နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂရင်းဝုဒ်ရဲ့ အပြောင်းအရွေ့ ကနေ ငွေရလမ်းပေါ်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက် | လီဂူးဝမ်း

လီဂူးဝမ်း ကလပ် မာဆေးလ် တိုက်စစ် ကစားသမား မေဆန် ဂရင်းဝုဒ် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် တစ်ခုက မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ အခု ရက်ပိုင်းမှာ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ထိုင်နေရင်းနဲ့ သူတို့ရဲ့ ကစားသမားဟောင်းကို အကြောင်းပြုကာ ငွေရလမ်း တစ်ခု ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် သူတို့ရဲ့ အကယ်ဒမီထွက် တိုက်စစ် ကစားသမား ဂရင်းဝုဒ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နွေရာသီမှာ မာဆေးလ်ထံ အပြီးသတ် ရောင်းချထားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရောင်းချခဲ့စဉ်က စာချုပ်ထဲမှာ ပြင်သစ် ကလပ် အနေနဲ့ ပြန်လည် ရောင်းချမယ် ဆိုရင် ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ယူနိုက်တက်က ခံစားခွင့် ရှိတယ် ဆိုတဲ့ အချက် ပါဝင်နေခဲ့ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်နဲ့ ပွဲဦးထွက်ရာသီမှာပဲ လီဂူးဝမ်းမှာ ၂၁ ဂိုးသွင်းပြီး အူစမန်နီ ဒမ်ဘီလီနဲ့ အတူ ဂိုးသွင်း အများဆုံးဆုကို ပူးတွဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြမှုတွေကြောင့် ဂရင်းဝုဒ်ကို ဥရောပအပြင် ကမ္ဘာတစ်ဝှမ်းက ထိပ်တန်း ကလပ်တွေကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီနွေရာသီမှာ ဂရင်းဝုဒ်ကို လာလီဂါ ထိပ်သီး ဘာစီလိုနာနဲ့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လက်ရှိအချိန်ထိတော့ ချဉ်းကမ်းမှုတွေ မရှိသေးကြောင်း သိရပါတယ်။ လက်ရှိမှာ ဒီအသင်းတွေက အင်္ဂလန်သားရဲ့ အခြေအနေကို စောင့်ကြည့်နေကြပေမယ့် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီက ဒီအပြောင်းအရွှေ့ထဲမှာ ဝင်ရောက်လာပြီး ယူရို သန်း ၇၀ နဲ့ တရားဝင် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ 

မာဆေးလ်ဟာ ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ အဆင့် ၂ နေရာ ရခဲ့တာကြောင့် လာမယ့် ရာသီ ချန်ပီယံလိဂ် ဆင်နွှဲခွင့်ရထားပါတယ်။
ဂရင်းဝုဒ်ကို ယူရို သန်း ၇၀ နဲ့ ကမ်းလှမ်းထားတဲ့ အဲလ်အာလီ

မာဆေးလ် ကတော့ လက်ရှိမှာ သူတို့ လက်ခံရရှိထားတဲ့ ကမ်းလှမ်းမှု အားလုံးကို စဉ်းစား သုံးသပ်နေပြီးတော့ လာမယ့် ရက်ပိုင်းအတွင်းမှာ အဲလ်အာလီရဲ့ ကမ်းလှမ်းမှုကို အကြောင်းပြန်သွားမှာ ဖြစ်ပါတယ်။ အကယ်၍သာ ဂရင်းဝုဒ်ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ်ဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ရဲ့ တစ်ဝက် ယူရို ၃၅ သန်းကို ရရှိမှာလည်း ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း မာဆေးလ်က သူတို့နဲ့ ၂၀၂၉ ခုနှစ် အထိ ၄ နှစ်နီးပါး စာချုပ် သက်တမ်း ကျန်ရှိနေသေးတဲ့ ဂရင်းဝုဒ် အတွက် တတ်နိုင်သမျှ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း ဂရင်းဝုဒ်ဟာ အသက်အရွယ် ငယ်ရွယ်နေသေးတာကြောင့် သူ့ရဲ့ ကစားသမားဘဝကို ဥရောပ မှာသာ ဆက်လက် ဖြတ်သန်းလိုနေပြီးတော့ အရှေ့အလယ်ပိုင်း ကလပ်တွေဆီ ပြောင်းရွှေ့လိုခြင်း မရှိသေးကြောင်း သိရပါတယ်။ ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူနဲ့ အမှုအခင်းတွေ ရှိခဲ့တာကြောင့် သူ့ရဲ့ ငယ်ဘဝ အချိန် တချို့ကို မြက်ခင်းစိမ်း ပြင်ပမှာ ကုန်ဆုံးခဲ့ရပြီး သူပြန်လည် ကစားနိုင်ချိန်မှာတော့ ဥရောပရဲ့ အမြင့်ဆုံး ပြိုင်ပွဲတွေကို ဝင်ရောက် ကစားချင်နေပုံရပါတယ်။ မာဆေးလ်ဟာ ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ အဆင့် ၂ နေရာ ရခဲ့တာကြောင့် လာမယ့် ရာသီ ချန်ပီယံလိဂ် ဆင်နွှဲခွင့်ရထားပါတယ်။ အဲလ်အာလီ ကတော့ ဂရင်းဝုဒ် အပြင် အင်တာမိုင်ယာမီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ကိုပါ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်