နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိုနာကိုနဲ့ စာချုပ်လက်မှတ်ထိုးချိန်မှာ မျက်ရည်ကျခဲ့တဲ့ ပေါလ် ပေါ့ဘာ | လီဂူးဝမ်း

ပြင်သစ် လီဂူးဝမ်း ကလပ် မိုနာကို ကတော့ ပြင်သစ် နာမည်ကျော် ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို အသင်းရဲ့ ကစားသမားသစ် အဖြစ် တရားဝင် မိတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပေါ့ဘာနဲ့ မိုနာကို တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတည်းက အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး အခုမှာသာ တရားဝင် ကြေညာသွားခဲ့တာပါ။ 

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ့ဘာဟာ မိုနာကိုနဲ့ နှစ်နှစ် သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး သူကစားချင်တဲ့ ချန်ပီယံလိဂ်လည်း ပြန်လည် ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ မိုနာကိုဟာ ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ အဆင့် ၃ နေရာ ရရှိခဲ့တာကြောင့် လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားပါတယ်။ ပေါ့ဘာဟာ မိုနာကိုနဲ့ စာချုပ်ကို မျက်ရည်တွေနဲ့ လက်မှတ် ရေးထိုးခဲ့ပြီးတော့ “ယုံကြည်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဘာ အနေနဲ့ တားမြစ် ဆေးသုံးစွဲခဲ့တာကြောင့် ဘောလုံး ကစားခွင့် ၄ နှစ် ပိတ်ပင်ခံရပေမယ့် ၁၈ လကို လျှော့ချပေးပြီးနောက် ပြီးခဲ့တဲ့ မတ်လမှာတော့ ပြန်လည် ကစားခွင့် ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ လီဂူးဝမ်း ကလပ်မှာ တစ်နှစ် လုပ်ခ ယူရို ၂ သန်း ရရှိမှာ ဖြစ်ပြီး ကျောနံပါတ် ၈ ကို ဝတ်ဆင် ကစားမှာ ဖြစ်ပါတယ်။

မိုနာကိုဟာ ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ အဆင့် ၃ နေရာ ရရှိခဲ့တာကြောင့် လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားပါတယ်။
မိုနာကိုမှာ တစ်နှစ် လုပ်ခ ပေါင် ၂ သန်း ရရှိမယ့် ပေါ့ဘာ

တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူဟောင်း ပေါလ် ပေါ့ဘာ အနေနဲ့ ဥရောပ ထိပ်သီးလိဂ်တွေ မှာသာ ယှဉ်ပြိုင် ကစားလိုကြောင်း ဖွင့်ဟ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ ပြင်သစ်သားဟာ သူ့ရဲ့ မွေးရပ်မြေ ပြင်သစ်မှာ ပြန်လည် ခြေချရတော့မှာ ဖြစ်ပါတယ်။ ပေါ်ဘာက ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ် ကနေ ယူနိုက်တက်ကို ယူရို ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ချိန်မှာ ဘောလုံးလောကရဲ့ တန်ဖိုးအကြီးဆုံး အပြောင်းအရွှေ့ အဖြစ် စံချိန်တင်ခဲ့သူ ဖြစ်ပါတယ်။  

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းက အသင်းဟောင်း ဂျူဗင်တပ်စ်ဆီ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိခဲ့တဲ့ နှစ်မှာပဲ တားမြစ်ဆေး သုံးစွဲထားတယ် ဆိုပြီး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ၄ နှစ် ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ့ဘာ တစ်ယောက် အယူခံဝင်ရာမှာ အောင်မြင်ခဲ့တာကြောင့် ၁၈ လ အထိ လျော့ပေါ့ ပြစ်ဒဏ်ကျခံရပြီး ခပ်စောစောပဲ ဘောလုံး ပြန်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်က ပေါ့ဘာကို ရုရှား ကလပ်တွေက မြင့်မားတဲ့ လုပ်ခလစာတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းဆန် ပယ်ချခဲ့ပါတယ်။ ပေါ့ဘာဟာ ဥရောပ ထိပ်သီးလိဂ်တွေ မှာသာ ယှဉ်ပြိုင် ကစားလိုကြောင်း မကြာခဏ ပြောကြားခဲ့ပြီး အခုတော့ သူ့ရဲ့ ဆန္ဒပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပေါ့ဘာကို ပရီးမီးယားလိဂ် ကလပ် တချို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးပေမယ့်လည်း ပြင်သစ် ကလပ် မာဆေးလ်၊ မိုနာကို တို့ကသာ ချဉ်းကပ်ခဲ့ပြီး မိုနာကိုက ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်