ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ သူတို့ရဲ့ ထိပ်တန်း ပစ်မှတ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်မှူး ရှာပုံတော် ကိစ္စဟာ ဒီအပြောင်းအရွှေ့မှာ တော်တော်လေးကို ရှုပ်ထွေးနေပြီး ယိုကီးရက်စ်လိုလို၊ ဆက်စ်ကို လိုလို၊ ဝက်ကင်န် လိုလို ဖြစ်နေတာပါ။ အခုတော့ ဂန်းနားတွေဟာ ဆက်စ်ကိုနဲ့ သဘောတူညီမှု ရခဲ့သလို လိုက်ပ်ဇစ် ကလည်း သူတို့ရဲ့ နောက်ဆုံး တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။
ဂျာမန် နာမည်ကြီး သတင်းဌာန Bild ကလည်း ပရီးမီးယားလိဂ် ကလပ်ဟာ ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း အတည်ပြုထားခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ် ဘက်က တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပေမယ့်လည်း လိုက်ပ်ဇစ်ရဲ့ လိုချင်တဲ့ တောင်းဆိုကြေး အတိုင်း ပေးချေသွားဖို့ ဆုံးဖြတ်ထားပြီလို့ သိရပါတယ်။ လိုက်ပ်ဇစ် ကလည်း လာမယ့် ရက်ပိုင်း အတွင်း ခိုင်မာတဲ့ ကမ်းလှမ်းမှု တစ်ခုကို ရရှိဖို့ မျှော်လင့်ထားပြီး အာဆင်နယ်ရဲ့ ရာသီကြို ခရီးစဉ် မတိုင်မီ ဒီအပြောင်းအရွှေ့က အပြည့်အဝ သဘောတူညီမှု ရရှိဖွယ်လည်း ရှိနေပါတယ်။
ဆက်စ်ကိုဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ လိုက်ပ်ဇစ် အတွက် ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၂၁ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်က ဆက်စ်ကို,ကို ဒီနွေရာသီမှာတော့ အရ ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ မနှစ်ကတည်းက ဆက်စ်ကို,ကို စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ် မှာတော့ အမ်းမရိတ်စ်ဆီ ခေါ်ယူဖို့ သေချာနေခဲ့ပြီ ဖြစ်ပါတယ်။ လိုက်ပ်ဇစ် ဆက်စ်ကို အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို မျှော်လင့်နေပြီး သတင်းတွေ အရ ဆိုရင်တော့ ဂျာမန် ကလပ်ဟာ ပေါင် ၆၈.၅ သန်း ကနေ ပေါင် ၈၅.၅ သန်း ကြား လိုချင်နေကြောင်း သိရပါတယ်။

ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဗစ်တာ ယိုကီးရက်စ်ရော၊ ဘင်ဂျာမင် ဆက်စ်ကိုပါ အာဆင်နယ်ကို ပြောင်းရွှေ့ချင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ကတော့ အသက်အရွယ် ပိုငယ်ပြီး အာတေးတား သဘောကျတဲ့ ဘင်ဂျာမင် ဆက်စ်ကို,ကိုသာ အဓိက ကြိုးပမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆက်စ်ကို အတွက် အဓိက ဆွဲဆောင်မှု ကတော့ အာဆင်နယ်က လာမယ့်ရာသီမှာ ဥရောပ ချန်ပီယံလိဂ် ပါဝင် ကစားခွင့်ရထားတာကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ ကလပ် လိုက်ပ်ဇစ် ကတော့ ဒီရာသီ ဘွန်ဒက်လီဂါ အဆင့် ၇ နေရာနဲ့သာ ရာသီသိမ်းခဲ့ရတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ထားခဲ့ပါတယ်။ မကြာသေးခင်က ဆိုရင် ဆက်စ်ကို,ကို ဆော်ဒီပရိုလိဂ် ကလပ် နှစ်ခုက မြင့်မားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဆလိုဗေးနီးယား တိုက်စစ်မှူး ကတော့ အဆိုပါ ကမ်းလှမ်းတွေကို ပယ်ချခဲ့ကာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပါတယ်။
ဆက်စ်ကိုဟာ အသင်း ပြောင်းရွှေ့ဖို့ အတွက် တခြား ကစားသမားတွေလိုမျိုး တောင်းဆိုမှုတွေ မရှိနေပေမယ့် အာဆင်နယ်နဲ့ အတူ ချန်ပီယံလိဂ် ကစားခွင့်ရမယ့် အခွင့်အရေး ကိုတော့ တော်တော်လေး စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ လက်ရှိမှာ ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ အတွက် အဆင့်တွေ အများကြီး ကျော်ဖြတ်ဖို့ ကျန်ရှိနေသေးပေမယ့် အပြုသဘောဆောင်တဲ့ အခြေအနေတွေကြောင့် ဂွန်းနားတို့ ပျော်ရွှင်ရဖို့ နီးစပ်နေပါပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.