နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

မာတင် ဇူဘီမန်ဒီ ကတော့ မကြာခင်မှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကို ပြောင်းရွှေ့ပြီး ဆေးစစ်မှုလည်း ခံယူတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ BBC Sport ရဲ့ ဖော်ပြချက်အရ ဆိုရင် ဇူဘီမန်ဒီဟာ အာဆင်နယ်နဲ့ အပြောင်းအရွှေ့ အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လက်မှတ် ရေးထိုးပြီး ဖြစ်ကြောင်း လုပ်ငန်းစဉ်ရဲ့ နောက်ဆုံး အဆင့်သို ရောက်ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်ဆိုစီဒက်ရဲ့ ဥက္ကဌ ယိုကင် အာပါရီဘေးရဲ့ ပြောစကား တချို့ကြောင့် ဇူဘီမန်ဒီရဲ့ အာဆင်နယ်ဆီ အပြောင်းအရွှေ့ အတွက် သံသယ ဖြစ်လာစေခဲ့ပါတယ်။ အာပါရီဘေးက “ဇူဘီမန်ဒီက ကျွန်တော် တို့နဲ့ စကားပြောဖူးတဲ့ တစ်ဦးတည်းသော ကစားသမားပါ။ ကလပ်တွေ ဘက်က ကျွန်တော် တို့ကို ကမ်းလှမ်းထားပေမယ့် ကစားသမားတွေ ကတော့ သူတို့ ထွက်ခွာချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ မာတင်ကို နိုင်ငံ အသင်းဆီ အေးအေးဆေးဆေး သွားပြီး ဒီအကြောင်းအရာကို စဉ်းစားဖို့ ပြောထားပါတယ်။ သူ့ကို ဒီမှာ ဆက်နေစေချင်ပါတယ်။” လို့ ပြောကြားသွားခဲပါတယ်။

ဆက်လက်ပြီး အာပါရီဘေးက “ရွေးချယ်စရာတွေ အများကြီး ရှိတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်ခုခုလည်း ဖြစ်လာနိုင်သလို မဖြစ်နိုင်တာလည်း ရှိမှာပါ။ ရေတို အတွင်း ဖြစ်လာမယ်လို့ မထင်ပါဘူး။ အဲဒါကို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရပါမယ်။” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

မာတင် ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သူ ဖြစ်ပြီး ဆိုစီဒက်မှာ ဆက်နေဖို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ကို သေချာပေါက် ရရှိမယ်လို့ သတင်းတွေ ထွက်နေတဲ့ ဇူဘီမန်ဒီ

အာဆင်နယ်ဟာ ဇူဘီမန်ဒီကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေထဲက ကြိုးပမ်းခဲ့ပြီးတော့ စာချုပ်လျော်ကြေး ပေါင် ၅၁ သန်း ပေးချေကာ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ဇူဘီမန်ဒီ အနေနဲ့ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု ဖြစ်လာဖို့လည်း သေချာနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်နဲ့ ရီးရဲလ်ဆိုစီဒက်တို့ နှစ်သင်း အကြားမှာ ပြောင်းရွှေ့ကြေး ပေးချေမယ့် ပုံစံနဲ့ ပတ်သက်လို့ အပြီးသတ် သဘောတူညီမှု ရရှိထားကြောင်းလည်း သိရပါတယ်။

ဆိုစီဒက် အကယ်ဒမီထွက် ဒီကစားသမားက ကလပ် အတွက် ပြိုင်ပွဲစုံ ၂၃၆ ပွဲ ပါဝင် ကစားပေးခဲ့ပြီးတော့ ၁၀ ဂိုး သွင်းယူထားပါတယ်။ ဇူဘီမန်ဒီက ကစားသမားဘဝမှာ ဆိုစီဒက်နဲ့ စပိန်ဘုရင့်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး စပိန် လက်ရွေးစင် အသင်းနဲ့လည်း ယူရို ၂၀၂၄ ချန်ပီယံနဲ့ ၂၀၂၂-၂၀၂၃ နေးရှင်းလိဂ် ချန်ပီယံတွေ ဖြစ်ထားပါတယ်။ အကယ်၍ ဇူဘီမန်ဒီသာ အာဆင်နယ်ကို ဆိုစီဒက် အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ မာတင် အိုဒီဂတ်၊ မီခဲလ် မာရင်နို တိုနဲ့ ပြန်လည် လက်တွဲရဖို့ ရှိသလို စပိန် လက်ရွေးစင် အသင်းဖော် ရာယာလည်း ရှိနေပါတယ်။

မာတင် ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သူ ဖြစ်ပြီး ဆိုစီဒက်မှာ ဆက်နေဖို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ ကတော့ ဇူဘီမန်ဒီကို အရ ခေါ်ယူပြီး ဂါနာ ကွင်းလယ်လူ သောမက်စ် ပါတေး အပေါ် မှီခိုအားထားနေရမှုကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်က နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူ အားဖြည့်သွားဖို့လည်း သေချာသလောက် ရှိနေပါတယ်။ လက်ရှိမှာ စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ယိုကီးရက်စ်နဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကို တို့ကတော့ အာဆင်နယ် အဓိက သတင်းတွေ ထွက်နေပါတယ်။

ဒါ့အပြင် အာဆင်နယ်က တခြား လိုအပ်နေတဲ့ နေရာတွေ အတွက်လည်း ထိပ်တန်း ကစားသမား အများအပြားကို ပစ်မှတ်ထားနေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်