ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်းက ကစားသမားတွေကို ဈေးပေါပေါနဲ့ ရောင်းထုတ်သွားမှာ မဟုတ်ဘူးကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။ ပြိုင်ဘက် အသင်းတွေ အနေနဲ့ အသင်းက အလိုမရှိတော့တဲ့ ကစားသမားတွေကို အလွယ်တကူ ရရှိမှာ မဟုတ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပြီး ဂါနာချို၊ အန်တိုနီနဲ့ ဆန်ချို တို့ရဲ့ အပြောင်းအရွှေ့တွေကို ရည်ရွယ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။
နွေရာသီကာလမှာ မန်ချက်စတာယူနိုက်တက် ကနေ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့တဲ့ ကစားသမားတွေ အနက် မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာကို ကနဦး အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အဲဒီနောက် ယူရို ၃၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်လည်း ပါရှိပြီးတော့ ဘာစီလိုနာ ဘက်က ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ခ လစာကို ပေးချေရမှာလည်း ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် ထွက်ခွာပြီးနောက် ဂါနာချို၊ အန်တိုနီ၊ ဆန်ချိုနဲ့ မာလာစီယာ တို့ ကလည်း အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း များနေပါတယ်။ အန်တိုနီ ကိုတော့ ပြီးခဲ့တဲ့ ရာသီက အငှားနဲ့ ခေါ်ခဲ့တဲ့ ရီးရဲလ်ဘက်တစ်က ပြန်လည် ခေါ်ယူချင်နေသလို အက်တလက်တီကိုမက်ဒရစ် ကလည်း စိတ်ဝင်စားနေပါတယ်။ ဆန်ချို ကိုတော့ ဂျူဗင်တပ်စ်က စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့က တော်တော်လေး ခရီးရောက်နေသလို ကစားသမားရဲ့ ဆုံးဖြတ်ချက် အပေါ်မှာလည်း မူတည်နေပါတယ်။

ဂါနာချို ကိုတော့ ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက ပစ်မှတ်ထားနေပြီးတော့ ယူနိုက်တက် ကလည်း ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဇူလိုင်လ မကုန်ခင်မှာ အပြီးသတ် ရောင်းချဖို့လည်း ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ အပြောင်းအရွှေ့ကာလ စတင်ကတည်းက နည်းပြ ရူဘင် အမော်ရင်ရဲ့ အစီအစဉ်တွေ ထဲမှာ မပါဝင်တော့တဲ့ ဂါနာချိုက အသင်းပြောင်းဖို့လည်း စိတ်အားထက်သန်နေသူပါ။ သူ့ကို အီတလီ ချန်ပီယံ နာပိုလီနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးနဲ့ တခြားသော ကလပ်တွေက အလေးအနက်ထား စိတ်ဝင်စားနေကြပါတယ်။ ယူနိုက်တက်ဟာ ဂါနာချိုရဲ့ အပြောင်းအရွှေ့ကို အချိန်ဆွဲလိုခြင်း မရှိပဲ ဇူလိုင်လ မကုန်ခင် အပြီးသတ် ရောင်းချသွားဖို့ အဆင်သင့် ဖြစ်နေကာ ဝယ်လက်ရှာဖွေမှုတွေကို စတင် လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။ အာဂျင်တီးနားသားဟာ လက်ရှိမှာ ပေါင် သန်း ၆၀ တန်ကြေး ရှိနေပြီးတော့ သူကိုယ်တိုင်က ပရီးမီးယားလိဂ် မှာပဲ ဆက်နေလိုကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် အမော်ရင်က ကလပ် ကနေ ရှင်းထုတ်ရမယ့် ကစားသမား ၅ ဦး စာရင်းကို ပြုလုပ်ထားပြီး အသင်းထံ အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ အဲ့ဒီ စာရင်းထဲက မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘာစီလိုနာကို အငှားစာချုပ်နဲ့ ထွက်ခွာသွားခဲ့ပြီး ဖြစ်တာကြောင့် ကျန် ၄ ဦးကိုပဲ ရောင်းထုတ်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က မားသီးယက်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမို တို့ကို ခေါ်ယူပြီးသည့် တိုင်အောင် သွင်းဂိုးတွေ အတွက် အာမခံချက် ရှိနိုင်မယ့် အထောင် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ ရာသီကြို ခြေစမ်းပွဲတွေ အဖြစ် လိဒ်စ်ယူနိုက်တက်၊ ဝက်စ်ဟမ်း တို့နဲ့ ကစားထားပြီး အားရစရာ ခြေစွမ်းမျိုးတော့ မမြင်တွေ့ရသေးပါဘူး။\
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.