အာဆင်နယ် အနေနဲ့ ဒီတစ်ပတ်မှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်တွေ အဆုံးသတ်သွားနိုင်ကြောင်း ကစားသမားဟောင်း ပေါလ် မာဆင်က သုံးသပ်လိုက်ပါတယ်။ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှာတော့ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်က ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံနေပြီး ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ အာဆင်နယ် ကတော့ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အကယ်၍ ဒီတစ်ပတ်မှာသာ လစ်ဗာပူးလ်က ပဲလေ့စ်ကို အနိုင်ရပြီး အာဆင်နယ်က နယူးကာယ်ကို ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ နှစ်သင်း အကြားမှာ ရမှတ် ကွာဟချက်က ၈ မှတ် အထိ ရှိသွားခဲ့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဘောလုံး သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ် မာဆင်က အမှတ်ကွာဟမှုဟာ ရာသီအစပိုင်းသာ ရှိနေသေးပေမယ့် အာဆင်နယ် အတွက် လိုက်မီဖို့ တော်တော်လေး ခက်ခဲသွားမှာ ဖြစ်ကြောင်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
“အခု အာဆင်နယ်က လစ်ဗာပူးလ်ရဲ့ အနောက်မှာ ၅ မှတ် ကွာနေပြီ။ ဒါကြောင့် ဒီတစ်ပတ် နယူးကာဆယ်နဲ့ ပွဲက မဖြစ်မနေ အနိုင်ယူရမယ့် ပွဲဆိုတာ ဟာသ မဟုတ်ပါဘူး။ လစ်ဗာပူးလ်သာ စနေနေ့မှာ အနိုင်ရသွားရင် တနင်္ဂနွေနေ့ အာဆင်နယ် ကစားမယ့် အချိန်မှာ သူတို့နဲ့ ၈ မှတ် ကွာသွားပါပြီ။ အဲ့ဒီပွဲကိုသာ အာဆင်နယ် ရှုံးခဲ့ရင် ကျွန်တော့်ကို ယုံလိုက်ပါ။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ပြေးပွဲက သူတို့ အတွက် ပြီးသွားပါပြီ။ အဆုံးသတ်သွားပါပြီ။”

ဆက်လက်ပြီး ပေါလ် မာဆင်က “ကျွန်တော် အစကတည်းက ပြောခဲ့တယ်။ အာဆင်နယ်သာ မန်စီးတီးနဲ့ နယူးကာဆယ် ဆီကနေ ၄ မှတ် ရခဲ့ရင် သူတို့ အမှတ်ပေးချန်ပီယံ ဖြစ်လိမ့်မယ် ဆိုပြီးတော့လေ။ မန်စီးတီးနဲ့ ပွဲမှာ သရေကျခဲ့တော့ အခု နယူးကာဆယ်ကို သွားပြီး အနိုင်ကစားမှကို ဖြစ်တော့မှာပါ။ အာဆင်နယ်ရဲ့ ရာသီအဖွင့် ပွဲစဉ်ဇယားက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အခက်ခဲဆုံးတွေထဲက တစ်ခုပါ။ ဒီတစ်ပတ် အပြီးမှာ သူတို့သာ ၅ မှတ် အကွာမှာပဲ ဆက်ရှိနေသေးရင် အခွင့်အရေး ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်မှာတော့ ၅ မှတ် ဆိုတာ အရမ်းများလွန်းပါတယ်။” လို့ ပြောကြားခဲ့ပါသေးတယ်။
အဲဒီနောက် အာဆင်နယ် ကစားသမားဟောင်းကြီးက မန်စီးတီးနဲ့ ပွဲက နည်းပြ မီခဲလ် အာတေးတားရဲ့ ကစားသမား ရွေးချယ်မှု အပေါ် ကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။ “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ ပွဲမှာ အာဆင်နယ် လူစာရင်းကို ကျွန်တော် မြင်လိုက်ရတော့ စိတ်ပျက်သွားတယ်။ လီအန်ဒရို ထရော့ဆက်ဒ်ကို မလေးစားတာတော့ မဟုတ်ပါဘူး။ သူက ကစားသမားကောင်း တစ်ယောက်ပါ။ ဒါပေမယ့် ခင်ဗျားက အီဘာရီချီ အီဇီးလို ကစားသမားမျိုးကို ပိုက်ဆံပုံအောပြီး ဝယ်ထားတာက ပွဲကြီးတွေမှာ ကစားခိုင်းဖို့လေ။ မဟုတ်ရင် ဘာလို့များ ဝယ်ထားတော့မှာလဲ။”
“ချန်ပီယံလိဂ်က ဘီလ်ဘာအိုနဲ့ ပွဲကို ဘယ်သူမှ ဂရုမစိုက်ပါဘူး။ ဘာလို့လဲ ဆိုတော့ ပရီးမီးယားလိဂ်က အဓိက ဦးစားပေး ဖြစ်နေလို့ပါ။ အဲ့ဒီပွဲ ရှုံးလည်း ဘာမှမဖြစ်ဘူး။ ကျွန်တော် တို့က ဒီဖလားကို မရတာ နှစ် ၂၀ ကျော်နေပါပြီ။ တကယ်တမ်း ပြန်သုံးသပ်ကြည့်ရင် မန်စီးတီးက ဘယ်လောက် ဆိုးရွားနေလဲ ဆိုတာ တွေ့ရလိမ့်မယ်။ အာဆင်နယ်က အခွင့်အရေးကောင်း တစ်ခုကို လက်လွှတ်ခဲ့တာပါ။ စပါးနဲ့ ဘရိုက်တန် တို့က မန်စီးတီးကို ဘယ်လို တိုက်စစ်ဆင် ကစားခဲ့လဲ ဆိုတာကို ဘာလို့ အိမ်စာလုပ်မသွားတာလဲ။ ဘာလို့ နောက်ဆုတ် ကစားခဲ့တာလဲ။ မေးခွန်းတွေ ထုတ်ရတော့မယ်ဗျာ။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.