ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ စပိုတင်းလစ္စဘွန်း ကွင်းလယ်လူ မော်တန် ဂျူးလ်မန်းကို ခေါ်ယူဖို့ ပထမဦးဆုံး အကြိမ် တရားဝင် ကမ်းလှမ်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒိန်းမတ် လက်ရွေးစင် ကွင်းလယ် ကစားသမားဟာ နည်းပြ ရူဘင် အမော်ရင်ရဲ့ တပည့်ဟောင်း ဖြစ်သလို အဓိက ပစ်မှတ်လည်း ဖြစ်တာကြောင့် ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ဆိုရင်တော့ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်နဲ့ အပြိုင် ကြိုးပမ်းရဖို့လည်း ရှိနေပါတယ်။
အီတလီက လာတဲ့ သတင်းတွေအရ မန်ချက်စတာယူနိုက်တက်ဟာ ဂျူးလ်မန်း အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ နဲ့ တရားဝင် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်က ကမ်လှမ်းမှု မပြုလုပ်ခင် ယူနိုက်တက်က လက်ဦးမှု ရယူခဲ့တာ ဖြစ်ပေမယ့် စပို့တင်း ဘက်ကတော့ ချက်ချင်း ဆုံးဖြတ်ချက်ချဦးမှာ မဟုတ်တာ သေချာပါတယ်။ စပို့တင်းလစ္စဘွန်းဟာ သူတို့ အသင်းရဲ့ ကစားသမားတွေကို ရောင်းထုတ်ရာမှာ အနည်းအငယ် လက်ပေါက်ကပ်တဲ့ အသင်း အဖြစ် လူသိများပြီး သူတို့ အတွက် အကျိုးအမြတ် စိတ်တိုင်းကျ ရရှိမှသာ လက်လွှတ်ပေးတတ်တဲ့ အသင်း ဖြစ်ပါတယ်။
တစ်ခု ရှိတာက နည်းပြ ရူဘင် အမော်ရင်ဟာ ဂျူးလ်မန်းနဲ့ စပို့တင်းမှာ ရင်းနှီးသလို ကလပ်ဟောင်းနဲ့ ကလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် ယူနိုက်တက်သာ မှန်ကန်တဲ့ အခြေအနေတွေနဲ့သာ ကမ်းလှမ်းရင် ဒီအပြောင်းအရွှေ့က မြန်ဆန်ဖွယ်တော့ ရှိပါတယ်။ အမော်ရင်ဟာ စပို့တင်းမှာ အသက် ၂၅ နှစ် အရွယ် ကစားသမားကို ဗဟိုပြုပြီး အသင်းကို တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း အမော်ရင်က သူ့ရဲ့ တပည့်ဟောင်းနဲ့ ပရီးမီးယားလိဂ်မှာ ပြန်လည် ဆုံစည်းနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စီးရီးအေ ကလပ်က စပို့တင်း လိုချင်တဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ကို ပေးချေဖို့ ဘဏ္ဍာရေးအရ အခက်အခဲတွေ ရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် တူရင် ကလပ်က သူတို့ အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဒေါက်ဂလပ်စ် လူးဝစ် သို့မဟုတ် အာသာ မယ်လို တို့ နှစ်ဦးထဲက တစ်ဦးကို ငွေသားနဲ့ အတူ အလိုက်ပေး ကမ်းလှမ်းဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။
ဂျူးလ်မန်းဟာ လက်ရှိ ဥရောပရဲ့ စိတ်ဝင်စားခံရမှု အများဆုံး ကွင်းလယ် ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပြီး ပေါ်တူဂီ ကလပ်က စာချုပ်ဖျက်သိမ်းကြေး အဖြစ် ယူရို သန်း ၈၀ ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ စပို့တင်းက ယူရို သန်း ၅၀ ဝန်းကျင်နဲ့ စတင် ညှိနှိုင်းနိုင်မှာ ဖြစ်ကြောင်း လမ်းဖွင့်ပေးထားပြီး ဂျူးလ်မန်းရဲ့ အေးဂျင့် ကတော့ ယူရို သန်း ၃၀ ကနေ ၄ဝ အကြားနဲ့ အပြောင်းအရွှေ့ အထိမြောက်မယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် ကစားသမား ကိုယ်တိုင်က ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ လိုလားနေပြီး အဓိက ကတော့ နည်းပြဟောင်း အမော်ရင်နဲ့ ပြန်လည် လက်တွဲချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ အခြေအနေအရတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ကသာ အဓိကကျနေပြီး ဂျူဗင်တပ်စ် ကတော့ ရှိရင်းစွဲ ကစားသမားတွေကို ရှင်းထုတ်ပြီးမှသာ ကမ်းလှမ်းမှု ပြုလုပ်နိုင်မှာ ဖြစ်လို့ မလွယ်ကူတဲ့ အခြေအနေပါ။ ဒီအပြောင်းအရွှေ့ဟာ ယူနိုက်တက်နဲ့ အမော်ရင်သာ အမှန်တကယ် ကြိုးပမ်းရင် လာမယ့် ရက်သတ္တပတ်တွေ အတွင်း အထမြောက် အောင်မြင်နိုင်တဲ့ အပြောင်းအရွှေ့လည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.