နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အီးဇီးကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ အာဆင်နယ်၊ ဆက်စ်ကိုရဲ့ အရန် အဖြစ် ကဲလ်ဗက် လီဝင်းကို ခေါ်ယူဖွယ် ရှိနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ဩဂုတ် ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ခရစ္စတယ်ပဲလေ့စ် ဘယ်တောင်ပံ ကစားသမား အီဘာရီချီ အီးဇီးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ဂန်းနားတွေဟာ အင်္ဂလန် လက်ရွေးစင် အတွက် ပရီးမီးယားလိဂ် မြို့ခံ ပြိုင်ဘက် အသင်းကို ပေါင် ၅၅ သန်း ပေးချေရဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ကားလို့စ် ဘာလီဘာ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း indykalia News က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘရိုက်တန် ကွင်းလယ်လူ အတွက် ပေါင် သန်း ၁၀၀ ထက် မပိုတဲ့ ပြောင်းရွှေ့ကြေး ပေးချေရဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိတော့ ဒီအပြောင်းအရွှေ့က အတည်ပြုလို့ မရတဲ့ အဆင့်မှာသာ ရှိနေသေးကြောင်းလည်း ဗြိတိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

မန်ချက်စတာစီးတီး ကတော့ ချဲလ်ဆီး ကွင်းလယ် ကစားသမား ကိုးလ် ပါးလ်မား အတွက် စံချိန်တင် ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ Fichajes က ဖော်ပြပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းဟာ ကနဦး ယူရို သန်း ၂၀၀ (ပေါင် ၁၇၃.၃ သန်း) + အပိုဆုကြေး နောက်ထပ် ယူရို သန်း ၅၀ (ပေါင် ၄၃.၃ သန်း) ပေးချေဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန် တိုက်စစ်မှူးဟောင်း ဒေါမနစ် ကဲလ်ဗက် လီဝင်းကို ဘင်ဂျာမင် ဆက်စ်ကိုရဲ့ အရန် ကစားသမား အဖြစ် ဒီနွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ် ရှိကြောင်း CaughtOffside က ဖော်ပြပါတယ်။ ကဲလ်ဗက် လီဝင်း ကတော့ ပရီးမီးယားလိဂ် ကလပ် အဲဗာတန်နဲ့ လမ်းခွဲပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေသူပါ။

လစ်ဗာပူးလ် ကတော့ အလက်ဇန္တား အိဆက်ခ် အတွက် တခြားသော ရွေးချယ်စရာတွေနဲ့ ကမ်းလှမ်းမှု မပြုလုပ်ရသေးကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က အိဆက်ခ် အတွက် နယူးကာဆယ်ရဲ့ ရပ်တည်ချက် ပျော့ပြောင်းလာစေဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ကဲလ်ဗက် လီဝင်း ကတော့ ပရီးမီးယားလိဂ် ကလပ် အဲဗာတန်နဲ့ လမ်းခွဲပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေသူပါ။
ကဲလ်ဗက် လီဝင်းကို ဆက်စ်ကိုရဲ့ အရန်အဖြစ် သုံးချင်နေတဲ့ ယူနိုက်တက်

ချဲလ်ဆီး အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် အန်ဇို ဖာနန်ဒက်ဇ် ကိုတော့ ပီအက်စ်ဂျီက ယူရို သန်း ၁၅၀ (ပေါင် ၁၃၀ သန်း) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဂိုးသမား အများအပြားကို စိတ်ဝင်စားနေပေမယ့်လည်း အန်ဒရီ အိုနာနာ ကတော့ ဒီနွေရာသီ မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း The Times က ဖော်ပြပါတယ်။

ပါမား ဗဟိုနောက်ခံလူ ဂျီယိုဗန်နီ လီယိုနီ ကိုတော့ လစ်ဗာပူးလ်က စိတ်ဝင်စားနေကြောင်း FCInterNews က ဖော်ပြပါတယ်။ ဒီကစားသမား ကိုတော့ မီလန် မြို့ခံ ပြိုင်ဘက် နှစ်သင်း ကလည်း အသက် ၁၈ နှစ် အရွယ် ကြယ်ပွင့်လေးကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဖူလ်ဟမ် အသင်းဟာ ရှက်တာဒိုးနက်စ်က ကဲလ်ဗင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပယ်ချခံရမှုကြောင့် တစ်နေ့ကမှ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ ရီးစ် နဲလ်ဆင်ကို အငှားနဲ့ ခေါ်ယူဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ကတော့ သူတို့ရဲ့ ကစားသမားကို အငှားနဲ့ ထပ်မံ စေလွှတ်ဖို့ ဆန္ဒမရှိပဲ အပြီးသတ် ရောင်းချလိုကြောင်း အကြောင်းပြန်ထားပါတယ်။ နယ်လ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ဖူလ်ဟမ်မှာ အငှားသွားရောက် ကစားခဲ့ရပြီး ဒဏ်ရာရခဲ့တာကြောင့် ၁၂ ပွဲသာ ကစားပေးခဲ့ရပါတယ်။ လစ်ဗာပူးလ် အသင်းခေါင်းဆောင် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ခ်က အသင်း အနေနဲ့ တိုက်စစ် ကစားသမား ထပ်မံ ခေါ်သင့်ကြောင်း ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲအပြီးမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်