နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက်စတန်တူအိုနိုရဲ့ အပြောင်းအရွှေ့ အတွက် အဓိကကျခဲ့တဲ့ ဇာဘီ အလွန်ဆို | လာလီဂါ

လာလီဂါ ရီးရဲလ်မက်ဒရစ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဂျင်တီးနား တောင်ပံ ကြယ်ပွင့် ဖရန်ကို မက်စတန်တူအိုနိုကို ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်း (ယူရို ၄၅ သန်း) နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ ထိပ်သီး ကလပ်ဟာ အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ကစားသမားလေးကို ၂၀၃၁ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် ဒီကစားသမားလေးရဲ့ အပြောင်းအရွှေ့ အတွက် အဓိကကျခဲ့သူက ဇာဘီ အလွန်ဆို ဖြစ်ပြီး ရေးဗား ပလိတ် ကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ရာမှာ တိုက်ရိုက် အခန်းကဏ္ဍ ကနေ ပါဝင် ပတ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီမှာ ဆုဖလား အောင်မြင်မှု မရရှိခဲ့တာကြောင့် နည်းပြသစ် အလွန်ဆိုကို အစားထိုး ခန့်အပ်ခဲ့ပြီး လာမယ့် ရာသီမှာ အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်က အသင်းရဲ့ လူစာရင်းကို တောင့်တင်းစေဖို့ အတွက် ဒီနွေရာသီမှာ ထရန့်၊ ဟောက်ဆန်နဲ့ ကာရီးရက်စ် တို့ အပြင် မက်စတန်တူအိုနို ကိုလည်း ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

မက်စတန်တူအိုနို ကတော့ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီ အပါအဝင် တခြားသော ဥရောပ ထိပ်တန်း ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရတာပါ။ ဒါပေမယ့်လည်း အာဂျင်တီးနားသားက လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကိုသာ ရွေးချယ်ခဲ့ပြီး ဘာကြောင့် ဒီလို ဆုံးဖြတ်ခဲ့ရသလို အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။

“ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်ခဲ့တာဟာ အိပ်မက် တစ်ခု အမှန်တကယ် ဖြစ်လာတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်က ဥရောပမှာ ကစားရဖို့လို့ အမြဲတမ်း ပြောခဲ့ဖူးပေမယ့် ရီးရဲလ်မက်ဒရစ်မှာ ကစားရဖို့ ကတော့ ကျွန်တော့်ရဲ့ အကြီးမားဆုံး အိမ်မက် ဖြစ်ခဲ့တာ ထင်ရှားပါတယ်။ အဲဒါက မယုံနိုင်စရာပါပဲ။” လို့ မက်စတန်တူအိုနိုက TyC Sports ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လာလီဂါ ကလပ်က အသင်းရဲ့ လူစာရင်းကို တောင့်တင်းစေဖို့ အတွက် ဒီနွေရာသီမှာ ထရန့်၊ ဟောက်ဆန်နဲ့ ကာရီးရက်စ် တို့ အပြင် မက်စတန်တူအိုနို ကိုလည်း ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာလည်း ရေးဗားပလိတ် အတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ မက်စတန်တူအိုနို

မက်စတန်တူအိုနိုဟာ ရေးဗားပလိတ် စီနီယာ အသင်းကြီးမှာ တစ်ရာသီခွဲ ကာလ အတွင်း ပြိုင်ပွဲစုံ ၆၄ ပွဲ ကစားကာ ၁၇ ဂိုး သွင်းယူခဲ့ပါတယ်။ ဆယ်ကျော်သက် ကြယ်ပွင့်လေးဟာ ရေးဗားပလိတ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပွဲစဉ်တိုင်း ပါဝင်ကစားခွင့်ရခဲ့ပေမယ့် သူ့ရဲ့ အသင်း ကတော့ အုပ်စု ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။

“ရိုးရိုးသားသား ပြောရရင် ဒီနှစ်အစပိုင်းမှာ ရေးဗားပလိတ် အတွက်ပဲ ကစားဖို့ ရည်မှန်းထားတာပါ။ ကျွန်တော့်မှာ စိတ်ထဲမှာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ နှစ်ဝက်လောက် အရောက် မှာတော့ ရီးရဲလ်မက်ဒရစ် ရောက်လာပြီး စိတ်ပြောင်းသွားပါတယ်။ အတွေးတွေလည်း ပြောင်းသွားပြီး ကျွန်တော့် အပေါ် ထားတဲ့ ချစ်ခြင်း မေတ္တာနဲ့ ကျွန်တော်ကို ရှိနေစေချင်တဲ့ ဆန္ဒကို ပြသခဲ့ပါတယ်။ ကျွန်တော့် အတွက်၊ အဲဒါက အိပ်မက် တစ်ခုပါ။ အဲဒါကို ပုဂ္ဂိုလ်ရေးအရ အံ့သြစရာကောင်းတဲ့ စိန်ခေါ်မှု တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အတွက် နှစ်တစ်ဝက်လောက် တွေးခဲ့ရပြီး ရက်အနည်းငယ် အတွင်းမှာပဲ ဖြေရှင်းခဲ့ရပေမယ့် အရမ်းကောင်းတဲ့ အရာ တစ်ခုပါပဲ။” လို့ မက်စတန်တူအိုနိုက ဆိုပါတယ်။

နောက်ဆုံးမှာတော့ မက်စတန်တူအိုနိုက “ကျွန်တော် ဇာဘီနဲ့ စကားပြောခဲ့တယ်။ အမှန်တကယ်ပဲ သူက ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ သူနဲ့ ကျွန်တော် စကားပြောခဲ့တာက ဆုံးဖြတ်ချက်ချဖို့ ကျွန်တော့်ကို တွန်းအားပေးခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်