နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၂ ကမ္ဘာ့ဖလားမှာ ပွဲချိန် အများဆုံး ကစားခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ် ကစားသမား (၅) ဦး

ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ ပရီးမီးယားလိဂ် အပါအဝင် အမှတ်ပေး ပွဲစဉ်တွေလည်း ပြန်စနေပါပြီ။ ဒါပေမယ့် ကမ္ဘာ့ဖလား အကြောင်း ပြောစရာ မကုန်သေးဘူး ဖြစ်နေပါတယ်။ အဲ့တော့ အခုတစ်ခါ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပွဲချိန် အများဆုံး ကစားခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ် ကစားသမား တွေက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

 

၅။ ဟူဂို လိုရစ် (၅၇၀ မိနစ်)

တော့တင်ဟမ်ဟော့စပါး ဂိုးသမား ဟူဂို လိုရစ် ကတော့ ပြင်သစ် အသင်းခေါင်းဆောင် ဖြစ်ပြီး ကာတာ မှာလည်း အဓိက ဂိုးသမား အဖြစ် တာဝန်ယူခဲ့ရသူ ဖြစ်ပါတယ်။ ပြင်သစ်တို့ စုစုပေါင်း ၇ ပွဲ ကစားခဲ့ရာမှာ လိုရစ်က ၆ ပွဲအထိ ပါဝင် ကစားခွင့်ရခဲ့ပြီး အဲ့ဒီ ၆ ပွဲစလုံး ကိုလည်း မိနစ် အပြည့် ကစားခဲ့ရတာပါ။ လိုရစ်ဟာ တူနီးရှားနဲ့ ပွဲကိုပဲ လွဲချော်ခဲ့ပြီး ပေးဂိုး မရှိ ပွဲတပွဲတည်းသာ ပိုင်ဆိုင်ခဲ့ပါတယ်။ တဦးချင်း အမှားတွေလည်း ကျူးလွန်မိခဲ့ပြီး အသက် ၃၅ နှစ် အရွယ် ဂိုးသမား အတွက်တော့ နောက်ဆုံးသော ကမ္ဘာ့ဖလား ဖြစ်ဖွယ် ရှိပါတယ်။

 

၄။ မတ်တီယို ကိုဗာဆစ် (၆၃၈ မိနစ်)

ခရိုအေးရှားနဲ့ အတူ တတိယနေရာ ရခဲ့တဲ့ ကိုဗာဆစ်က အဓိကကွင်းလယ်လူ အဖြစ် ပါဝင်ခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ ဘရိုဇိုဗစ်၊ မိုဒရစ်တို့နဲ့ အတူ ခရိုအေးရှား ကွင်းလယ်ကို ဦးဆောင်ခဲ့ပြီး ပွဲတိုင်းလိုလိုမှာ အခွင့်အရေး ဖန်တီးမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ခရိုအေးရှားတို့ ကစားခဲ့တဲ့ မိနစ်ပေါင်း ၆၉၀မှာ ကိုဗာဆစ်က ၆၃၈ မိနစ် အထိ ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒါက အသင်း အတွက် သူ ဘယ်လောက် အရေးပါလဲ ဆိုတာကို သိသာစေခဲ့ပြီး သူ့ရဲ့ အသင်း ကလည်း တတိယရခဲ့လို့လည်း ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

 

၃။ ဟာကင်မ် ဇီယက်ချ် (၆၃၈ မိနစ်)

ကာတာ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်တဲ့ ဇီယက်ချ် ကလည်း မော်ရိုကို အတွက် ၇ ပွဲစလုံး ပါဝင်ကစားပေးခဲ့ပြီး ပွဲကစားချိန် ၅၂ မိနစ်တည်းသာ လွဲချော်ခဲ့ပါတယ်။ ညာတောင်ပံမှာ ခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ကစားဟန်က တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာပါ။ ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး မော်ရိုကို အသင်းရဲ့ သမိုင်းတလျှောက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ပထမဆုံး အကြိမ် တက်ရောက်နိုင်အောင်ပါ ကူညီနိုင်ခဲ့သူ ဖြစ်ပါတယ်။

 

၂။ အိုင်ဗန် ပါရီဆစ် (၆၇၀ မိနစ်)

အသက် ၃၃ နှစ် ရှိပြီ ဖြစ်လို့ သူ့အတွက် နောက်ဆုံးသော ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ဖွယ် ရှိနေပြီး တကယ်လို့ သူက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဆက်ပါလာမယ် ဆိုလည်း အံ့အားသင့်စရာတော့ မရှိပါဘူး။
အသက် ၃၃ နှစ် ရှိနေပေမယ့် တောင်ပံ တစ်လျောက် ပြိုင်ဘက်ကို အကောင်းဆုံး ဒုက္ခပေးနိုင်ဆဲ အိုင်ဗန် ပါရီဆစ်

ခရိုအေးရှားနဲ့ တော့တင်ဟမ်ဟော့စပါး ဝါရင့် တောင်ပံကစားသမားကြီး ကလည်း ၇ ပွဲ အထိ ကစားပေးခဲ့ပြီး မိနစ်ပေါင်း ၂၀ တည်းသာ ကစားခွင့် လွဲချော်ခဲ့တာပါ။ တစ်ဦးချင်း အနေအထားတွေမှာ ပြိုင်ဘက်ကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ခဲ့ပြီး ၁ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီးပေးခဲ့ကာ အသင်းကို တတိယနေရာ ရအောင်လည်း ကူညီနိုင်ခဲ့ပါတယ်။ အသက် ၃၃ နှစ် ရှိပြီ ဖြစ်လို့ သူ့အတွက် နောက်ဆုံးသော ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ဖွယ် ရှိနေပြီး တကယ်လို့ သူက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဆက်ပါလာမယ်ဆိုလည်း အံ့အားသင့်စရာတော့ မရှိပါဘူး။

 

၁။ အီမီလီယာနို မာတီနက်ဇ် (၆၉၀ မိနစ်)

အာဂျင်တီးနားရဲ့ အဓိက ဂိုးသမား၊ ဆုဖလား ရယူနိုင်အောင် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား မာတီနက်ဇ်က မိနစ်ပေါင်း ၆၉၀ အထိ ကစားပေးခဲ့ပါတယ်။ ပွဲတိုင်းမှာ ပါဝင်ခွင့် ရခဲ့ပြီး အချိန်ပို မိနစ်တွေကြောင့် ပွဲအများဆုံး ကစားရတဲ့ ပရီးမီးယားလိဂ် ကစားသမား ဖြစ်ခဲ့တာပါ။ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ရယူနိုင်မှုမှာ သူ ကာကွယ်ခဲ့တဲ့ ပင်နယ်တီတွေက အဓိကကျခဲ့ပြီး အသင်းရဲ့ ဂိုးပေါက်ကို အကောင်းဆုံး လုံခြုံစုံခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အောင်ပွဲခံပုံ အပြုအမူတွေကြောင့် ဝေဖန်ခံနေရပြီး ပရိသတ်တွေ အမြင်ကတ်ဆုံး ကစားသမား အဖြစ်နဲ့တော့ ရှိနေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်