ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ တိုက်စစ်မှူးသစ် ရှာပုံတော် ကတော့ ဇာတ်မြောကြီး ဖြစ်နေခဲ့ပြီး ဂန်းနား ပရိသတ်တွေလည်း အားမလိုအားမရ ဖြစ်နေကြပါပြီ။ အာဆင်နယ်က လက်ရှိ အချိန်ထိ တိုက်စစ်မှူးသစ် တစ်ဦး ရှာဖွေနေဆဲ ဖြစ်ပြီးတော့ ဘင်ဂျာမင် ဆက်စ်ကိုလား၊ ဗစ်တာ ယိုကီးရက်စ်လား၊ အိုလီ ဝက်ကင်န်လား အခုချိန်ထိ ဘယ်ကစားသမားကို ခေါ်မယ် ဆိုတာ အသေအချာ မသိရသေးပါဘူး။
အခု နောက်ဆုံး သိရတဲ့ သတင်းတွေအရ ဆိုရင်တော့ အာဆင်နယ်ဟာ ဘင်ဂျာမင် ဆက်စ်ကိုကို သူတို့ရဲ့ နံပါတ် ၁ ပစ်မှတ် အဖြစ် သတ်မှတ်ထားပေမယ့် ကစားသမားရဲ့ လုပ်ခ လစာ တောင်းဆိုမှုက များပြားလွန်းနေတာကြောင့် စိတ်ပျက်လျက် ရှိကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ဒီနွေရာသီမှာ နံပါတ် ၉ အထောင် တိုက်စစ်မှူး နေရာ အတွက် ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ်ယူဖို့ အားခဲထားခဲ့သလို အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့လည်း နီးစပ်နေခဲ့တာပါ။ နည်းပြ မီခဲလ် အာတေးတားရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်တဲ့ ဆက်စ်ကိုဟာ သူကိုယ်တိုင်လည်း အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေသလို ကလပ် နှစ်ခု အကြား သဘောတူညီမှု ရရှိနိုင်လိမ့်မယ်လို့လည်း သတင်းတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် The Sun ရဲ့ ဖော်ပြချက်အရ ကစားသမားရဲ့ လုပ်ခလစာ မြင့်မားစွာ တောင်းဆိုမှုကြောင့် အခုလက်ရှိမှာ ဆွေးနွေးမှုတွေ ရပ်တန့်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆက်စ်ကိုက သူ့ရဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့တာ ကိုလည်း အာဆင်နယ် ဘက်က သဘောမကျ ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်ဟာ ဆက်စ်ကိုကို ခေါ်ယူဖို့ အတွက် ကိုတော့ မျှော်လင့်ချက် လုံးဝ မစွန့်လွှတ်သေးပေမယ့် ကစားသမားနဲ့ ကလပ် နှစ်ခု အကြား သဘောတူညီမှုတွေ အဘက်ဘက်မှာ အဆင်ပြေဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

အကယ်၍ ဆက်စ်ကိုရဲ့ လုပ်ခလစာ တောင်းဆိုမှု အတိုင်း အာဆင်နယ် ဘက်က မပေးချေချင်ရင်တော့ နောက်ထပ် ပစ်မှတ် တစ်ခု ဖြစ်တဲ့ စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ပြောင်းလဲ ကြိုးပမ်းသွားနိုင်ဖို့တော့ ရှိပါတယ်။ ဆွီဒင် ဂိုးသွင်းစက် ဗစ်တာ ယိုကီးရက်စ် ကိုတော့ အာဆင်နယ် အားကစား ဒါရိုက်တာ အန်ဒရီယာ ဘာတာက သဘောကျနေပြီး လက်ရှိ အချိန်ထိတော့ ချဉ်းကပ်မှုတွေ မလုပ်ရသေးကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီ ကလပ်ဟာ ယိုကီးရက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို မတန်တဆ လိုချင်နေတာကြောင့် ကစားသမား ကိုယ်တိုင် ကတောင် သူ့ရဲ့ ပြင်းထန်တဲ့ ဆန္ဒကို ထုတ်ဖော် ပြသထားတာ တွေ့ရပါတယ်။ အာဆင်နယ်ဟာ အသက် ၂၇ နှစ် အရွယ် ကစားသမား အတွက် ပြောင်းရွှေ့ကြေး သိသိသာသာ ကျဆင်းလာမှသာ ခေါ်ယူဖို စဉ်းစားနေပြီး အချိန်ကောင်းကို စောင့်ဆိုင်းနေတယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။
တကယ်လို့ ဆက်စ်ကို ကိုရော ယိုကီရက်စ် ကိုပါ မခေါ်ယူနိုင်ခဲ့ရင်တော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာရဲ့ တိုက်စစ်မှူး အိုလီ ဝက်ကင်န်ကို ပစ်မှတ် စာရင်းထဲ ထည့်ထားပါသေးတယ်။ လက်ရှိမှာတော့ အာဆင်နယ်က ဒီနွေရာသီရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီရဲ့ အပြောင်းအရွှေ့ကို မကြာခင်မှာ အတည်ပြု ကြေညာတော့မှာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း သောမက်စ် ပါတေးက အသင်း ကနေ ထွက်ခွာဖို့ များနေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ ဘရန့်ဖို့ဒ်က နောဂတ်ကို ခေါ်ယူဖို့ စဉ်းစားနေပါသေးတယ်။
အစောပိုင်း သတင်းတွေ အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီမှာ အထောင်တိုက်စစ်မှူး၊ ဘယ်တောင်ပံ၊ ကွင်းလယ်၊ ခံစစ်နဲ့၊ ဂိုးသမား တစ်ဦးစီ ခေါ်ယူ အားဖြည့်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်က ချဲလ်ဆီး ဂိုးသမား ကီပါ အရစ်ဇာဘာလာဂါနဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်သလို ကွင်းလယ် အတွက် ဇူဘီမန်ဒီလည်း ရောက်ရှိလာပြီ ဖြစ်တာကြောင့် လက်ကျန် ၃ နေရာ အတွက် အားဖြည့် ခေါ်ယူဖို့သာ ကြိုးစားရတော့မှဦ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ တောင်ပံ အတွက် ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ငွေပုံအောပြီး ခေါ်ယူချင်နေပေမယ့် ကစားသမား ကတော့ လာလီဂါ ကလပ် မှာသာ ဆက်ရှိနေချင်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.