အာဆင်နယ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ အပယ်ခံ တောင်ပံ တိုက်စစ် ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒီသတင်း ကိုတော့ TyC Sports ရဲ့ သတင်းထောက် ဂတ်ဆန် အက်ဒူးလ်က ဖော်ပြခဲ့တာ ဖြစ်ပြီး အာဆင်နယ် အနေနဲ့ တောင်ပံ တိုက်စစ် ကစားသမား လိုအပ်ချက် ရှိနေတာကြောင့် ဖြစ်နိုင်ခြေ ရှိတဲ့ အပြောင်းအရွှေ့လည်း ဖြစ်လာနိုင်ပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရတော့ အလက်ဟန်ဒရို ဂါနာချိုဟာ ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ် ကနေ သေချာပေါက် ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဒီလို ယူနိုက်တက်နဲ့ လမ်းခွဲမယ့် ဂါနာချိုကို ပရီးမီးယားလိဂ် ကလပ် ၃ သင်းနဲ့ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ လေဗာကူဆင်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ နာပိုလီ အပါအဝင် အီတလီ စီးရီးအေ ကလပ် တချို့ ကတော့ ဂါနာချိုကို အရင်ကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် တောင်ပံ ကစားသမားကို ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကိုယ်တိုင်က အသင်းသစ် ရှာဖွေဖို့ ပြောကြားထားခဲ့ပြီး ကစားသမား ကိုယ်တိုင် ကလည်း အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။ လက်ရှိမှာ ဂါနာချိုကို အာဆင်နယ်က ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပြီလို့ သိရပြီး သတင်းတွေ မှန်မမှန် ကတော့ မကြာခင်မှာ သိရမှာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက ဂါနာချိုဟာ ယူနိုက်တက် ကနေ ထွက်ခွာခဲ့မယ် ဆိုရင် ပရီးမီးယားလိဂ် မှာပဲ ဆက်လက် အခြေချချင်တာကြောင့် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို လက်ခံ စဉ်းစားသွားဖွယ်တော့ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဂါနာချိုကို စိတ်ဝင်စားနေတာက အာဆင်နယ် တစ်သင်းတည်း မဟုတ်ပဲ ဂန်းနားတွေရဲ့ မြို့ခံ ပြိုင်ဘက် ချဲလ်ဆီးလည်း ရှိနေပါသေးတယ်။ ချဲလ်ဆီးဟာ ဂါနာချိုကို စီးရီးအေ ကလပ်တွေနဲ့ အပြိုင် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ထဲက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အထောင် တိုက်စစ်မှူး အပြင် ဆာကာနဲ့ အပြိုင် ဖြစ်စေမယ့် ဘယ်တောင်ပံ ကစားသမား တစ်ဦး ကိုပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂါနာချိုဟာ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား လိုချင်နေတဲ့ တိုက်စစ် စွမ်းဆောင်ရည်တွေနဲ့ ကိုက်ညီသူ ဖြစ်တာကြောင့် ခေါ်ယူဖို့ အမှန်တကယ် ကြိုးပမ်းလာမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ လောလောဆယ်တော့ အာဆင်နယ်က အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့သာ လုံးပန်းနေရပြီးတော့ ဘယ်ကစားသမားကို ခေါ်ယူမလဲ ဆိုတာတောင် အတိအကျ မသိရသေးပါဘူး။ အကယ်၍ အာဆင်နယ်သာ ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို မကြာခင်မှာ အပြီးသတ်နိုင်မယ် ဆိုရင်တော့ ဘယ်တောင်ပံ ကစားသမား ခေါ်ယူဖို့ ကိစ္စတွေကို ဆက်လက် အကောင်အထည်ဖော်ဖို့တော့ ရှိပါတယ်။ ဂါနာချိုရဲ့ အဓိက ရည်ရွယ်ချက် ကတော့ အာဂျင်တီးနားနဲ့ အတူ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ပါဝင် ဆင်နွှဲချင်နေတာ ဖြစ်ပါတယ်။ ဒီလို ပါဝင်ခွင့် ရဖို့ အတွက် ဆိုရင် ကလပ် အသင်းတွေမှာ ပွဲထွက် ကစားခွင့်ရဖို့ အရေးကြီးတာကြောင့် အာမခံချက်ပေးနိုင်မယ့် ကလပ် ကိုသာ ကျိန်းသေပေါက် ရွေးချယ်မယ့် သဘောရှိပါတယ်။ သတင်းတွေအရ ဆိုရင်တော့ လက်ရှိမှာ ဂါနာချိုက ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ များနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.