နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကာကက်ဇ်ကို ခေါ်ယူပြီးနောက် နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် သန်း ၂၀၀ ကျော် ရှိလာပြီ ဖြစ်တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ဘုန်းမောက် ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇဖ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံတွေရဲ့ ဒီနွေရာသီ အသုံးစရိတ်ဟာ ပေါင် သန်း ၂၀၀ ကျော် အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ 

အသက် ၂၁ နှစ် အရွယ် ဟန်ဂေရီ လက်ရွေးစင် ဘယ်နောက်ခံလူဟာ လစ်ဗာပူးလ်နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ နည်းပြ အာနေး ဆလော့တ်ရဲ့ ဒီနွေရာသီ အတွက် တတိယမြောက် ခေါ်ယူမှုလည်း ဖြစ်လာပါတယ်။ လစ်ဗာပူးလ်ဟာ ကာကက်ဇ် မတိုင်ခင်မှာ လေဗာကူဆင် ညာနောက်ခံလူ ဂျရယ်မီ ဖရင်ပေါင်ကို ပေါင် ၂၉.၅ သန်း၊ သူ့ရဲ့ အသင်းဖော် ဖြစ်ခဲ့တဲ့ ဖလော်ရီယန် ဝစ်ဇ်ကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ 

လစ်ဗာပူးလ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ကတည်းက သဘောတူညီမှု ရရှိထားတဲ့ ဗလင်စီယာ ဂိုးသမား မာမာဒက်ရှ်ဗီလီ ကလည်း ဇူလိုင်လ ၁ ရက်နေ့မှာ လာရောက် ပူးပေါင်းဖို့ ရှိနေပါသေးတယ်။ ဒီဂိုးသမား ကိုတော့ လစ်ဗာပူးလ်က ပေါင် ၂၉ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်လို့ လစ်ဗာပူးလ်ရဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင်သန်း ၂၁၅ သန်း အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ 

ကာကက်ဇ် ကတော့ ပြီးခဲ့တဲ့ ရာသီက ဘုန်းမောက်ရဲ့ ထင်ရှား ကျော်ကြားတဲ့ ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ခဲ့သူပါ။ ဟန်ဂေရီ လူငယ်လေးဟာ ဘုန်းမောက် အတွက် ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၂ ဂိုး သွင်းကာ ၆ ဂိုး ဖန်တီးပေးခဲ့ပြီး လစ်ဗာပူးလ်ရဲ့ ကာလရှည်ကြာ ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ကာကက်ဇ်ကို အချိန်အတန်ကြာ စောင့်ကြည့်နေခဲ့ပြီးတော့ သူတို့ အသင်းရဲ့ ဘယ်နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန် အသင်းပြောင်းရွှေ့ဖို့ သေချာသလောက် ရှိချိန်မှာ ခပ်မြန်မြန် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ဟန်ဂေရီ လူငယ်လေးဟာ ဘုန်းမောက် အတွက် ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၂ ဂိုး သွင်းကာ ၆ ဂိုး ဖန်တီးပေးခဲ့ပြီး လစ်ဗာပူးလ်ရဲ့ ကာလရှည်ကြာ ပစ်မှတ် ဖြစ်ခဲ့ပါတယ်။
ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေသေးတဲ့ လစ်ဗာပူးလ်

ပြီးခဲ့တဲ့ နွေရာသီက ဘုန်းမောက် ကနေ ပြောင်းရွှေ့လာတဲ့ လစ်ဗာပူးလ် အားကစား ဒါရိုက်တာ ရစ်ချက်ဒ် ဟု့ဂျ် ကတော့ ၂၀၂၃ ခုနှစ်မှာ ကာကက်ဇ် ကို အဲလ်ဇက် အဲလ်ခမာ ကနေ ချယ်ရီတွေဆီ ခေါ်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ်ဟာ ကာကက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် ကြိုးပမ်းရာမှာ အဆင်ပြေ ချောမွေ့ခဲ့ပြီး အချိန်တိုတွင်း အန်ဖီးလ် အရောက် ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဒင်းဟောက်ဆန်နဲ့ မီလော့စ် ကာကက်ဇ် တို့ကို ရောင်းထုတ်ထားနိုင်ခဲ့ပြီး တခြားသော အပြောင်းအရွှေ့တွေပါ ထပ်ပေါင်းရင် ပေါင် သန်း ၉၀ ကျော် အမြတ် ရရှိထားပြီး ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ဘုန်းမောက်က ကာကက်ဇ်ရဲ့ နေရာ အတွက် ရန်းစ်က ပြင်သစ် နောက်ခံလူ အက်ဒရီယန် ထရူဖတ်ကို ပေါင် ၁၁ သန်း ဝန်းကျင်နဲ့ ပြန်လည် ခေါ်ယူ အားဖြည့်ထားပါတယ်။

တစ်ဖက်မှာလည်း လစ်ဗာပူးလ်က ပြောင်းရွှေ့ကြေး များစွာ အသုံးပြုထားသည့် တိုင်အောင် နောက်ထပ် လိုအပ်နေတဲ့ နေရာတွေ အတွက် အင်အားဖြည့်တင်းမှုတွေ ဆက်လက် ပြုလုပ်သွားဖို့ ရှိနေဆဲ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အသင်းမှာ ရုန်းကန်နေရတဲ့ ဒါဝင် နူညက်ဇ်ကို မကြာခင်မှာ နာပိုလီဆီ ရောင်းထုတ်သွားဖို့ ရှိနေသလို လူးဝစ္စ ဒီးယက်ဇ် ကိုလည်း လက်လွှတ်ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် တိုက်စစ်ပိုင်း အတွက် လစ်ဗာပူးလ်က အာဆင်နယ်ရဲ့ ပစ်မှတ် ဗစ်တာ ယိုကီးရက်စ်ကို ချဉ်းကပ်လာခဲ့ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်