲ့ ဖန်တီးမှုတွေနဲ့ သူ့ဆီ ဘောလုံး ရောက်အောင်ပေးနိုင်ရင် အဆုံးသတ် ဘယ်လောက်အထိ ကောင်းတဲ့ တိုက်စစ်မှူးလဲ ဆိုတာ အနီးစပ်ဆုံး ဘီလ်ဘာအိုနဲ့ ပွဲက သူ့ရဲ့ သွင်းဂိုးကို ပြန်ကြည့်ရင် သိရနိုင်ပါတယ်။

ဒါ့အပြင် အာတေးတားက ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ်မှာ အစဉ်အလာ ပြိုင်ဘက် ယူနိုက်တက်ကို အနိုင်ရခဲ့ပေမယ့် ကစားသမားတွေ အနေနဲ့ မပျော်ရွှင်ကြခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ချိန်တိုင်း ရုန်းကန်ရတတ်တဲ့ အစဉ်အလာ ရှိပြီး ဒါနဲ့ ပတ်သတ်လို့လည်း အာတေးတားက “ကျွန်တော် ဒီကို မရောက်ခင်က ၁၈ နှစ် ဒါမှမဟုတ် ၂၂ နှစ် အတွင်း အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲ မရခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် အခု ပထမဦးဆုံး ပွဲမှာတင်ပဲ နိုင်ပွဲ ရယူပြီး အဝတ်လဲခန်းထဲကို သွားနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ မပျော်ရွှင်ပါဘူး။ ဒါက ကောင်းမွန်တဲ့ လက္ခဏာပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် Big Six ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရချိန်တိုင်း ရလဒ်ကောင်းတဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ Big Six ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး ၂၂ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ ပွဲက အာဆင်နယ်ရဲ့ ခြေစွမ်း အပေါ် ပရိသတ် တချို့က စိုးရိမ်နေကြပြီး တချို့ ကတော့ အာဆင်နယ်ဟာ ခြေစွမ်းပိုင်းထက် ပိုပြီး အဓိကကျတဲ့ ရလဒ်ပိုင်း ပိုကောင်းအောင် ကစားလာနိုင်ပြီ ဖြစ်ကြောင်း ယူဆနေသူတွေလည်း ရှိနေပါတယ်။ ဒီတော့ အာဆင်နယ်တို့ လာမယ့် စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် တန်းတက် ကလပ် လိဒ်စ်ယူနိုက်တက်နဲ့ အိမ်ကွင်း ပွဲစဉ်မှာ Solid ၃ မှတ် ယူပြဖို့ အရေးကြီးနေပြီး ပိုကောင်းတဲ့ တိုက်စစ် ကစားဟန်နဲ့ အတူ တိုက်စစ်မှူး ယိုကီးရက်စ် တစ်ယောက် ဂိုးပေါက် ပြန်တွေ့ဖို့လည်း လိုအပ်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်