နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်မှာလည်း ၃ ယောက်တွဲ ခံစစ်ကို အသုံးပြုမယ့် ဇာဘီ အလွန်ဆို၊ အန်ဆု ဖာတီ အတွက် မိုနာကိုရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ နောက်ဆုံး ရရှိထားသမျှ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဇာဘီ အလွန်ဆို ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ လေဗာကူဆင် မှာတုန်းကလို ၃ ယောက်တွဲ ခံစစ်ကို အသုံးပြုသွားဖို့ စီစဉ်နေကြောင်း အင်းနရစ်ခ် အော်တီဂိုက ဖော်ပြပါတယ်။ ဇာဘီ အလွန်ဆိုက ဒန်နီ ကာဗာဟယ်နဲ့ ထရန့် အလက်ဇန္တား အာနိုးလ် ကို ခံစစ်မှာ တပြိုင်နက် အသုံးပြုချင်ပြီး အာနိုးလ် အနေနဲ့ လိုအပ်ရင် ခံစစ်ရော တောင်ပံ ကစားသမား အဖြစ်ပါ ပြောင်းလဲ ကစားစေဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

ယခုအပတ် အစောပိုင်းက Mundo Deportivo သတင်းမှာ ဖော်ပြခဲ့တဲ့ အတိုင်း အိုင်ဗန် ပါရီဆစ် ကတော့ လာလီဂါ ထိပ်သီး ကတ်တာလန် ကလပ်ကို ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပြီလို့ သိရပါတယ်။ အကယ်၍ ဘာစီလိုနာ အနေနဲ့ ပါရီဆစ်ရဲ့ အပြောင်းအရွှေ့ ပြီးဆုံးခဲ့ရင်တော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာ မဟုတ်ကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ မျှော်လင့်နေသလို အားကစားဒါရိုက်တာ ဒေကို ကိုယ်တိုင် ကလည်း အင်္ဂလန်သားကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရိုအေးရှား ဝါရင့် တောင်ပံ ကစားသမား ရောက်ရှိခြင်းက ရက်ရှ်ဖို့ဒ် အတွက် မျှော်လင့်ချက် ပျက်ပြားသွားစေဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အကောင်းဆုံး ကြိုးပမ်းမှုတွေ ကြားကမှ အာဆင်နယ်ဟာ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း Estadio Deportivo က အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဇူဘီမန်ဒီ အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀ (ပေါင် ၅၉.၄ သန်း) ပေးချေကာ ခေါ်ယူမှာ ဖြစ်ပေမယ့် ၃ ကြိမ် အရစ်ကျ ပေးချေသွားရမယ်လို့လည်း သိရပါတယ်။

ဖာတီဟာ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ လာလီဂါ ကလပ်မှာ ၁၁ ပွဲ၊ မိနစ် ၃၀၀ သာ ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။
ဘာစီလိုနာမှာ အနာဂတ် မရှိတော့တဲ့ အန်ဆု ဖာတီ

အေစီမီလန် ကတော့ ရာဖေးလ် လီယောင် အတွက် ပြောင်းရွှေ့ကြေးကို လျှော့ချရဖို့ အတင်းအကြပ် ဖိအားပေးခံနေရကြောင်း Fichajesက ဖော်ပြပါတယ်။ လက်ရှိမှာ ရာဖေးလ် လီယောင်ရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၇၀ အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ပေါတူဂီ တောင်ပံကစားသမား ကိုတော့ ဘေယန်မြူးနစ်က စိတ်ဝင်စားနေပေမယ့်လည်း ပြောင်းရွှေ့ကြေးက အခက်အခဲ တစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိ အချိန်ထိ အေစီမီလန် လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏဟာ ဘာစီလိုနာနဲ့ ချဲလ်ဆီးတို့ အတွက်လည်း အလွန် မြင့်မားနေကြောင်း သိရပါတယ်။

El Nacional ရဲ့ နောက်ဆုံး ဖော်ပြချက်အရ ဟန်ဆီ ဖလစ်ခ်ဟာ ရာဖင်ညာ စိတ်မပျက်စေဖို့ နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို ရှေ့မဆက်ဖို့ ဘာစီလိုနာ တာဝန်ရှိသူတွေကို သတိပေးလိုက်ကြောင်း သိရပါတယ်။ နီကို ဝီလီယမ်စ်ကို ဘာစီလိုနာ အပြင် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကလည်း ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပေမယ့် စပိန်သားရဲ့ ပြောင်းရွှေ့ကြေး အတွက် အခက်အခဲ ရှိဖွယ် ရှိနေကြောင်း သိရပါတယ်။

ဘာစီလိုနာ ကတော့ အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ မပါတဲ့ တိုက်စစ်မှူး အန်ဆု ဖာတီ အတွက် မိုနာကိုရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်ကြောင်း သိရပါတယ်။ ဖာတီဟာ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ လာလီဂါ ကလပ်မှာ ၁၁ ပွဲ၊ မိနစ် ၃၀၀ သာ ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။ အန်ဆု ဖာတီဟာ တစ်ချိန်က ဘာစီလိုနာရဲ့ အနာဂတ် ကြယ်ပွင့် ဖြစ်လာမယ့် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် လက်ရှိမှာတော့ အသင်း ပြောင်းရဖို့သာ ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်