နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကို စတင်ခံစားလာရပြီ ဖြစ်တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ဘရာဇီးလ်နဲ့ အီတလီ လက်ရွေးစင် ခံစစ် ကစားသမားတွေ ဖြစ်တဲ့ ဂါဘရီရယ် မက်ဂါဟေးစ်နဲ့ ရီကာဒို ကာလာဖီအိုရီ တို့ကတော့ နိုင်ငံတကာ ရက်သတ္တပတ်မှာ ဒဏ်ရာ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ဒါဟာ ချန်ပီယံဆုတွေ အတွက် တိုက်ပွဲဝင်နေတဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အတွက်တော့ သတင်းဆိုး ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။ နဂိုကတည်းကမှ ဆောင်းဝင်ချိန်ဆိုရင် ယိမ်းယိုင်တတ်တဲ့ အာဆင်နယ် အတွက် ဒီတစ်ကြိမ် မှာလည်း အဓိက ကစားသမားတွေရဲ့ ဒဏ်ရာသတင်းတွေက သူတို့ကို ဒုက္ခပေးလာဦးမလား ဆိုတာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါပြီ။

အသက် ၂၃ နှစ် အရွယ် ရီကာဒို ကာလာဖီအိုရီ ကတော့ စနေနေ့မှာ နော်ဝေနဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်ခင် အီတလီရဲ့ လူစာရင်း ကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့် နှုတ်ထွက်သလဲ ဆိုတာကိုတော့ အီတလီ နည်းပြ ဂျန်နာရို ဂတ်တူဆိုက ထုတ်ဖော် ပြောကြားခြင်း မရှိပါဘူး။ ကာလာဖီအိုရီရဲ့ အခြေအနေက မစိုးရိမ်ရနိုင်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပေမယ့် ဂါဘရီရယ်ရဲ့ ဒဏ်ရာ ကတော့ စိုးရိမ်စရာ အကြောင်းရင်း များစွာ ရှိနေနိုင်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသော ဘရာဇီးလ်သားဟာ ဆီနီဂေါနဲ့ ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဂါဘရီရယ်ဟာ ပွဲအတွင်း သူ့ရဲ့ ညာဘက်ပေါင်ခြံကို ဆုပ်ကိုင်ကာ လဲကျသွားခဲ့ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ ကုသမှု အပြီးမှာ ကွင်းထဲ ကနေ ထွက်ခွာခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ခံစစ်က ဘယ်လောက်ပဲ အားကောင်းနေပါစေ ကာလာဖီအိုရီနဲ့ ဂါဘရီရယ် တို့ နှစ်ဦးစလုံးက တိုက်စစ် အတွက်လည်း အရေးပါသူတွေ ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် ကာလ အတန်ကြာ အနားယူရဖို့ ရှိနေတဲ့ ဂါဘရီရယ်

အာဆင်နယ် ကတော့ ဆန်းဒါးလန်းနဲ့ ပွဲမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ရပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီးမှာ အမှတ်ပေးဇယားကို ၄ မှတ်ဖြတ် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂန်းနားတွေက ချန်ပီယံလိဂ် ပွဲစဉ် ၄ ပွဲဆက်တိုက် အနိုင်ရပြီးနောက် မှာလည်း ဇယားရဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ ဂန်းနားတွေဟာ ပြိုင်ပွဲစုံမှာ ၅ ဂိုးသာ ပေးထားခဲ့ရပြီး ၈ ပွဲ ဆက်တိုက် ဂိုးမပေးရပဲ အကောင်းဆုံး ပုံစံရနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို အခြေအနေမှာ နည်းပြ မီခဲလ် အာတေးတား မလိုချင်ဆုံး အရာက ဒဏ်ရာပြဿနာတွေ ဖြစ်ပါလိမ့်မယ်။

အာတေးတားရဲ့ အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီး မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဥရောပရဲ့ နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ ချဲလ်ဆီး တို့ကိုလည်း ၈ ရက် အတွင်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ခံစစ်က ဘယ်လောက်ပဲ အားကောင်းနေပါစေ ကာလာဖီအိုရီနဲ့ ဂါဘရီရယ် တို့ နှစ်ဦးစလုံးက တိုက်စစ် အတွက်လည်း အရေးပါသူတွေ ဖြစ်ပါတယ်။ ကာလာဖီအိုရီက ဘယ်နောက်ခံလူ အဖြစ် အဓိက ကစားပေမယ့် Final Third ထဲ ဝင်ရောက်လေ့ ရှိပြီး ဂါဘရီရယ် ကတော့ Set Piece တွေ ကနေ တိုက်စစ်ဆင်ရာမှာ အရေးကြီးတဲ့ ကစားသမား ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း အာဆင်နယ်က ကာလာဖိအိုရီနဲ့ ဂါဘရီရယ်တို့ မကစားနိုင်ရင် ပိုင်ရို ဟင်ကပ်ပီ၊ ခရစ္စသီယန် မော့စ်ကွီယာနဲ့ မိုးလ်စ် လီဝစ် စကယ်လီ တို့ကို ရွေးချယ်လို့ ရနေပါသေးတယ်။ လက်ရှိ အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်း မှာတော့ ကိုင် ဟာဗက်ဇ်၊ ဂါဘရီရယ် ဂျေဇုစ်၊ နိုနီ မာဒူခေး၊ ဗစ်တာ ယိုကီးရက်စ်နဲ့ မာတင် အိုဒီဂတ်တို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်