ဇွန်လ ၂၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်နဲ့ ချိတ်ဆက်နေပေမယ့်လည်း အက်တလက်တီကိုမက်ဒရစ်က ဟူလီယန် အဲလ်ဗာရက်ဇ်ကို ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆို ကတော့ စပိန်မြို့တော်မှာ လေဗာကူဆင် နောက်ခံလူ အလက်ဟန်ဒရို ဂရီမဲလ်ဒိုနဲ့ ပြန်လည် လက်တွဲလိုနေကြောင်း Cadena SER က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ မကြာသေးခင်က အယ်ဗားရိုး ကာရီးရက်စ် အတွက် ဘင်ဖီကာနဲ့ ပြောင်းရွှေ့ကြေးမှု အဆင်မပြေတာကြောင့် စပိန်သားက ပစ်မှတ်ဖြစ်လာခဲ့တာပါ။
ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ရီးရဲလ်ဘက်တစ် တို့ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အလက်ဟန်ဒရို ဂါနာချိုနဲ့ ဂျေဒန် ဆန်ချို တို့ကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ခရစ္စတယ်ပဲလေ့စ်ရဲ့ အသက် ၂၁ နှစ် အရွယ် ဗဟိုကွင်းလယ်လူ အဒမ် ဝှာတန်ကို ဆက်လက် စောင့်ကြည့်နေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ။ လာလီဂါ ကလပ်ရဲ့ နည်းပြနှင့် ကင်းထောက် အဖွဲ့ဝင်တွေဟာ ဝှာတန်ရဲ့ ရင့်ကျက်မှုနဲ့ တသမတ်တည်း စွမ်းဆောင်ရည်တွေကို သဘောကျလျက် ရှိနေတယ်လို့ သိရပါတယ်။
ရီးရဲလ်ဆိုစီဒက် ကတော့ လာဇီယိုက မီခဲလ် အိုရာဇာဘယ်ကို စိတ်ဝင်စားနေပေမယ့် ရောင်းချတော့မှာ မဟုတ်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ စပိန်သား ကတော့ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာ သူကစားခဲ့တဲ့ တစ်ခုတည်းသော လာလီဂါ ကလပ် အတွက် ၁၈ ဂိုး အထိ သွင်းယူခဲ့ပါတယ်။

နာပိုလီ ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို သူတို့ရဲ့ နံပါတ် ၁ အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း ဥရုဂွေးသားရဲ့ တန်ကြေး ကတော့ ပရီးမီးယားလိဂ် ချန်ပီယံတွေ လိုချင်တဲ့ ပမာဏထက် နည်းပါးနေတာကြောင့် အခက်တွေ့နေရကြောင်း သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ဒီ ကစားသမားဟာ လစ်ဗာပူးလ် အတွက် ၁၄၃ ပွဲ ကစားပြီး ဂိုး ၄၀ သွင်းယူထားနိုင်ပါတယ်။ လက်ရှိ သူ့ရဲ့ တန်ကြေး ကတော့ ယူရို သန်း ၅၀ (ပေါင် ၄၂.၈ သန်း)သာ ရှိတော့ပြီး ၂၀၂၃ ခုနှစ်မှာ လစ်ဗာပူးလ်တို့ ခေါ်ယူခဲ့တဲ့ ယူရို ၈၅ သန်းထက် အနည်းငယ် လျော့ကျသွားတာလည်း ဖြစ်ပါတယ်။
Tuttosport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ ဗစ်တာ ယိုကီးရက်စ် အတွက် အလားအလာ ရှိတဲ့ ပြောင်းရွှေ့ကြေးဆိုင်ရာ စည်းကမ်းချက်တွေကို သိရှိနိုင်ဖို့ စပိုတင်းလစ္စဘွန်း အသင်းထံ ဆက်သွယ်ထားခဲ့ပါတယ်။ ဒါ့အပြင် တူရင် ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီက ဂါလာတာဆာရေးမှာ အငှားနဲ့ သွားရောက် ကစားခဲ့တဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် ကိုလည်း စိတ်ဝင်စားကြောင်း ပြသထားပါတယ်။
ဘေယန်မြူးနစ်ရဲ့ အားကစား ဒါရိုက်တာ မက်စ် အီဘားလ် ကတော့ အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို အာရုံစိုက်ဖို့ အတွက် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ တောင်ပံ ကစားသမားသစ် တစ်ဦးကို ခေါ်ယူလိုနေပြီးတော့ ပီအက်စ်ဂျီက ဘရတ်ဒ်လီ ဘာကိုလာ၊ အေစီမီလန်က ရာဖေးလ် လီယောင်နဲ့ အက်တလက်တစ် ဘီလ်ဘာအိုက နီကို ဝီလီယမ်စ် တို့ကို စိတ်ဝင်စားနေကြောင်း Sky Germany က ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ဖော်ပြခဲ့ပါတယ်။
ပီအက်စ်ဂျီ ကတော့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ထိပ်တန်း ပွဲစဉ်တွေမှာ အမှားအယွင်း များစွာ ရှိခဲ့တဲ့ စွယ်စုံရ နောက်ခံလူ လူးကပ်စ် ဘာရဲလ်ဒိုကို အငှားချဖို့ ဆန္ဒရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.