ဇူလိုင်လ ၂၇ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ပြင်သစ် တောင်ပံ ကစားသမား သောမတ်စ် လီမာ ကတော့ အက်တလက်တီကိုမက်ဒရစ် ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ လီမာဟာ လာလီဂါ ကလပ် ဂီရိုနာကို လာမယ့်ရာသီ အတွက် အငှားနဲ့ ဂီရိုနာကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဆိုပါတယ်။
ဗင်နီးစီးယပ်စ် အနေနဲ့ စာချုပ်သစ် ဆွေးနွေးမှုမှာ လုပ်ခလစာ တောင်းဆိုမှုတွေကို မလျှော့ချရင် ရီးရဲလ်မက်ဒရစ် ဘက်က ရောင်းထုတ်သွားဖို့ ပြင်ဆင်နေကြောင်း Cadena SER က ဖော်ပြခဲ့ပါတယ်။ အကယ်၍ ဗင်နီကို ရောင်းထုတ် ဖြစ်ခဲ့ရင်တော့ ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ ရရှိတဲ့ ငွေနဲ့ ကီလီယန် အမ်ဘာပေးနဲ့ တွဲဖက် ကစားဖို့ အာလင်း ဟာလန်းကို ခေါ်ယူရာမှာ အသုံးချချင်နေကြောင်း သိရပါတယ်။
နောက်ထပ် မန်ချက်စတာစီးတီး ကစားသမား တစ်ဦး ကလည်း ရီးရဲလ်မက်ဒရစ်ရဲ့ မြင်ကွင်းထဲမှာ ရှိနေတယ်လို့ သိရပါတယ်။ CaughtOffside ရဲ့ ဖော်ပြချက်အရ လာလီဂါ ကလပ်ဟာ ကွင်းလယ်လူ ရိုဒရီ အတွက် ရိုဒရီဂို၊ အက်ဒူယာဒို ကာမာဗင်ဂါ နဲ့ ယူရို သန်း ၄၀ (ပေါင် ၃၄.၉ သန်း) အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး ဘက်ကတော့ ရီးရဲလ်မက်ဒရစ် ဘက်က ကမ်းလှမ်းမှုတွေကို စိတ်မဝင်စားကြောင်း သိရပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ကတော့ သူတို့ရဲ့ ဂိုးသမား အင်နာကီ ပီနာကို ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့်လည်း ယိုအန် ဂါစီယာနဲ့ ဝေါ့ချက် ရှက်ဇီနီ တို့ဟာ လာလီဂါမှာ စာရင်းသွင်းထားခြင်း မရှိပါဘူး။ ဒါ့အပြင် မာ့ခ် အန်ဒရီ တာစတီဂျန် ကလည်း ဒဏ်ရာရနေတာကြောင့် ဘာစီလိုနာ အတွက် ပီနာ တစ်ဦးတည်းသော စီနီယာ ဂိုးသမား အဖြစ် ကျန်ရစ်နေမှာလည်း ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ ယူနိုက်တက် တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုရဲ့ အပြောင်းအရွှေ့ထဲကို အပြိုင်အဆိုင် ပူးပေါင်းခဲ့ကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းဟာ ဂါနာချို အနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်နေချင်တာကို သိပေမယ့် ရည်မှန်းချက် ကြီးမားတဲ့ ကမ်းလှမ်းမှုကို စတင်ဖို့ အသင့် ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ ချဲလ်ဆီး တိုက်စစ် ကစားသမား ယာအို ဖီးလစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ အတည်ပြုချက် အရ အဲလ်နာဆာက ကနဦး ယူရို သန်း ၃၀ ပေးချေရမှာ ဖြစ်ပြီး မြင့်မားတဲ့ အပိုဆုကြေးနဲ့ များပြားတဲ့ စာချုပ်ဖျက်သိမ်းကြေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။ ယာအို ဖီးလစ် ကတော့ ဆေးစစ်မှု ခံယူဖို့ အတွက် အဲလ်နာဆာ အသင်းထံ သွားရောက်နေပြီး မကြာခင်မှာ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပေါင်းစည်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဂျာမနီ ဝါရင့် ကွင်းလယ် တိုက်စစ် ကစားသမား သောမက်စ် မူလာ ကတော့ ဘောလုံးလောက ကနေ အနားမယူသေးပဲ မေဂျာလိဂ်မှာ ကစားဖို့ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ မူလာ ကတော့ အဲလ်အေ အက်ဖ်စီ သို့မဟုတ် စင်စင်နာတီကို ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.