နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွင်းလယ် အတွက် ကာမာဗင်ဂါကို စိတ်ဝင်စားလာတဲ့ အာဆင်နယ်၊ အပြောင်းအရွှေ့ကိစ္စတွေ ကြန့်ကြာနေလို့ စိတ်မရှည်တော့တဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ဇွန်လ ၂၁ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အဒူယာဒို ကာမာဗင်ဂါကို စိတ်ဝင်စားလာခဲ့ပြီးတော့ ယူရို သန်း ၅၀ (ပေါင် ၄၂.၈ သန်း) နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ၁၅ ကြိမ်ရထားတဲ့ ရီးရဲလ်မက်ဒရစ် ကတော့ ကာမာဗင်ဂါကို ပရီးမီးယားလိဂ် ကလပ်ဆီ ရောင်းထုတ်ဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။

မာတင် ဇူဘီမန်ဒီရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ နီးစပ်နေပေမယ့်လည်း ဂန်းနားတွေဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ ယာရန် ဇိုင်း အမ်မရီရဲ့ အခြေအနေကို စောင့်ကြည့်နေသေးကြောင်း TBR Football ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ဂိုးသမား အန်ဒရီ အိုနာနာ ကိုတော့ လီဂူးဝမ်း ကလပ် မိုနာကိုက စိတ်မဝင်စားကြောင်း သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ တစ်ဖက် မှာတော့ ယူနိုက်တက်က အတ္တလန္တာ ဂိုးသမား မာကို ကာနက်ဆီချီကို ခေါ်ယူဖို့ မျှားဦးလှည့်လာခဲ့ပါတယ်။ 

အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ် ကတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ သူဟာ ဆော်ဒီအာရေဗျကို သွားရောက်မယ့် အစား ပရီးမီးယားလိဂ်မှာ ဆက်လက် နေထိုင်လိုနေကြောင်း သိရပါတယ်။

အာဆင်နယ်ဟာ နယ်သာလန် လူငယ် ဗဟိုနောက်ခံလူ ဂျော်ရယ်လ် ဟာတိုကို စိတ်ဝင်စားနေတယ်လို့ CaughtOffside က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီး ကလည်း အသက် ၁၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမားကို လစ်ဗာပူးလ်၊ နယူးကာဆယ်နှင့် ရီးရဲလ်မက်ဒရစ် တို့နဲ့ အပြိုင် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

နယူးကာဆယ် ကတော့ ဘရာဇီးလ် တိုက်စစ်မှူး ယာအို ပက်ဒရိုနဲ့ ပတ်သတ်ပြီး ဘရိုက်တန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း iNews သတင်းအရ သိရပါတယ်။ ငှက်ကြားတွေဟာ လာမယ့် ရာသီ ချန်ပီယံလိဂ် မတိုင်မီ ၎င်းတို့ရဲ့ အသင်းကို အားကောင်းစေချင်နေပြီး အသက် ၂၃ နှစ် အရွယ် ဘက်စုံသုံးနိုင်တဲ့ တိုက်စစ်မှူးကို သဘောကျလျက် ရှိနေပါတယ်။

သူဟာ ဆော်ဒီအာရေဗျကို သွားရောက်မယ့် အစား ပရီးမီးယားလိဂ်မှာ ဆက်လက် နေထိုင်လိုနေကြောင်း သိရပါတယ်။
အမ်ဘူမိုနဲ့ ယိုကီးရက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ယူန

ချဲလ်ဆီး ကတော့ ဒေါ့မန် တောင်ပံကစားသမား ဂျေမီ ဂစ်တန်စ်ကို ခေါ်ယူဖို့ အတွက် ဘွန်ဒက်စ်လီဂါ ကလပ်ထံ ကမ်းလှမ်းမှု အသစ် ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ချဲလ်ဆီးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မစတင်ခင် အသက် ၂၀ အရွယ် ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သဘောတူညီမှု မရခဲ့ပါဘူး။ ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ဆိုရင်တော့ ချဲလ်ဆီး အနေနဲ့ ယူရို သန်း ၅၀ (ပေါင် ၄၂.၈ သန်း) ပေးချေရဖို့ ရှိနေပါတယ်။ 

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အပြောင်းအရွှေ့ ကိစ္စတွေ ကြန့်ကြာနေတာကြောင့် စိတ်မရှည်တော့ကြောင်း Daily Star က ဖော်ပြခဲ့သည်။ သရဲနီတွေဟာ ဘရိုင်ယန် အမ်ဘူမိုနဲ့ ဗစ်တာ ယိုကီးရက်စ် တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း လက်ရှိ အချိန်မှာ မားသီးယက်စ် ကူညာ တစ်ဦးတည်း ကိုသာ ခေါ်ယူထားနိုင်ခဲ့ပါသေးတယ်။

တော့တင်ဟမ်ဟော့စပါး၊ ဘုန်းမောက်နဲ့ ဝုဗ် တို့ကတော့ ပါမားရဲ့ ကြယ်ပွင့် ဂျီယိုဗင်နီလီယိုနီကို စောင့်ကြည့်နေကြကြောင်း CaughtOffside က ဖော်ပြပါတယ်။ ယူရို ၂၅ သန်း (ပေါင် ၂၁.၄ သန်း) တန်ကြေး ရှိတဲ့ ဒီကစားသမားကို နာပိုလီ၊ အေစီမီလန်နဲ့ အင်တာမီလန် တို့က ခေါ်ယူဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။ 

ခရစ္စတယ်ပဲလေ့စ် ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတဲ့ အင်္ဂလန် ဗဟိုခံစစ် ကစားသမား မာ့ခ် ဂူဟီကို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုမှာ မဟုတ်ကြောင်း သိရပါတယ်။ လစ်ဗာပူးလ် ကတော့ ဂျာရဲလ် ကွမ်ဆာကို လေဗာကူဆင်ထံ ရောင်းချဖို့ ပြင်ဆင်နေချိန် တစ်ဖက်မှာလည်း ဂူဟီကို အပြင်းအထန် ချိတ်ဆက်နေပါတယ်။

မန်စီးတီး နောက်ခံလူ ကိုင်လ် ဝေါလ်ကာ ကတော့ ဝုဗ် အတွက် ရွေးချယ်စရာ တစ်ခု အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အသက် ၃၅ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒုတိယ နှစ်ဝက်ကို အေစီမီလန်မှာ အငှားနဲ့ ကုန်ဆုံးခဲ့ပေမယ့် အပြီးသတ် ပြောင်းရွှေ့ဖို့ ငြင်းဆန်ခံခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်