မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်းမှာ ပုံမှန် ပွဲထွက်ကစားခွင့် မရတဲ့ ကွင်းလယ်လူ ကိုဘီ မိန်နူးနဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီး တို့ကို ထွက်ခွာခွင့်ပေးမှာ မဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒီကစားသမား နှစ်ဦးစလုံး ကတော့ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေသူတွေလည်း ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင် မိန်းနူးနဲ့ ဇစ်ခ်ဇီး တို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် အတွက် လာမယ့် ဇန်နဝါရီလမှာ အသင်း ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ သူတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ နွေရာသီ ကလည်း စီးရီးအေ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ နာပိုလီနဲ့ ရိုးမား တို့မှာ အငှားသွားရောက် ကစားဖို့ ချိတ်ဆက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ဘက်က လက်လွှတ်ပေးဖို့ တွန့်ဆုတ်နေတာကြောင့် နှစ်ဦးစလုံး အိုးထရက်ဖို့ဒ် မှာပဲ ဆက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။ ဒီရာသီမှာလည်း သူတို့ နှစ်ဦးစလုံးက ယူနိုက်တက် အတွက် ပွဲကစားချိန် အနည်းငယ်သာ ရရှိထားပြီး ဇစ်ခ်ဇီးက ၄ ပွဲ၊ မိန်းနူးက ၇ ပွဲ ကစားထားရပေမယ့် လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခွင့် ရရှိထားတာပါ။ မိန်နူးဟာ အခုရာသီမှာ ပရီးမီးယားလိဂ် မှာ ၅ ပွဲသာ လူစားဝင် ကစားခွင့် ရခဲ့သလို ဇစ်ခ်ဇီး ကတော့ အခြေအနေ ပိုဆိုးပြီး ပြိုင်ပွဲစုံမှာ ပွဲကစားချိန် ၈၂ မိနစ်သာ ရရှိထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်က နားလည်တယ် ဆိုပေမယ့် လက်လွှတ်သွားမှာတော့ မဟုတ်ကြောင်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ အမော်ရင်က “ကျွန်တော် ဒါကို နားလည်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကျွန်တော် တို့ရဲ့ ကစားသမားတွေပါ။ ပြီးတော့ ဘောလုံးရာသီကောင်း တစ်ခု ဖြစ်လာဖို လူတိုင်းကို လိုအပ်ပါတယ်။ ကျွန်တော် တို့ရဲ့ ကလပ်မှာ ဆူညံသံတွေ များစွာရှိနေတာကို သိပါတယ်။ ကစားသမားတွေက ကစားခွင့် မရဘူး။ သူတို့က ကစားချင်ကြတယ်။ ဒါက ကမ္ဘာ့ဖလားကြောင့်ပါ။ ကစားသမားတွေက အေးဂျင့်တွေရဲ့ စကား နားထောင်ရပြီး တစ်ချိန်လုံး ပြောနေကြပါတယ်။” လို့ အမော်ရင်က ဆိုပါတယ်။

အစောပိုင်းမှာ သတင်းတွေရဲ့ ဖော်ပြချက်အရ ကိုဘီ မိန်းနူးကို လာလီဂါ မက်ဒရစ် မြိုခံ အသင်းကြီး နှစ်သင်း အပြင် တခြားသော ပရီးမီးယားလိဂ် ကလပ် အများအပြား ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စပိန် ကလပ်တွေဟာ မိန်းနူးကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ ဒါပေမယ့်လည်း ယူနိုက်တက် ကတော့ မိန်းနူးကို အငှားစာချုပ်နဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိသလို အလျင်စလို ရောင်းချမှာလည်း မဟုတ်ကြောင်း အစောထဲက ပြောထားပြီးသား ဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ မိန်းနူးကို ခေါ်ယူလိုတဲ့ အသင်းပေါင်း ၁၀ သင်းလောက် ရှိနေတယ်လို့ သိရပါတယ်။ မိန်းနူးကို ခေါ်ယူချင်နေတဲ့ ကလပ်တွေထဲမှာ နာမည် အထွက်ဆုံး ကတော့ တော့တင်ဟမ်ဟော့စပါး၊ ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ ဖြစ်ကြောင်း သိရပါတယ်။ ဇစ်ခ်ဇီး ကိုတော့ စီးရီးအေ ကလပ်တွေက အဓိက စိတ်ဝင်စားနေပြီး သူ ကိုယ်တိုင် ကလည်း စီးရီးအေမှာ အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့တာကြောင့် သူ့ရဲ့ အောင်မြေကို ပြန်သွားချင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ထားတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် စနေနေ့မှာ ပွဲစဉ် ၉ အဖြစ် ဘရိုက်တန်နဲ့ ခက်ခဲတဲ့ ပွဲစဉ်ကို ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


