နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖေဘီယို ဗီအဲရာ အတွက် ဆွေးနွေးနေတဲ့ အာဆင်နယ်နဲ့ ပါးမား၊ ဖိုဖာနာကို ခေါ်ယူဖို့ ထပ်မံ စိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ဇူလိုင်လ ၂၁ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ပါမား တို့ဟာ ကွင်းလယ်လူ ဖာဘီယို ဗီအဲရာ အတွက် အလားအလာ ရှိတဲ့ သဘောတူညီချက် အတွက် ညှိနှိုင်းနေကြောင်း Gazzetta Di Parma က ဖော်ပြသည်။ ဂန်းနားတွေ ကတော့ ဗီအဲရာ အတွက် သူတို့ သတ်မှတ်ထားတဲ့ ယူရို သန်း ၂၀ ဈေးနှုန်းကို လျှော့ချသွားဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။ လက်ရှိ ပါးမား နည်းပြ ကားလို့စ် ကူစတာဟာ အာဆင်နယ်ရဲ့ နည်းပြ အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး ဖေဘီယို ဗီအဲရာနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ တိုက်စစ်မှူး တစ်ဦး ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပြီး ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန် အတွက် ဆွေးနွေးမှုတွေ စတင်ခဲ့ကြောင်း BBC Sport က ဖော်ပြပါတယ်။ ယူနိုက်တက်ဟာ ဂျက်ဆန်ကို အလက်ဟန်ဒရို ဂါနာချိုနဲ့ အလဲအလှယ် ပြုလုပ်ချင်နေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လစ်ဗာပူးလ် ကတော့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီ ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပေမယ့် လိုင်ယွန်က မာလစ်ခ် ဖိုဖာနာ ကိုလည်း ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း TBR Football က အခိုင်အမာ ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ဖိုဖာနာကို နောက်ထပ် တိုက်စစ် ရွေးချယ်မှု တစ်ခု အဖြစ် ထပ်မံ ထည့်သွင်းဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ဖိုဖာနာကို နောက်ထပ် တိုက်စစ် ရွေးချယ်မှု တစ်ခု အဖြစ် ထပ်မံ ထည့်သွင်းဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
ဒီနွေရာသီ အပြောင်းအရွှေ့ထဲမှာ ဆက်ရှိနေဦးမယ့် လစ်ဗာပူးလ်

လိုက်ပ်ဇစ်ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဇာဗီ ဆိုင်မွန်စ် ကိုတော့ အာဆင်နယ်၊ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နှင့် မန်ချက်စတာစီးတီး တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း နာမည်ကြီး သတင်းထောက် ဆိုင်မွန် ဖီးလစ် ကတော့ နယ်သာလန် ကစားသမား အနေနဲ့ ချဲလ်ဆီးကို ဦးစားပေး ရွေးချယ်ဖို့ စဉ်းစားထားတယ်လို့ ဖော်ပြပါတယ်။

ဖလော်ရီယန် ပလက်တန်ဘက်ဂျ်ရဲ့ ဖော်ပြချက်အရ ဂါလာတာဆာရေးဟာ မန်စီးတီးရဲ့ ဘရာဇီးလ် ဂိုးသမား အီဒါဆင် မိုရေးစ်ကို ခေါ်ယူဖို့ အခြေအနေကောင်းနေကြောင်း သိရပါတယ်။ မန်စီးတီး ကလည်း အီဒါဆင်သာ ထွက်ခွာခဲ့မယ် ဆိုရင် အသင်းရဲ့ အကယ်ဒမီထွက် ဂိုးသမားဟောင်း ဂျိမ်းစ် ထရက်ဖို့ဒ်နဲ့ ပြန်လည် အစားထိုးဖို့ ဆုံးဖြတ်ထားကြောင်း သိရါတယ်။ ပပ် ဂွာဒီယိုလာရဲ့ အသင်းဟာ ဘန်လေ ဘက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ကို လျှော့ချနိုင်ဖို့ ကြိုးစားနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ဘုန်းမောက် ဗဟိုနောက်ခံလူ အီလီယာ ဇဘာညီကို ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့နဲ့ အပြိုင် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဘုန်းမောက် ကတော့ သူတို့ရဲ့ ဗဟိုနောက်ခံလူ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ကျော် လိုချင်နေကြောင်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ယူကရိန်း ဗဟိုခံစစ် ကစားသမားဟာ ဘုန်းမောက် အတွက် ၂ ရာသီကျော်ကြာ ကာလ အတွင်း ၈၆ ပွဲ ပါဝင်ကစားထားပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဂါလာတာဆာရေးရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဂါဘရီရယ် ဆာရာကို ပေါင် ၂၆ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်