နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အီးဇီး အတွက် ပေါင်သန်း ၆၀ ကို ၃ ရစ်ခွဲပြီး ပေးချေပြီး ခေါ်ယူဖို့ ကြိုးပမ်းမယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒီနွေရာသီမှာ အားရစရာ ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က ကီပါ အရစ်ဇာဘာလာဂါနဲ့ မာတင် ဇူဘီမန်ဒီ တို့ကို တရားဝင် ခေါ်ယူပြီး ဖြစ်ကြောင်း ကြေညာထားခဲ့သလို မကြာခင် မှာလည်း ခရစ္စတီယန် နောဂတ်ကို လက်မှတ်ထိုးသွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အထောင် တိုက်စစ်မှူး နေရာ အတွက် ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာက ဦးဆောင် ကြိုးပမ်းနေပြီး ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က ဒီအပြောင်းအရွှေ့မှာ ရပ်တန့်သွားမှာ မဟုတ်ပဲ နောက်ထပ် အပြောင်းအရွှေ့ကြီးတွေ ထပ်မံ လုပ်ဆောင်ဖို့လည်း အဆင့်သင့် ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ နောက်ဆုံး ပစ်မှတ် ကတော့ ခရစ္စတယ်ပဲလေ့စ် တောင်ပံ ကစားသမား အီဘာရီချီ အီးဇီး ဖြစ်ပြီးတော့ ဂန်နားတွေ အနေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ ငွေပေးချေမှု ပုံစံတစ်ခုနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ အီးဇီးကို ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
တောင်ပံ တိုက်စစ် အတွက် ကစားသမား ခေါ်ယူမှု ပြုလုပ်ဦးမယ့် အာဆင်နယ်

အာဆင်နယ်ဟာ အသင်းရဲ့ တောင်ပံ တိုက်စစ်ကို ရီးရဲလ်မက်ဒရစ်က ဘရာဇီးလ် လက်ရွေးစင် ရိုဒရီဂိုနဲ့ အင်အားဖြည့်တင်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိုဒရီဂိုဟာ လာလီဂါ ကလပ် ကနေ ထွက်ခွာဖို့ မသေချာသေးသလို ထွက်ခွာခဲ့မယ် ဆိုရင်လည်း ပြောင်းရွှေ့ကြေးက မြင့်မားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် အခု လက်ရှိမှာ ရိုဒရီဂိုကို အာဆင်နယ် အပြင် ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီး တို့လို ထိပ်တန်း ကလပ်တွေ ကလည်း ချိတ်ဆက်ထားပါသေးတယ်။

ဒါကြောင့် အာဆင်နယ်က အသင်းရဲ့ အဓိက ပစ်မှတ် အဖြစ် အင်္ဂလန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား အီဘာရီချီ အီးဇီးကို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် အီးဇီးရဲ့ စာချုပ် ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပေါင် သန်း ၆၀ တန်ကြေး ရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ရှိနေပြီး ဒါကို အာဆင်နယ်က တစ်လုံးတစ်ခဲတည်း ပေးချေလိုခြင်း မရှိကြောင်း သိရပါတယ်။ အဓိက ကတော့ အာဆင်နယ်ဟာ ဒီနွေရာသီ အတွက် သတ်မှတ်ထားတဲ့ ဘတ်ဂျက် အများစုကို သုံးစွဲပြီး ဖြစ်နေတာကြောင့် နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူချင်ရင် အသင်းက ကစားသမားတွေ ပြန်လည် ရောင်းထုတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဗြိတိန်က လာတဲ့ သတင်းတွေအရ ဆိုရင်တော့ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အီးဇီးရဲ့ ပေါင်သန်း ၆၀ ကို ပေါင် သန်း ၂၀ စီနဲ့ ၃ ရစ်ခွဲပြီး ပေးချေတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ် အတွက် ၁၆၇ ပွဲ ကစားပြီး ဂိုး ၄၀ သွင်းယူထားတဲ့ အီးဇီးဟာ လန်ဒန် ကလပ်နဲ့ စာချုပ် သက်တမ်း ၂ နှစ် ကျန်ရှိနေသေးသူ ဖြစ်ပါတယ်။ သူ့ အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ လန်ဒန် မြို့ခံ ပြိုင်ဘက် အာဆင်နယ် ကိုသာ ပြောင်းရွှေ့ဖို စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ အီးဇီးကို ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အီးဇီး အနေနဲ့ အာဆင်နယ် ကိုသာ ပြောင်းရွှေ့ဖြစ်ခဲ့မယ် ဆိုရင်တော့ လက်ရှိ တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ ဂါဘရီရယ် မာတင်နယ်လီနဲ့ လီအန်ဒရို ထရော့ဆက်ဒ် တို့ရဲ့ အနာဂတ်တွေ ကလည်း မသေချာဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ မာတင်နယ်လီကို ဆော်ဒီပရိုလိဂ် ကလပ်တွေနဲ့ သတင်းတွေ ထွက်နေပြီးတော့ ထရော့ဆက်ဒ် ကိုတော့ ဟိုဆေး မော်ရင်ညိုရဲ့ ဖီနာဘာချီက ခေါ်ယူချင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်