နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပါးနဲ့ သဘောတူညီမှု ရထားတဲ့ အီးဇီးကို ကြားဖြတ် ကမ်းလှမ်းမှု အောင်မြင်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ဒီကနေ့ မနက် ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ပရိသတ်တွေ အတွက် ဝမ်းသာစရာ သတင်းတွေ ဆောင်ယူလာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မနေ့က ကိုင် ဟာဗက်ဇ် ဒူးဒဏ်ရာကြောင့် ၄ လ လောက် အနားယူရတော့မယ့် သတင်းကြောင့် စိတ်ပျက်ခဲ့ရပေမယ့် ဒီနေ့မှာတော့ အီဘာရီချီ အီးဇီးနဲ့ Here We Go ခဲ့တာကြောင့် စိတ်အေးရပြီလည်း ဖြစ်ပါတယ်။

လက်ရှိ အီးဇီးရဲ့ အခြေအနေကို ပြန်ကြည့်မယ် ဆိုရင်တော့ အင်္ဂလန်သားက အစောပိုင်းမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပါတယ်။ အဲဒီနောက် စပါးနဲ့ ခရစ်စတယ်ပဲလေ့စ်တို့ အကြား အကြိုသဘောတူညီမှု ရခဲ့ပေမယ့် မနက်ဖြန်မှာ ပဲလေ့စ်က ယူရိုပါကွန်ဖရင့်လိဂ် ပွဲစဉ် ကစားဖို့ အီးဇီးကို အသုံးပြုလိုတာကြောင့် စပါး ဘက်က မခေါ်သေးဘဲ စောင့်ဆိုင်းပေးနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်က ကိုင်ဟာဗက်ဇ် ဒဏ်ရာရသွားပြီးနောက် တိုက်စစ်ပိုင်း အတွက် မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်လာချိန်မှာ အီးဇီးကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး အခြေအနေ အားလုံး ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် လိုချင်တဲ့ ပြောင်းရွေ့ကြေးကို အာဆင်နယ် ဘက်က လက်ခံခဲ့ပြီး အသင်းချင်း အဆင်ပြေသလို အီးဇီး ကလည်း စပါးထက် ငယ်ဘဝ ကလပ် အာဆင်နယ် ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ အီဘာရီချီ အီးဇီးဟာ မြောက်လန်ဒန် ကလပ်ရဲ့ ဒီနွေရာသီ ၇ ဦးမြောက် ခေါ်ယူမှု ဖြစ်လာဖို့ ရှိပြီး ပြောင်းရွှေ့ကြေး ကတော့ ပေါင်သန်း ၆၀ ဝန်းကျင် ရှိနိုင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ PSR စည်းမျဉ်းတွေနဲ့ လွတ်ကင်းနေသေးတယ် ဆိုပေမယ့် အသင်းရဲ့ ဝင်ငွေ ထွက်ငွေ မျှတဖို့ အတွက် ဆိုရင်တော့ မလိုအပ်တဲ့ ကစားသမား တချို့ကို ရှင်းထုတ်နိုင်ဖို့ လိုအပ်ပါတယ်။
အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို ရှင်းထုတ်နိုင်ဖို့ လိုအပ်နေတဲ့ အာဆင်နယ်

တကယ်တော့ အီးဇီးဟာ အစောပိုင်း ကတည်းက အာဆင်နယ်ကို ပြောင်းရွှေ့ချင်ခဲ့တာ ဖြစ်ပြီး ဂန်းနားတွေ ဘက်က မကမ်းလှမ်းလို့သာ စပါးကို ခေါ်င်းညှိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမားက ပြီးခဲ့တဲ့ ဇူလိုင်လထဲက မီခဲလ် အာတေးတား၊ အန်ဒရီယာ ဘာတာ တို့နဲ့ တွေ့ဆုံခဲ့ကာ အာဆင်နယ် ဘက်က တင်ပြထားတဲ့ စီမံကိန်းကို လက်ခံထားပြီး ဖြစ်ပါတယ်။ အာဆင်နယ်ဟာ မနေ့ကလည်း တောင်ပံ တိုက်စစ် ကစားသမား လီအန်ဒရို ထရော့ဆက်ဒ်ကို သက်တမ်းတိုးခဲ့ပါသေးတယ်။ လက်ရှိမှာ ကိုင်ဟာဗက်ဇ် ဒဏ်ရာရသွားတာကြောင့် အာတေးတား အနေနဲ့ တိုက်စစ်မှာ ယိုကီးရက်စ်၊ ဆာကာနဲ့ အီးဇီး တို့ကို အဓိက အတွဲအဖက် အဖြစ် အသုံးပြုဖွယ် ရှိနေပြီး ခြေစွမ်းမပြနိုင်တဲ့ မာတင်နယ်လီ ကတော့ နေရာ ပျောက်ဆုံးဖွယ် ရှိနေပြီလို့ ယူဆရပါတယ်။

ဒါ့အပြင် အရင်က စီစဉ်ထားသလိုပဲ မာဒူခေးက ဘူကာယို ဆာကာရဲ့ အရန် ပြန်ဖြစ်သွားပြီး လီအန်ဒရို ထရော့ဆက်ဒ် ကတော့ ယိုကီးရက်စ်နဲ့ အလုပ်မဖြစ်ရင် Plan B အဖြစ် ရှိနေမယ့် ကစားသမား ဖြစ်ပါလိမ့်မယ်။ ဘယ်တောင်ပံ မှာတော့ ပရီးမီးယားလိဂ် နဲ့လည်း အသားကျပြီးသား အီးဇီးက ပုံမှန် ပွဲထွက်ခွင့် ရရှိဖွယ် ရှိပြီး မာတင်နယ်လီ ကတော့ အရန်ခုံ ရောက်သွားဖို့ များနေပြီ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ကိစ္စတွေကို အမြဲတမ်းလိုလို အချိန်ယူ လုပ်ဆောင်လေ့ ရှိတဲ့ အာဆင်နယ်က အီးဇီးရဲ့ အပြောင်းအရွှေ့ အတွက် ကိုတော့ Here We Go ဖို့ အချိန် ၂ နာရီသာ ယူခဲ့ရတာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ အတွက် ကိုလည်း အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာ ကို ချီးကျူးရမှာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း စပါးက သူတို့နဲ့ အကြိုသဘောတူညီမှု အပေါ် လေးစားမှု ရှိဖို့ စောဒကတက်ခဲ့ပါသေးတယ်။

အာဆင်နယ်ဟာ အီးဇီးကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူနိုင်ပြီ ဆိုရင်တော့ ဒီနွေရာသီ သူတို့ရဲ့ အသုံးစရိတ်က ပေါင်သန်း ၂၄၀ ကျော် ရှိလာတော့မှာ ဖြစ်ပါတယ်။ပရီးမီးယားလိဂ်ရဲ့ PSR စည်းမျဉ်းတွေနဲ့ လွတ်ကင်းနေသေးတယ် ဆိုပေမယ့် အသင်းရဲ့ ဝင်ငွေ ထွက်ငွေ မျှတဖို့ အတွက် ဆိုရင်တော့ မလိုအပ်တဲ့ ကစားသမား တချို့ကို ရှင်းထုတ်နိုင်ဖို့ လိုအပ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်