ရီးရဲလ်မက်ဒရစ် တိုက်စစ် ကစားသမား ရိုဒရီဂို ကိုတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်နဲ့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ တို့က ခေါ်ယူဖို့ ချိတ်ဆက်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် ခရစ္စတီယာနို ရော်နယ်ဒို ကလည်း သူ့ရဲ့ အသင်း ဖြစ်တဲ့ အဲလ်နာဆာကို ရိုဒရီဂိုကို ခေါ်ယူပေးဖို့ တိုက်တွန်းထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရိုဒရီဂို ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ၃ နှစ် စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဒီနွေရာသီမှာ ဆန်တီယာဂို ဘာနေဗျူး ကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာ ရိုဒရီဂိုကို ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး အသင်း ကတော့ အာဆင်နယ် ဖြစ်ပေမဲ့ လက်ရှိမှာ မန်စီးတီးနဲ့ ပီအက်စ်ဂျီ ကလည်း ချဉ်းကပ်မှုတွေ ပြုလုပ်ထားတာကြောင့် ဘရာဇီးလ်သားရဲ့ အပြောင်းအရွှေ့က ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေပါ။
ဒါ့အပြင် ရော်နယ်ဒို ကလည်း ရိုဒရီဂိုကို အင်္ဂလန် အစား ဆော်ဒီပရိုလိဂ် ဆီကို လာခဲ့ဖို့ အဲလ်နာဆာ တာဝန်ရှိသူတွေကို တိုက်တွန်း ပြောဆိုထားသလို အယ်လ်နာဆာရဲ့ တာဝန်ရှိသူတွေ ကလည်း ရိုဒရီဂိုရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ် ပြောဆိုမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ ဒီကလပ် ၄ သင်း စလုံးဟာ ရိုဒရီဂို အတွက် ရီးရဲလ်မက်ဒရစ် တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ပေးချေနိုင်တဲ့ အနေအထား ရှိနေတာကြောင့် ကစားသမားရဲ့ ဆုံးဖြတ်ချက် ကသာ အဓိကကျနေတာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း အဲလ်နာဆာက ရိုဒရီဂို အပြင် လစ်ဗာပူးလ် တောင်ပံ ကစားသမား လူးဝစ္စ ဒီးယက်ဇ်နဲ့ အာဆင်နယ် တောင်ပံ ကစားသမား ဂါဘရီရယ် မာတင်နယ်လီ တို့ကိုလည်း ချိတ်ဆက်ထားပါသေးတယ်။ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ဘရာဇီးလ် တိုက်စစ် ကစားသမားပဲ ဖြစ်တဲ့ မာတင်နယ်လီကို ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် မာတင်နယ်လီဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူပါ။ ဒါပေမယ့် စွမ်းဆောင်ရည် အပိုင်းမှာ သိပ်ပြီး အားရစရာ မရှိတာကြောင့် အသင်း ဘက်က လက်လွှတ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
အကယ်၍ အာဆင်နယ်ကသာ ရိုဒရီဂိုကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ မာတင်နယ်လီ ယူရို ၈၅ သန်းနဲ့ သေချာပေါက် ရောင်းထုတ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်က လက်ရှိမှာ ကီပါ အရစ်ဇာဘာလာဂါနဲ့ မာတင် ဇူဘီမန်ဒီ တို့ကို တရားဝင် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာထားပြီး စပို့တင်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ တိုက်စစ်မှူး တစ်ဦး ခေါ်ယူပြီးရင်တော့ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ တောင်ပံ ပစ်မှတ်တွေကို ဆက်လက် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင်ဟာ ရီးရဲလ်မက်ဒရစ် အတွက် ၆ ရာသီကြာ ကစားခဲ့ပြီး လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၂၆၉ ပွဲမှာ ၆၈ ဂိုး သွင်းယူပေးထားပါတယ်။ ဒါပေမယ့်လည်း ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ဇာဘီ အလွန်ဆိုရဲ့ လက်အောက် မှာတော့ ပထမဆုံး ပွဲစဉ် ၅ ပွဲမှာ ပွဲထွက်ကစားသမား အဖြစ် ၁ ပွဲ သာ အရွေးချယ်ခံထားရပါတယ်။ ရိုဒရီဂိုဟာ သူ့ရဲ့ ပွဲထွက်ခွင့်နဲ့ ပတ်သတ်လို့ အလွန်ဆိုနဲ့ ဆွေးနွေးထားပေမယ့်လည်း စပိန်သား နည်းပြ ကတော့ ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ပိုပြီး လိုလားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.