ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ် ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာက ခေါ်ယူချင်နေပါတယ်။ ဒီအခြေအနေမှာ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကတော့ ဖာနန်ဒက်စ်ကို အသင်းမှာသာ ဆက်ထိန်းထားလိုကြောင်း ပြောဆိုလာခဲ့ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ အဲလ်ဟီလယ်က အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ကို တစ်နှစ် လုပ်ခလစာ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဒီပမာဏဟာ မန်ချက်စတာယူနိုက်တက်မှာ တစ်နှစ် လုပ်ခလစာ ပေါင် ၁၅.၆ သန်းသာ ရရှိနေတဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမား အတွက် ၄ ဆ ကျော် တိုးမြှင့်ရရှိနိုင်မယ့် ပမာဏ ဖြစ်ပါတယ်။ ဒီပမာဏဟာ တကယ်ဆိုရင် ဘရူနို ဖာနန်ဒက်စ် အတွက် မက်လောက်စရာ ဖြစ်ပြီး သူ့ရဲ့ အသက်အရွယ်အရလည်း စဉ်းစားနိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေ ရှိနေတာ မထူးဆန်းကြောင်းနဲ့ သူ့ အနေနဲ့လည်း ဘရူနို ဖာနန်ဒက်စ်ကို အသင်းမှာ ဆက်ရှိနေစေချင်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်က “ဘရူနို ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်လာတာကို ကျွန်တော် နားလည်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘရူနို ဖာနန်ဒက်စ်ဟာ အချက်အလက်ကောင်းတွေကို ပိုင်ဆိုင်ထားသလို၊ သူ့ရဲ့ စွမ်းဆောင်ရည် ကလည်း အရမ်းပဲ ကောင်းမွန်ပါတယ်။ သူဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ သူ့လို ကစားသမားတွေ လိုအပ်ပါတယ်။ သူ့ကို ကလပ်တွေက လိုချင်ကြတာ မထူးဆန်းပါဘူး။ ကျွန်တော် ကတော့ သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ်မှာ ပေါ်တူဂီ ကလပ် စပို့တင်းလစ္စဘွန်း ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် ကလပ်မှာ ပြိုင်ပွဲစုံ ၂၈၅ ပွဲ ကစားကာ ၉၈ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှုလည်း ၈၁ ကြိမ် အထိ ပြုလုပ်ထားပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ လက်ရှိမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ကစားထားပြီး ဘီလ်ဘာအိုကို ၃-၀ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေခဲ့ရပြီး ယူရိုပါလိဂ် မှာ ချန်ပီယံ ဖြစ်ဖို့က အသင်းနဲ့ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်ရဲ့ အဓိက ရည်မှန်းချက် ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့ရင် ဖလား လက်မဲ့ ရာသီ အဖြစ် ဖြတ်သန်းရမှာ မဟုတ်သလို လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒီလို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရင်တော့ အသင်းမှာ ရှိတဲ့ ထိပ်တန်း ကစားသမားတွေကို ဆက်လက် ထိန်းသိမ်းနိုင်မှာ ဖြစ်သလို ဗစ်တာ ယိုကီးရက်စ်လို ထိပ်တန်း တိုက်စစ်မှူး အပါအဝင် တခြားသော ကစားသမားတွေ ကိုလည်း ခေါ်ယူဖို့ လွယ်ကူသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ်ကို လုံးဝ လွှတ်ချလိုက်ပြီးတော့ ယူရိုပါလိဂ် တစ်ခုတည်းကိုပဲ နိုင်လိုစိတ် အပြည့်နဲ့ ကစားနေတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.