နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သီယို ဟာနန်ဒက်ဇ်ကို ဆုံးရှုံးရမယ် ဆိုရင် အူဒိုဂီကို ပြန်လည် ခေါ်ယူမယ့် အေစီမီလန်၊ ချဲလ်ဆီးကို ပြောင်းရွှေ့ချင်တာကြောင့် တခြား ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တဲ့ ဂျေမီ ဂစ်တန်စ် | ပရီးမီးယားလိဂ်

ဇွန်လ ၁၉ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

La Gazzetta dello Sport ရဲ့ ဖော်ပြချက် အရ အေစီမီလန် အနေနဲ့ ဒီနွေရာသီမှာ သီယို ဟာနန်ဒက်ဇ်ကို ဆုံးရှုံးခဲ့ရမယ် ဆိုရင် တော့တင်ဟမ်ဟော့စပါးရဲ့ ဘယ်နောက်ခံလူ ဒက်စတီနီ အူဒိုဂီ ကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် ကတော့ အူဒိုဂီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ (ပေါင် ၂၅.၆ သန်း) လိုချင်နေပြီး အေစီမီလန် ဘက်ကတော့ မြင့်မားလွန်းနေတယ်လို့ ယူဆထားပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဘာစီလိုနာရဲ့ ဗဟိုခံစစ်မှူး ရော်နယ် အာရူဟိုကို ခေါ်ယူချင်နေပြီးတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့ အတွက် အသုံးချချင်နေကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ခွင့် ရရှိဖို့ အတွက် လုပ်ခလစာ လျှော့ယူဖို့ အဆင်သင့် ဖြစ်နေပြီး ကတ်တာလန် ကလပ်ရဲ့ ဆုံးဖြတ်ချက် ကိုသာ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း TEAMtalkရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ဘက်က ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကတိကဝတ် မရှိသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားကို စီးရီးအေ ကလပ် ၃ ခု ဖြစ်တဲ့ အေစီမီလန်၊ ကိုမိုနဲ့ နာပိုလီ တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အာဆင်နယ်နဲ့ ဂျူဗင်တပ်စ် တို့ကတော့ လက်ရှိမှာ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေကြောင်း A BOLA က ဖော်ပြခဲ့ပါတယ်။ ဒီဆွီဒင် တိုက်စစ်မှူးကို အက်တလက်တီကိုမက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ တို့ကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေကြပေမယ့်လည်း တိုးတက်မှု မရှိကြောင်း သိရပါတယ်။

နယူးကာဆယ် ကတော့ ဘရိုက်တန် တိုက်စစ်မှူး ယာအို ပက်ဒရိုကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း talkSPORT က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက ယာအို ပက်ဒရိုကို နယူးကာဆယ်နဲ့ အပြိုင် ကမ်းလှမ်းဖို့ ရှိနေပြီးတော့ ဘရာဇီးလ်သားရဲ့ တန်ကြေး ကတော့ ပေါင် သန်း ၇၀ ရှိနေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒေါ့မန် တောင်ပံကစားသမား ဂျေမီ ဂစ်တန်စ်ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်လိုက်ကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။
ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဂျေမီ ဂစ်တန်စ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒေါ့မန် တောင်ပံကစားသမား ဂျေမီ ဂစ်တန်စ်ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်လိုက်ကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေတဲ့ အင်္ဂလန်သားဟာ ကမ်းလှမ်းမှု အားလုံးကို ငြင်းပယ်ထားကြောင်း ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြထားခဲ့ပါတယ်။

လစ်ဗာပူးလ် ကတော့ ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ နီးစပ်နေပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ စံချိန်ကို ထပ်မံ ချိုးဖျက်ပြီး နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ကမ်းလှမ်းဖို့ စဉ်းစားနေသေးကြောင်း Evening Standard က ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ဆွီဒင် လက်ရွေးစင် အတွက် ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းမှသာ လက်ခံသွားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

အက်စတွန်ဗီလာနဲ့ ဘုန်းမောက် တို့ဟာ ဘိုလော့ဂ်နာ နောက်ခံလူ ဂျွန် လူကူမီကို စိတ်ဝင်စားနေကြကြောင်း Corriere dello Sport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ နှစ်သင်းစလုံး ကတော့ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၈ သန်း (ပေါင် ၂၃.၉ သန်း) ကို ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဖလာမင်ဂို ကတော့ မန်စီးတီးရဲ့ ပစ်မှတ် ဖြစ်တဲ့ ညာနောက်ခံလူ ဝက်စ်လေကို ယူရို သန်း ၂၀ (ပေါင် ၁၇.၁ သန်း) နဲ့ ရောင်းချဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ပပ် ဂွာဒီယိုလာရဲ့ အသင်းဟာ ဂျူဗင်တပ်စ်နဲ့ အဓိက ပြိုင်ဆိုင်ရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်