နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ ပွဲစဉ် ၈ အပြီး ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေသလဲ ဆိုတာ ခန့်မှန်း တွက်ချက်ပေးခဲ့တဲ့ စူပါကွန်ပြူတာ

Opta ရဲ့ စူပါကွန်ပြူတာ ကတော့ လာလီဂါ ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ ဘယ်အသင်းတွေက ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေသလဲ ဆိုတာ ခန့်မှန်း တွက်ချက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

လာလီဂါ ပွဲစဉ် ၈ မှာတော့ ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်တို့ နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယားက အနည်းငယ် အပြောင်းအလဲ ရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ် ၇ မှာ ရီးရဲလ်မက်ဒရစ်တို့ အက်တလက်တီကိုမက်ဒရစ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ချိန် ဘာစီလိုနာက နိုင်ပွဲ ရရှိခဲ့တာကြောင့် ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲစဉ် ၈ မှာတော့ ဘာစီလိုနာက ဆီဗီလာကို အဝေးကွင်းမှာ ၄-၁ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကတော့ ဗီလာရီးရဲလ်ကို ၃-၁ နဲ့ အနိုင်ရလိုက်တာကြောင့် ဇယားထိပ်ကို ပြန်လည် တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ဒီယေဂို ဆီမြွန်နီရဲ့ အက်တလက်တီကို မက်ဒရစ် ကလည်း ဆဲလ်တာဗီဂိုနဲ့ သရေကျခဲ့တာကြောင့် ဘက်တစ်ရဲ့ ကျော်တက်ခြင်း ခံခဲ့ရသလို ဆီဗီလာ၊ အဲလ်ချီနဲ့ ဘီလ်ဘာအို တို့နဲ့လည်း ရမှတ်တူသွားခဲ့ပါတယ်။

လက်တလော မှာတော့ Opta ရဲ့ စူပါကွန်ပြူတာက ကစားပြီးတဲ့ ပွဲရလဒ်တွေနဲ့ လာမယ့် ပွဲစဉ် အခြေအနေ အပေါ် မူတည်ပြီး လာလီဂါမှာ ဘယ်အသင်း‌တွေ ချန်ပီယံ ဖြစ်မလဲ ဆိုတာ ကိုတော့ ခန့်မှန်းလာခဲ့ပါတယ်။ စူပါကွန်ပြူတာရဲ့ တွက်ချက်မှု အရ ဒီနှစ် လာလီဂါမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် ရီးရဲလ်မက်ဒရစ်က ၅၃.၉ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိမှာ ရမှတ် ၂၁ မှတ် စုဆောင်းထားနိုင်ပြီး ရာသီကုန်မှာတော့ ၈၃.၆၉ မှတ် ရရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

စူပါကွန်ပြူတာရဲ့ တွက်ချက်မှု အရ ဒီနှစ် လာလီဂါမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် ရီးရဲလ်မက်ဒရစ်က ၅၃.၉ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ ဘာစီလိုနာ

ဒုတိယနေရာ မှာတော့ ဘာစီလိုနာ ရှိနေပြီး ချန်ပီယံ ဖြစ်နိုင်ချေ ၃၈.၅၆ ရာခိုင်နှုန်း ရှိနေပြီး ရာသီကုန်မှာ ၈၁.၂၅ မှတ် အထိ စုဆောင်းနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းခဲ့ပါတယ်။ ထုံးစံ အတိုင်း ရီးရဲလ်နဲ့ ဘာဆာ ပြီးရင် အက်တလက်တီကိုမက်ဒရစ်က တတိယနေရာမှာ ရှိနေပြီး ချန်ပီယံ ဖြစ်နိုင်ချေ ကတော့ ၄.၁၇ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ရမှတ် အနေနဲ့ ကတော့ ဆီမြွန်နီရဲ့ အသင်းက ၆၉.၁၈ မှတ် စုဆောင်းနိုင်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းပါတယ်။

လာမယ့် လာလီဂါ ပွဲစဉ် ၅ ပွဲကို ကြည့်မယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ဂီတာဖေး၊ ဘာစီလိုနာ၊ ဗလင်စီယာ၊ ရေယို ဗလက်ကာနို၊ အဲလ်ချီ တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ ဂီရိုနာ၊ ရီးရဲလ်မက်ဒရစ်၊ အဲလ်ချီ၊ ဆဲလ်တာဗီဂို၊ ဘီလ်ဘာအို၊ အက်တလက်တီကိုမက်ဒရစ် ကတော့ အိုဆာဆူနာ၊ ဘက်တစ်၊ ဆီဗီလာ၊ လီဗန်တေး၊ ဂီတာဖေး တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ ၃ သင်းစလုံးက ကြားရက်တွေမှာ ခက်ခဲတဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားရဦးမှာ ဖြစ်တာကြောင့် လာလီဂါ အမှတ်ပေးဇယား ရပ်တည်မှု အပေါ် သက်ရောက်မှုလည်း ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ဒီ ၃ သင်းစလုံးက ဒီနှစ်မှာ ခြေစွမ်းတည်ငြိမ်မှု မရှိကြသေးတာကြောင့် လာလီဂါ ချန်ပီယံဆုကို ဘယ်အသင်း ကိုင်မြှောက်သွားနိုင်မလဲ ဆိုတာ ကတော့ ခန့်မှန်းဖို့ စောနေသေးတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်