ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရဲ့ လီယွန်နယ် မက်ဆီရဲ့ လက်ရှိ ကလပ် အင်တာမိုင်ယာမီ ကတော့ နောက်ထပ် အာဂျင်တီးနား ကစားသမား တစ်ဦး ဖြစ်တဲ့ ရိုဒရီဂို ဒီပေါလ်ကို ခေါ်ယူနိုင်ဖို့ သေချာနေပြီ ဖြစ်ပါတယ်။ မေဂျာလိဂ် ကလပ်ဟာ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ဒီပေါလ်ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။
ရိုဒရီဂို ဒီပေါလ် ကတော့ တနည်းအားဖြင့် အမည်ပြောင် the Little Motor (မော်တာလေး) လို့ ခေါ်ဆိုခံရသူ ဖြစ်သလို မက်ဆီရဲ့ ကိုယ်ရံတော် အဖြစ် လူသိများတဲ့ ကစားသမားပါ။ ဒီပေါလ်ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်း ကစားတဲ့ ပွဲစဉ်တွေမှာ ကွင်းတွင်း ရန်ပွဲတွေ ရှိလာရင် မက်ဆီကို အမြဲတမ်းလိုလို ကာကွယ်ပေးလေ့ ရှိသလို ကွင်းပြင်ပ မှာလည်း အရင်းနှီးဆုံး ဆက်ဆံရေး ရှိသူပါ။ မက်ဆီရဲ့ အနီးကပ် ကိုယ်ရံတော် ယာရှင်း ချူကိုထက်တောင် ပိုပြီး မျက်နှာသာပေးခံရသူ အဖြစ် နာမည်ကြီးတဲ့ ရိုဒရီဂို ဒီပေါလ်က အခုတော့ ကလပ်အသင်း တစ်ခုတည်းမှာ အတူတူ တွဲဖက် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီပေါလ်က မက်ဆီနဲ့ သူ့အကြားမှာ စကားပြောစရာ မလိုပဲ အချင်းချင်း နားလည်နိုင်တဲ့ ဆက်ဆံရေး ရှိကြောင်း ပြောဆိုထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပေါလ်ကို ခေါ်ယူဖို့ မက်ဆီ ကိုယ်တိုင် ကလည်း အင်တာမိုင်ယာမီကို တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။

Goal.comရဲ့ ဖော်ပြချက်အရ အင်တာမိုင်ယာမီက အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် ကစားသမား ရိုဒရီဂို ဒီပေါလ်ကို ကနဦး အငှားနဲ့ ခေါ်ယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် အငှားစာချုပ် ပြီးဆုံးရင်တော့ ယူရို ၁၅ သန်းနဲ့ ခေါ်ယူကာ ၄ နှစ် သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုမှာ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီပေါလ်ဟာ အက်တလက်တီကိုမက်ဒရစ်မှာ အဓိက ကစားသမား အဖြစ် ရှိနေဆဲ ဖြစ်ပေမယ့် အာဂျင်တီးနား အသင်းဖော် မက်ဆီနဲ့ တွဲဖက် ကစားခွင့် ရဖို့ အတွက် အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
နာမည်ကျော် အင်္ဂလန် ဘောလုံးသမားဟောင်း ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီဟာ မေဂျာလိဂ်မှာ ဗိုလ်စွဲဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီက လီယွန်နယ် မက်ဆီ အပြင် သူ့ရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ယော်ဒီ အဲလ်ဘာ၊ ဆာဂျီယို ဘူးစကွက်စ်၊ လူးဝစ္စ ဆွာရက်ဇ် တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ အင်တာမိုင်ယာမီဟာ မက်ဆီတို့ အုပ်စု ရောက်ရှိလာပြီး နောက်ပိုင်း မေဂျာလိဂ်ရဲ့ အင်အားကြီး ကလပ် တစ်ခု ဖြစ်လာနေတဲ့ အသင်းပါ။
အင်တာမိုင်ယာမီဟာ ၂၀၂၃ League Cup နဲ့ ၂၀၂၄ Supporter’s Shield တို့ကို ကိုင်မြှောက်ထားနိုင်ခဲ့ပေမယ့် မေဂျာလိဂ် ဖလားနဲ့တော့ လွဲချော်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမိုင်ယာမီက ပူပူနွေးနွေး ကျင်းပ ပြီးစီးထားတဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာလည်း ရှုံးထွက်အဆင့်ထိ တက်လှမ်းထားနိုင်ပါတယ်။ အဲဒီနောက် ဆက်လက် ကစားခဲ့တဲ့ မေဂျာလိဂ် အမှတ်ပေး ပွဲစဉ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ ရှုံးထားပြီး ကျန် ၄ ပွဲ အနိုင်ရထားပါတယ်။ ဒါကြောင့် အင်တာမိုင်ယာမီက မေဂျာလိဂ် အရှေ့ပိုင်း အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က စင်စင်နာတီထက် ၃ ပွဲလျော့ ကစားကာ ၇ မှတ် ကွာဟနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.